By Myanmar Builders Guide, Shweproperty.com
Updated at 28 September 2018
ရန်ကုန်မြို့တော်စည်ပင်နယ်နမိတ် ၃၃မြို့နယ်အတွင်း(အပြင်မြို့ပတ်လမ်းအတွင်း ခန့်မှန်းဧရိယာ ၈ဝဝ စတုရန်း ကီလိုမီတာ)အတွင်းရှိ အဆောက်အဦးများ၏ လက်ရှိအသုံးပြုမှု၊အမျိုးအစားနှင့် အထပ်တို့ကို ကွင်းဆင်း၍
အချက်အလက်ကောက်ခံခြင်း(Field Survey )ကို ၂၀၁၈ခုနှစ် စက်တင်ဘာလနောက်ဆုံးအပတ်မှ စတင်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အဆိုပါ ကွင်းဆင်းကောက်ခံခြင်းမှ ရရှိလာသောအချက်အလက်များကို အသုံးပြု၍ Zoning Regulation ကို သုံးသပ်နိုင်မည်ဖြစ်ပြီး မြို့ပြဖွံ့ဖြိုးမှုပတ်ဝန်းကျင်အခြေအနေ တိုးတက်ရန် Buliding Use Map ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
မြို့တော်နေပြည်သူများအနေဖြင့် မိမိတို့ မြို့တော်ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် JICA Study Team တို့ကို လုပ်ငန်းစဉ်ကို သိရှိနိုင်ရန်နှင့် စီမံကိန်းအောင်မြင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုကို ဝိုင်းဝန်းကူညီပံ့ပိုးပေးရန် အသိပေးနှိုးဆော်ထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ယင်းကွင်းဆင်းကောက်ခံခြင်းလုပ်ငန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့်ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး(JICA) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ