အဆောက်အအုံတည်ဆောက်ပါက အရည်အသွေးအားလုံး တပြေးညီတည်ဆောက်နိုင်ရန်အတွက် BUILDING CODE အား ရေးဆွဲထားပြီး
By Buildersguide, Shweproperty.com
Updated at 18 January 2018
အဆောက်အအုံတည်ဆောက်ပါက အရည်အသွေးအားလုံး တပြေးညီတည်ဆောက်နိုင်ရန်အတွက် BUILDING CODE အား ရေးဆွဲထားပြီး
By Buildersguide, Shweproperty.com
Updated at 18 January 2018
မြန်မာနိုင်ငံအတွင်း မည်သည့်နေရာတွင် မဆို အဆောက်အအုံတည်ဆောက်ပါက အရည်အသွေးအားလုံး တပြေးညီတည်ဆောက်နိုင်ရန်အတွက် Building Code (အဆောက်အအုံဆိုင်ရာစည်းမျဉ်း)အား ရေးဆွဲထားပြီး ဖြစ်ကာ လွှတ်တော်သို့ တင်ပြထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ကျင်းပခဲ့သည့် International Confernce on Enhancement of Urban Disaster Resilience under the UNU Grant for Global Sustainability Projectအခမ်းအနားတွင်ပြောကြားခဲ့ကြောင်း သိရသည်။
နောက်တည်ဆောက်မည့်အဆောက်အအုံများအတွက် ယခု Building Code (အဆောက်အအုံဆိုင်ရာစည်းမျဉ်း)များကို အကြမ်းဆွဲထားပြီးဖြစ်သည်။အတည်ပြုရန်လုပ်နေပြီး ဖြစ်သည်။အဆောက်အအုံ Building Code အား တစ်ပြေးညီရလျှင် အထပ်နိမ့်ဖြစ်ဖြစ်၊အထပ်မြင့်ဖြစ်ဖြစ်၊မြို့ပေါ်တွင်ဖြစ်ဖြစ်၊ကျေးရွာဖြစ်ဖြစ်တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အရည်အသွေးတစ်ပြေးညီတည်ဆောက်၍ ရသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။