By 7daydaily, Shweproperty.com
Updated at 8 October 2015
ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၏ ခွင့် ပြုချက်ထက် တိုးချဲ့ဆောက်လုပ် နေသော အဆောက်အအုံများကို ထိန်းချုပ်ရန် ဆောက်လုပ်ခွင့် ဆိုင်းဘုတ်တွင် နည်းပညာဖြင့် စစ်ဆေးနိုင်သည့် အမှတ်တံဆိပ်ထည့် သွင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဆောက်လုပ်ရေး လုပ်ငန်း လုပ်နေသည့် အဆောက်အအုံ ရှေ့တွင် တပ်ဆင်ရမည့် ဆောက် လုပ်ခွင့်ဆိုင်းဘုတ်ကို အောက်တို ဘာ ၅ ရက်မှစ၍ စည်ပင်သာယာရေးကော်မတီ၏ အဆောက်အအုံဌာနက ထုတ်ပေးမည်ဟု သိရသည်။
‘‘ဆိုင်းဘုတ်မှာ ၁၄ ပေလို့ ရေးထားရင် ၁၄ပေပဲ ဆောက်ရမှာပေါ့။ အပိုဆောက်ပြီး ရောင်းတယ်ဆိုရင် ချက်ချင်းအရေးယူလို့လည်းရအောင် အမှတ်အသား ထည့် ထားတယ်။ အဆောက်အအုံဌာန က ဓာတ်ပုံရိုက်စစ်ဆေးတာနဲ့ ချက်ချင်းသိနိုင်မယ်’’ဟု အဆောက်အ အုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကန်ထရိုက်အချို့သည် အ ဆောက်အအုံဌာနက ခွင့်ပြုပေး ထားသည့် အကျယ်အဝန်းနှင့် အ မြင့်ထက်ပိုမိုဆောက်လုပ်နေကြ ၍ အဆောက်အအုံဆောက်လုပ် ခွင့်ဆိုင်းဘုတ်တွင် ဆော့ဖ်ဝဲဖြင့် စစ်ဆေးနိုင်သည့် အမှတ်တံဆိပ် ထည့်သွင်းရန် စီစဉ်ရခြင်း ဖြစ်သည်။
‘‘ဆိုင်းဘုတ်စစ်တဲ့အခါ လိုဂို (အမှတ်တံဆိပ်) ကို ဆော့ဖ်ဝဲ ထည့်ထားတဲ့ ဖုန်းထဲက ကင်မရာ နဲ့ ရိုက်ပြီး စစ်ဆေးနိုင်တယ်။ ဖုန်း မှာထည့်သွင်းအသုံးပြုနိုင်တယ်။ အဆောက်အအုံဌာနကပဲ သုံး တာ။ လိုဂိုကို ဒီအတိုင်းကြည့်ရင် ဘာမှမပေါ်ဘူး’’ ဟု အဆောက်အအုံဌာနမှ တာဝန်ရှိသူက ပြော သည်။အဆောက်အအုံဌာနက ခွင့်ပြုထားသည့် ခွင့်ပြုချက်ထက် ပိုမိုဆောက်လုပ်သည့် အဆောက်အအုံများကို ဒဏ်ကြေးဆောင်ခိုင်း ခြင်းနှင့် ဆောက်လုပ်ခွင့်ရပ်ဆိုင်း ခြင်းများ ဆောင်ရွက်နေသော် လည်း လက်ရှိအချိန်အထိ ခွင့်ပြု ချက်ထက် ပိုမိုဆောက်လုပ်ခြင်း များရှိနေသေးသည်ဟု ဆိုသည်။
၂၀၁၂ မှ ၂၀၁၅ စက်တင်ဘာအထိ ခွင့်ပြုချက်မဲ့ဆောက်လုပ်ခြင်းနှင့် ခွင့်ပြုချက်ထက် ပိုမိုဆောက်လုပ်ခြင်းများကြောင့် အရေးယူထားသည့် အဆောက်အအုံ ၂,၀၀၀ ရှိကြောင်း အဆောက်အအုံဌာန၏ အချက်အလက်များအရ သိရသည်။
အဆောက်အအုံ ဌာနက ယခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လတာကာလအတွင်း အဆောက်အအုံ ဆောက်လုပ်ခွင့် ပါမစ် ၃,၄၀၀ ကျော် ထုတ်ပေးပြီး ဖြစ်ကာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် တွင် အဆောက်အအုံဆောက် လုပ်ခွင့်ပါမစ် ၈,၀၀၀ ထုတ်ပေးခဲ့ သည်။
Ref : 7daydaily
Photo Credit : Niki
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ