By Wut Yee Htun (ShweProperty.com), Shweproperty.com
Updated at 8 March 2018
အိမ်ခြံမြေ အရောင်း၊ အဝယ်၊ အငှား ဝဘ်ဆိုဒ်နှင့် အိမ်ခြံမြေပြပွဲကျင်းပရေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ShweProperty.com ရဲ့ Biggest Home Loan Expo at Tatmadaw Hall အိမ်ရာအရောင်းပြပွဲကြီးကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ မြန်မာ့အိမ်ခြံမြေကဏ္ဍဟာ (၂၀၁၇) ခုနှစ်မှာ အစကောင်းခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ခဲ့ကြတာဟာလည်း ကွန်ဒိုမီနီယံဈေးကွက်နဲ့ တိုက်ခန်းဈေးကွက်တွေမှာ ဘဏ်ချေးငွေဆိုတဲ့ “ကြားဖြည့်”ကဏ္ဍတစ်ခု ပါဝင်လာတာကြောင့်လို့လည်း ဆိုနိုင်ပါတယ်။
Shwe Property အနေဖြင့် ပုံမှန်လစဉ်ဝင်ငွေရှိတဲ့သူတိုင်း အိမ်တစ်လုံးပိုင်ဆိုင်ဖို့ ရည်ရွယ်ပြီး ဘဏ်ချေးငွေနဲ့ အိမ်ရာဝယ်ယူနိုင်အောင် စီစဉ်ပေးခဲ့ရာကနေ ယခု (၂၀၁၈) ခုနှစ်ထဲမှာလည်း တန်ဖိုးမြင့်နဲ့ တန်ဖိုးသင့်အိမ်ရာတွေများစွာ စုစည်းပြီး ဘဏ်ချေးငွေနှင့်အိမ်ရာ ဝယ်ယူနိုင်ဖို့ ထပ်မံစီစဉ်ပေးခြင်းဖြစ်ပါတယ်။
Shwe Property က ရည်ရွယ်ထားတာကတော့ မတ်လ (၁၆) ရက်၊ (၁၇) ရက်နဲ့ (၁၈) ရက်နေ့၊ တပ်မတော်ခန်းမမှာ ကျင်းပမယ့် အိမ်ရာအရောင်းပြပွဲဟာ “Middle Class” လူလတ်တန်းစားတွေကို ရည်ရွယ်ထားပြီး ပထမဦးဆုံးအနေနဲ့ အိမ်ဝယ်လို၍ဖြစ်ဖြစ်၊ ထပ်မံရင်းနှီးမြှပ်နှံလို၍ ဖြစ်ဖြစ် ငွေကြေးတစ်လုံးတစ်ခဲတည်း ရင်းနှီးမြှုပ်နှံလိုက်စရာမလိုဘဲ ဘဏ်နဲ့ချိတ်ဆက်ပြီး အိမ်ဝယ်လို့ရအောင် စီစဉ်ပေး ထားတာဖြစ်ပါတယ်။
မြေညီထပ်အခန်းကို ဝယ်ယူမယ်ဆိုရင် သိန်း(၁၀၀)လျော့ဈေးပေးမယ့်အပြင် အပေါ်ထပ်ပိုင်းတွေကို ဝယ်ယူမယ် ဆိုရင်တော့ သိန်း(၃၀) အထူးလျော့ဈေးပေးပြီး ပြပွဲမှာ ပါဝင်ရောင်းချသွားမယ့် ကုမ္ပဏီကတော့ Royal Aung Myanmar Construction ပဲဖြစ်ပါတယ်။ ဈေးနှုန်းတွေအနေနဲ့ သိန်း(၂၀၀)မှ စပြီး သိန်း(၁၀၀၀)ကျော်အထိ အိမ်ခန်းအမျိုးအစားတွေ ပါဝင်ပါတယ်။
ဘဏ်ချေးငွေနဲ့ အိမ်ရာဝယ်ယူလိုမှုအတွက် Shwe Property ကို ဖုန်းဖြင့်ဆက်သွယ်စုံစမ်းမှုဟာ (၂၀၁၇) ခုနှစ် ဇူလိုင်လမှာ ဖုန်းခေါ်ဆိုမှုပေါင်း (၂၃၇)ခုသာရှိခဲ့ပြီး ဒီဇင်ဘာလမှာတော့ (၂၄၈၉)ခုထိ သိသိသာသာ တိုးတက်လာတယ်လို့ Shwe Property က သုတေသနတစ်ခု ပြုလုပ်ထားပါတယ်။ ဒီကိန်းဂဏန်းဟာ အိမ်တန်ဖိုး သိန်း(၅၀၀)အောက်ရှိတဲ့ တိုက်ခန်းအတွက်စုံစမ်းမှုပေါင်းဖြစ်ပြီး၊ သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိတဲ့ မီနီကွန်ဒိုတွေနဲ့ ကွန်ဒိုတွေအတွက်မှာလည်း စုံစမ်းမှုဟာ (၂၃)ကနေ (၁၀၁)ထိ မြင့်တက်လာခဲ့ပါတယ်။
“ဒီပွဲဟာ ဒီနှစ်မှာ အရေးပါတဲ့ သုံးရက်ကြာကျင်းပမယ့် အကြီးဆုံးအိမ်ရာအရောင်းပြပွဲကြီးတစ်ခုဖြစ်ပြီး အိမ်ခြံမြေ လုပ်ငန်းရှင်တွေဟာလည်း ဝယ်သူတွေအတွက် ငွေကြေးပိုင်းဆိုင်ရာ ကဏ္ဍတွေမှာ ဘဏ်တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ ဘဏ်ချေးငွေကိစ္စတွေမှာ ကြိုတင်ပြင်ဆင်ထားဖို့ ဘဏ်တွေနဲ့ ညှိနှိုင်းခဲ့ပြီး ဒီပွဲမှာပါဝင်ဖို့ ကြိုတင်အတည်ပြုခဲ့ပါတယ်။ Shwe Property အနေနဲ့ ပထမဆုံးအိမ်ဝယ်မယ့်သူတွေ၊ သူတို့ချစ်တဲ့ အိမ်ကလေးတစ်လုံးကို ယုံကြည်စိတ်ချစွာနဲ့ တတ်နိုင်တဲ့ ငွေကြေးနဲ့ဝယ်ယူနိုင်ဖို့ ကူညီပေးရတော့မှာမို့ စိတ်လှုပ်ရှားမိပါတယ်။ မြန်မာမှာ မထင်ရှားတဲ့ ဘဏ်ချေးငွေနဲ့အိမ်ဝယ်နိုင်မယ့် အရောင်းပြပွဲကြီးတစ်ခုကို ကျွန်တော်တို့ စတင်တော့မှာပါ” လို့ Shwe Property ရဲ့ မန်းနေးဂျင်းဒါရိုက်တာ Kevin Goos က ဆိုပါတယ်။
အိမ်ရာကဏ္ဍပိုင်းမှာ အကြီးမားဆုံးအချက်ကတော့ တန်ဖိုးသင့်တိုက်ခန်းတွေကို ငှားရမ်းတဲ့သဘောတစ်ခုဖြစ် ပါတယ်။ ဆိုလိုတာကတော့ ပထမဦးဆုံးအိမ်ဝယ်ယူမယ့်သူတွေအနေနဲ့ အိမ်ပိုင်ဆိုင်မှုကို ငှားရမ်းလိုက်တဲ့ သဘောပါပဲ။ သူတို့တွေကတော့ ကြင်စဦးဇနီးမောင်နှံတွေ၊ အသေးစားကိုယ်ပိုင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိသားစုဝင်တွေစုပေါင်းပြီး တစ်လကို ဝင်ငွေသိန်း(၂၀)ရှိတယ်ဆိုရင်တော့ ပထမဦးဆုံးပေးချေရမယ့် ကနဦးငွေ ကို စုပေါင်းပြီး ပေးချေလိုက်ရင် အိမ်တစ်လုံးပိုင်ဆိုင်နိုင်အောင် စီစဉ်ထားခြင်းကို ဆိုလိုတာပါ။ ကျန်တဲ့ ငွေတွေကိုတော့ (၁၀)နှစ်ကနေ (၁၅)နှစ်ထိ နှစ်ရှည်ဘဏ်ချေးငွေနဲ့ ပုံမှန်ဆပ်သွားရုံပါပဲ။
ပြပွဲရက်အတွင်းမှာ ပါဝင်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီက ပရိုမိုးရှင်းတွေများစွာ ပေးထားပါတယ်။ အားသာချက် အနေနဲ့ အပြင်မှာ ပုံမှန်ဝယ်နေကျဈေးနှုန်းအတိုင်းမဟုတ်ဘဲ ပြပွဲရက်အတွင်းမှာ လျော့ဈေးတွေနဲ့ ညှိနှိုင်းမှုတွေ ခံစားနိုင်တာပါပဲ။ “ARC Real Estate က တာဝန်ယူပြီး ရောင်းချပေးမယ့် River Walk City Condominium Project ကို (၂၀) ရာခိုင်နှုန်း အထူးလျော့ဈေး ရောင်းချပေးသွားပါမယ်” လို့ ARC Real Estate မှ Sales Associate ဖြစ်သူ Elvis က ပြောပါတယ်။
Shwe Property က ရည်ရွယ်ထားတာကတော့ မတ်လ (၁၆) ရက်၊ (၁၇) ရက်နဲ့ (၁၈) ရက်နေ့၊ တပ်မတော်ခန်းမမှာ ကျင်းပမယ့် အဆိုပါအိမ်ရာအရောင်းပြပွဲကလည်း “Middle Class” လူလတ်တန်းစားတွေကို ရည်ရွယ်ထားပြီး ပထမဦးဆုံးအနေနဲ့ အိမ်ဝယ်လို၍ဖြစ်ဖြစ်၊ ထပ်မံရင်းနှီးမြှပ်နှံလို၍ ဖြစ်ဖြစ် ငွေကြေးတစ်လုံးတစ်ခဲတည်း ရင်းနှီးမြှုပ်နှံလိုက်စရာမလိုဘဲ ဘဏ်နဲ့ချိတ်ဆက်ပြီး အိမ်ဝယ်လို့ရအောင် စီစဉ်ပေး ထားတာဖြစ်ပါတယ်။ ပြပွဲမှာ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း(၆၀)ကျော်ရဲ့ အိမ်ရာပရောဂျက်ပေါင်း (၅၀၀)ကျော် ပါဝင်ပြသသွားမှာပါ။
Kevin Goos ရှင်းပြချက်အရဆိုရင်တော့ ဈေးကွက်အများစုဟာ ဘဏ်ချေးငွေနဲ့ ချိတ်ဆက်မှု အားနည်းနေတာကြောင့် အိမ်ဝယ်ဖို့အတွက် လူတွေကို အခက်တွေ့စေတယ်ဆိုတာပါပဲ။ ဒါပေမယ့် (၂၀၁၈) မှာတော့ အိမ်ရာတိုးတက်မှုတွေနဲ့အတူ ထူးခြားပြီး တတ်နိုင်တဲ့ ငွေပေးချေမှုပုံစံနဲ့ ဝယ်သူတွေကို လွယ်ကူစေမယ်ဆိုတာ မြင်နေရပါပြီလို့ ပြောပါတယ်။
Shwe Property ရဲ့ တည်ထောင်သူနဲ့ ဒါရိုက်တာဖြစ်သူ ဦးကောင်းသူဝင်းကလည်း “ကျွန်တော်တို့ Shwe Property အနေနဲ့ အိမ်ခြံမြေပွဲတွေ ဆက်တိုက်ကျင်းပပေးနေတယ်။ သူတို့သိချင်တဲ့ မေးခွန်းတွေကို ဝယ်မယ့် Developer တွေနဲ့ တိုက်ရိုက်ညှိနှိုင်းစုံစမ်းနိုင်တယ်။ ငွေပေးချေမှုပုံစံကိုလည်း ညှိနှိုင်းလို့ရတယ်။ သူတို့မှန်းထား တဲ့ Budget နဲ့ ညှိနှိုင်းပြီး ဝယ်လို့ရတာပေါ့။ ဒါကတော့ အိမ်ခြံမြေပွဲမှာရနိုင်တဲ့ အနှစ်သာရဖြစ်တယ်” လို့ မှတ်ချက် ပေးပါတယ်။
ပြီးခဲ့တဲ့ မတ်လ(၃)ရက်နေ့နဲ့ (၄)ရက်နေ့မှာ Shwe Property က ကြီးမှူးပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြစည်းစိမ်ဟိုတယ်မှာ အိမ်ရာအရောင်းပြပွဲ ကြီးတစ်ခုကို အောင်မြင်စွာ ကျင်းပခဲ့ပါသေးတယ်။ နောက်ထပ်ကျင်းပမယ့် အိမ်ရာအရောင်းပြပွဲတွေမှာလည်း ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ လူတိုင်းအိမ်ပိုင်ဆိုင်နိုင်ဖို့ Shwe Property က ရည်ရွယ်ထားပါတယ်။
Written By :Wut Yee Htun (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ