By 7daydaily, Shweproperty.com
Updated at 22 August 2016
အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြန်လည်ဖြေလျှော့မှုအချို့ ပြုလုပ်ပေးကာ ဆက်လက်တည်ဆောက် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အထပ်အရေအတွက် လျှော့ချရန်၊ စီမံကိန်းဒီဇိုင်းပြင်ဆင်ရန် ညွှန်ကြားခံရသော အထပ်မြင့်စီမံကိန်း ၁၂လုံး၏ ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဆက်လက်တွေ့ ဆုံပြီးနောက် ဩဂုတ် ၂၀ရက်တွင်ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး၌ ဆုံးဖြတ်ချက်ချကာ ပြန်လည်ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ ဖြေလျှော့ပေးမှုကို ဩဂုတ် ၂၁ရက်ကစ၍ လုပ်ငန်းရှင်များထံအကြောင်းကြားရာ နှစ်ဦးထံသို့ စာပို့အသိပေးပြီးကျန်လုပ်ငန်းရှင်များ သို့ ဆက်လက်အကြောင်းကြားမည်ဟု သတင်းရရှိသည်။
ဆက်လက်တည်ဆောက်ခွင့်ရရှိသည့် ၁၂ လုံးသည် ကားရပ်နားရာဒီဇိုင်းအချို့ကို ညွှန်ကြားချက်အတိုင်း ပြန်လည်ပြင်ဆင်ရမည်ဖြစ်သော်လည်း အထပ်အရေအတွက်ကိုမူ လျှော့ချရန်မလိုတော့ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
‘‘ပြန်လည်ခွင့်ပြုပေးတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်။ သက်ရောက်မှုကတော့ တော်တော်လေးကြီးသွားတယ်။ သုံးလကျော်လောက် လုပ်ငန်းတွေ ရပ်လိုက်ရတယ်။ ကျွန်တော်တို့အလုံးတွေက အရင်အစိုးရရဲ့မူအတိုင်း ဆောက်နေရင်း အခုလိုဖြစ်ကုန်တာပါ။ အနာဂတ်မှာ ထပ်ထုတ်ပြန် မယ့် စည်းမျဉ်းစည်းကမ်း အသစ်တွေကိုလည်း စည်းကမ်း တကျ တည်ဆောက်လိုက်နာသွားဖို့ အဆင်သင့်ရှိပါတယ်’’ဟု အထပ် မြင့်အဆောက်အအုံ ၁၂ လုံးထဲမှ ဆောက်လုပ်ခွင့်ရလုပ်ငန်းရှင်တစ်ဦး က ပြောကြားသည်။
ပြန်လည်ခွင့်ပြုပေးသည့် ၁၂ လုံးတွင် ၁၂ ထပ်ခွဲမှ အထပ် ၃၀ ကျော်အထိ တည်ဆောက်ရန် စီမံကိန်းဒီဇိုင်းရေးဆွဲထားသည့် အ ဆောက်အအုံ များဖြစ်ပြီး အချို့စီမံ ကိန်းများမှာ ဆောက်လုပ်မှု ရာခိုင်နှုန်းထက်ဝက်ခန့် ပြီးစီးနေ ပြီဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့တော် အင်္ဂါ ရပ်နှင့်အညီ အဆောက်အအုံများ တည်ဆောက်မှု စိစစ်ရေးကော် မတီဖွဲ့စည်းပြီး ပါမစ်ကျပြီး အ ဆောက်အအုံများ၊ ပါမစ်မကျ သေးသည့် အထပ်မြင့်အဆောက် အအုံများစုပေါင်း၍ ၁၁၉ လုံးကို စုပေါင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
‘‘မကြာခဏ အပြောင်းအလဲ တွေ လုပ်နေတာတော့ မကောင်း ဘူး။ မူဝါဒတွေ၊ ဥပဒေတွေကို တိတိကျကျလုပ်ပေးနိုင်အောင် အမြန်လုပ်သင့်ပြီ။ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ အစိုးရက ဒီကိစ္စ မှာ သင်ခန်းစာယူသင့်တယ်။ နောင်လာမယ့် အဆောက်အအုံ တွေအပေါ်ကိုတော့ Zoning Plan ကို သေချာဆွဲပြီး အဆောက်အ အုံတွေကို ထိန်းသိမ်းကြပ်မတ်လို့ ရတယ်’’ဟု မြို့ပြစီမံကိန်းပညာ ရှင် ဦးမြင့်မိုရ်ဆွေက သုံးသပ်ပြော ကြားသည်။
ယခု အဆောက်အအုံ ၁၂ လုံးမှာ ပြီးခဲ့သည့် အစိုးရလက်ထက်ကတည်းကဆောက်ခွင့်ပါမစ်ကြီး ကျပြီးသော အဆောက်အအုံ ၆၄ လုံး တွင်ပါဝင်ပြီး ကျန် ၅၂ လုံးကိုအစောပိုင်းကတည်းက ခွင့်ပြုခဲ့ပြီးဖြစ်သည်။ ၁၂ လုံးကို စီမံကိန်းဒီဇိုင်းပြင်ဆင်၍ အထပ်အရေအတွက်လျှော့ချရန် ညွှန်ကြားခဲ့ပြီး ယခုပြန်ဖြေလျှော့ခဲ့ခြင်း ဖြစ်သည်။
တစ်ဆက်တည်းမှာပင် ယခင် အစိုးရလက်ထက်က မူအားဖြင့် ခွင့်ပြုချက်ရပြီး မြေပြင်လုပ် ငန်းများ စတင်နေသည့် အထပ် မြင့်အဆောက်အအုံ ၅၅ လုံးကျော်တွင်လည်း ၄၅ လုံးကို လုပ်ငန်းများ စတင်ရန် ပြန်လည်ခွင့်ပြုပေးပြီ ဖြစ်သည်။
ထို့အပြင် ဆောက်လုပ်ရန် မြေပြင်လုပ်ငန်းများပင် မစတင်ရသေးဘဲ ခွင့်ပြုချက်တင်ထားသည့် အဆောက်အအုံ ၁၃၀ ကိုလည်း ဆက်လက် စစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီပါက ခွင့်ပြုပေးမည်ဖြစ်သည်။
ထို့ကြောင့် မေလ ၂၀ ရက်မှ စ၍ သုံးလကျော်ရပ်နားထားရသောရန်ကုန်မြို့ရှိ အထပ်မြင့်အ ဆောက်အအုံစီမံကိန်းအများစုကို ပြန်လည် ခွင့်ပေးခြင်းဖြစ်သည်။
သို့သော် ထပ်မံ အသစ်တည်ဆောက်မည့် အဆောက်အ အုံများကို ခွင့်ပြုမိန့်တင်ပြခြင်း ရပ်ဆိုင်းထားကာ နောက်ပိုင်းတွင် ကျင့်သုံးမည့် အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ် မူအသစ်ဖြင့် စိစစ်ခွင့်ပြုမည် ဖြစ်သည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ