By MMTIMES, Shweproperty.com
Updated at 16 December 2013
လူအများကြိုက်နှစ်သက်မယ့်လှပတဲ့ အိမ်ခန်းတွေ တိုုက်ခန်းတွေကလည်း အခုုဆိုု လက်ညှိုးထိုုး မလွဲအောင်ပါပဲ။ ဒါပေမဲ့ အိမ်တစ်လုံုး တိုုက်ခန်းတစ်ခန်းကိုု ကြိုက်ပြီဆိုုရင် ပထမဦးဆုံုး ပိုုင်ဆိုုင်မှုကိုု တတ်ကျွမ်းနားလည်တဲ့ ဥပဒေ အကြံပေးရှေ့နေတွေနဲ့ ဆွေးနွေးတိုုင်ပင် သင့်ပါတယ်။
“အိမ်ခန်း၊ တိုုက်ခန်းကိစ္စနဲ့ တစ်ယောက်နဲ့ တစ်ယောက် စကားများပြီး ခြေလွန်လက်လွန် အထိဖြစ်ကြတဲ့သူတွေ တွေ့ဖူးတယ်။ ဒါကြောင့် ကျွန်တော်အကြံပေးချင်တာက အိမ်၊ ခြံမြေ မဝယ်ခင်မှာဦးစွာ ပထမဆုံုး ပိုုင်ဆိုုင်မှု အနေအထားကိုု မေးမြန်းစစ်ဆေးသင့်ပါတယ် ” လိုု့Estate Myanmar အိမ်ခြံမြေ အကျိုုုးဆောင် ကုုမ္ဗဏီမှ ဈေးကွက်မန်နေဂျာ ဦးအောင်ကျော်မိုုးက မြန်မာတိုုင်း(မ်) ကိုုပြောပါတယ်။
ဈေးနှုန်းကိုု စုံုစမ်းရမယ့်နေရာတွေ အများကြီးရှိတယ် ဆိုုပေမယ့် ခိုုင်မာပြီး နာမည်ရနေတဲ့ အကျိုးဆောင်တွေနဲ့ အိမ်ပိုုင်ရှင်တွေ တိုုက်ရိုုက်ဆက်သွယ်ပြီး စုံုစမ်းတာက ပိုုသေချာပါတယ်။ တစ်ဆင့်ခံ စုံုစမ်းမိရင်တော့ မလိုုလားအပ်တဲ့ ကြားပွဲခတွေ ထပ်တက်လာနိုုင်သေးတယ်။ “ ဝယ်သူတွေက အိမ်ခန်းတွေရဲ့ ဈေးနှုန်းတွေ တိုုက်ခန်းဈေးနှုန်းတွေကိုု လက်ရှိ လုုပ်ကိုုင်နေတဲ့ အိမ်ခြံမြေအကျိုးဆောင် ကုုမ္ဗဏီတွေဆီမှာအရင်ဆုံုး စုံုစမ်းသင့်ပါတယ်။ အဲ့လိုု စုံုစမ်းပြီးတဲ့ အချိန်မှာ ကိုုယ်ယုံုကြည်စိတ်ချရမယ့် အကျိုးဆောင်ကိုု ရွေးချယ်ပေါ့။ ကိုုယ်လိုုချင်တဲ့ နေရာနဲ့ အိမ်၊ ခြံမြေ၊ တိုုက်ခန်းအနေအထားတွေကိုု ယုံုကြည်ရတဲ့ ပြီးတော့ အမှန်တကယ် တတ်ကျွမ်းနားလည်တဲ့ အကျိုးဆောင်တွေနဲ့ ဆွေးနွေးစုံုစမ်းပြီးမှ ဥပဒေအကြံပေးရှေ့နေတွေနဲ့ တိုုင်ပင်ပြီး ပိုုင်ဆိုုင်မှု စာရွက်စာတမ်းတွေကိုု စစ်ဆေးသင့်တယ် ” လိုု့ ဦးအောင်ကျော်မိုုးက ဆိုုပါတယ်။
“ အိမ်၊ ခြံမြေ ဈေးနှုန်းတွေကိုု အကျိုးဆောင်ကုုမ္ဗဏီတွေဆီ တိုုက်ရိုုက်မေးမြန်းစုံုစမ်းလိုု့ရပါတယ်။ ဘာဖြစ်လိုု့လဲဆိုုတော့ ကုုမ္ဗဏီကိုု အလုုပ်လာအပ်တဲ့ သူတွေရှိတယ်။ အဲ့ဒီတော့ အိမ်၊ ခြံမြေ နဲ့ပတ်သတ်တဲ့ အချက်အလက် အပြည့်အစုံုရှိတယ်။ အိမ်၊ ခြံမြေ ဈေးနှုန်းတွေနဲ့အချက်အလက်တွေကိုု ပြည့်ပြည့်စုံုစုံု သိနိုုင်တာပေါ့ ” လိုု့ဦးစိုုင်းခွန်နောင် အိမ်ခြံမြေ အကျိုုုးဆောင် ကုုမ္ဗဏီမှ အထွေထွေမန်နေဂျာ ဦးရန်နောင်က ပြောပါတယ်။
အခုုနောက်ပိုုင်းမှာ အိမ်၊ ခြံမြေ ဈေးနှုန်းတွေကိုု အကျိုုးဆောင်ကုုမ္ဗဏီတွေမှာ သာမက အကျိုးဆောင်နဲ့ ရွှေတြိဂံလိုုမျိုး ဂျာနယ်တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုုင်ပါသေးတယ်။ တကယ်တော့ အိမ်၊ ခြံမြေ အကျိုးဆောင် ကဏ္ဍဟာ ရောင်းသူနဲ့ဝယ်သူအတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ် လည်းဖြစ်ပါတယ်။
“ အိမ်၊ ခြံမြေ၊ တိုုက်ခန်း ရောင်းဝယ်တဲ့ နေရာမှာ အကျိုးဆောင်ကဏ္ဍကသာ အကောင်းဆုံုး ပံ့ပိုုးမပေးနိုုင်ဘူး ဆိုုရင်တော့ အကျိုးဆောင်လုုပ်ငန်းတွေနဲ့ ပွဲစားတွေ ပျောက်သွားမှာပေါ့။ ဝယ်သူတွေအနေနဲ့လိုုအပ်တဲ့ အိမ်၊ ခြံမြေ၊ တိုုက်ခန်း အချက်အလက်ဆိုုတာ ကိုုယ်တိုုင်လိုုက်လံ ရှာဖွေဖိုု့ခက်ခဲတယ်လေ။ အရောင်းအဝယ် လုုပ်တဲ့အခါ တွေ့ကြုံရမယ့် အခက်အခဲနဲ့ ပြသာနာတွေကိုု အတွေ့အကြုံ ရှိတဲ့ အကျိုးဆောင်တွေနဲ့ တိုုင်ပင်ဆွေးနွေးဖိုု့လိုုတာပေါ့ ” လိုု့ ဦးအောင်ကျေုာ်မိုုးကပြောတယ်။
“ တရားဝင် လိုုင်စင်ယူထားပြီး နိုုင်ငံတော်ကိုု အခွန်ပေးဆောင်ပြီး ရပ်တည်တဲ့ ကုုမ္ဗဏီတွေက အကျိုးဆောင်ပေးတဲ့ နေရာမှာလည်း အမှားအယွင်းမရှိအောင် အကျိူးဆောင်ပေးမယ် ဆိုုတာ သံသယဖြစ်စရာ မလိုုပါဘူး။ အိမ်၊ ခြံမြေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကလည်း ပြည့်ပြည့်စုံုစုံု ရှိတယ်။ နောက်ပြီး အကျိုးဆောင်ခကိုုလည်း ပွဲညွှန့်စားတာမျိုးမဟုုတ်ဘဲ ကိုုယ်ကျသင့်သလောက်ပဲ ယူကြတာဆိုုတော့ ဝယ်သူတွေအတွက်တန်ပါတယ် ” လိုု့ဦးရန်အောင်ကပြောတယ်။
လက်ရှိမြန်မာနိုုင်ငံ အိမ်၊ ခြံမြေ ဝန်ဆောင်မှုအသင်းက သတ်မှတ်ထားတဲ့ အကျိုးဆောင်ခ နှုန်းထားများတွေကတော့ အိမ်၊ ခြံမြေ အရောင်းအဝယ် အတွက် တန်ဖိုုးကျပ်သိန်း ၁၀၀ အထိကိုု သုံုးရာခိုုင်နှုန်း၊ ကျပ်သိန်း၁၀၀ အထက်ဆိုု နှစ်ရာခိုုင်နှုုုုန်းဖြစ်ပြီး ရောင်းသူဘက်ကနေ အကျိုးဆောင်ခကိုု ကျခံပေးရမှာ ဖြစ်ပါတယ်။ ငှားရမ်းတဲ့ နေရာမှာတော့ နှစ်ချုပ်ဆိုုရင် အိမ်လစာရဲ့တစ်လစာနဲ့ စပေါ်နဲ့ဆိုု စပေါ်တန်ဖိုုးရဲ့သုံုးရာခိုုင်နှုန်းနဲ့ အိမ်လစာ တစ်လစာကိုု အိမ်ရှင်နဲ့အိမ်ငှားတိုု့က ကျခံပေးရမှာ ဖြစ်ပါတယ်။
“ ကျွန်တော်တိုု့အရောင်းအဝယ်ပွဲတွေမှာ ဆိုုရင် ရောင်းသူဘက်က ရောင်းတဲ့တန်ဖိုုးရဲ့နှစ်ရာခိုုင်နှုန်းကိုုယူတယ်။ အငှားပွဲတွေမှာတော့ နှစ်ဘက်စလုံုးကပေးရတယ်။ တစ်နှစ်ချုပ်ဆိုုရင် အိမ်ရှင်ဘက်ကရော အိမ်ငှားဘက်ကပါ တစ်လစာစီပေးရတယ်။ ခြောက်လဆိုုရင် နှစ်ဘက်စလုံုး စီက လဝက်စာပေးရတယ် ” လိုု့ဦးရန်အောင်က ဆိုုပါတယ်။ ဒီနှစ်ထဲမှာ နိုုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာတာမိုု့ နိုုင်ငံခြား ကုုမ္ဗဏီတွေ၊ နိုုင်ငံခြားသားတွေအတွက် အိမ်၊ ခြံမြေ အကျိုးဆောင်ပေးရတာလဲ များလာတယ် လိုု့ဦးအောင်ကျော်မိုုးက ပြောတယ်။
“၂၀၁၂ နှစ်နောက်ပိုုင်းမှာ နိုုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့နိုုင်ငံခြားသားတွေ ဝင်လာတာရယ်၊ အခုုကားပြခန်းတွေလည်း ဖွင့်လာတဲ့ အတွက်ကြောင့် အရင်နှစ်က ၁၀လုံုးငှားရတယ်ဆိုုရင် အခုုဆိုုရင် အလုံုး၃၀လောက် ငှားရတယ်။ ၂၀၁၂ နောက်ပိုုင်းမှာတော့ ၅၀ ရာခိုုင်နှုန်းလောက် အငှားတက်လာတယ်။ အရောင်းအဝယ် ဘက်မှာတော့ ၂၀၁၃ ခုုနှစ်ရဲ့ပထမနှစ်ဝက်မှာ အရောင်းအဝယ်များတယ်။ ဒုုတိယနှစ်ဝက်မှာတော့ အရောင်းအဝယ်ကျသွားတယ်” လိုု့ဦးရန်အောင်က ပြောတယ်။
Ref : MM TIMES
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ