By San Wadi Hnin, Shweproperty.com
Updated at 29 August 2022
အိမ်သစ်ကိုပြောင်းပြီးကာမှ ကျန်းမာရေးတွေချို့ယွင်းလာတယ်။ စီးပွားရေးတွေ ကျဆင်းလာတယ်ဆိုတာမျိုးဟာ ဖုန်းရွှေနည်းအရ ကြည့်မယ်ဆိုရင် ဒါဟာ အိမ်မှားဝယ်လိုက်မိတာပါပဲ။ ကိုယ်နှစ်ရှည်လများ နေထိုင်ရမယ့်အိမ်သစ်လေးတစ်လုံးကို ဝယ်ယူတော့မယ်ဆိုရင် ကံဆိုးမှုတွေ၊ မကောင်းတဲ့အနှောင့်အယှက်တွေ မဝင်လာစေဖို့ ဖုန်းရွှေနည်းကျမ်းအရ သတိထားသင့်တဲ့အချက်လေးတွေ၊ဆောင်ရန်၊ရှောင်ရန်လေးတွေရှိပါတယ်။ ဆောင်ရန်ရှောင်ရန် အချက်လေးတွေက ဘာတွေလဲဆိုတော့... (၁) စမ်းချောင်း၊မြစ်စတဲ့ ရေစီးဆင်းရာအရပ်နားမှာ ဝယ်ယူပါ ရေဟာ ဖုန်းရွှေအဆိုအရ ကံကောင်းမှုတွေကိုဆောင်ယူလာပေးတယ်လို့ သိရပါတယ်။ စီးဆင်းနေတဲ့ရေဟာ ချမ်းသာကြွယ်ဝမှုရဲ့ ပြယုဂ်တစ်ခုဖြစ်လို့ အိမ်ဝယ်တဲ့အခါ အနီးအနားမှာ ရေကန်၊စမ်းချောင်း၊မြစ်ချောင်းရှိတဲ့ အိမ်မျိုးကိုဝယ်ယူသင့်ပါတယ်။ (၂) သင်္ချိုင်း၊ မီးလောင်ပြင်စတဲ့အရပ်တွေကိုရှောင်ပါ အနီးအနားပတ်ဝန်းကျင်မှာ သင်္ချိုင်း၊ ၊မီးလောင်ပြင်စတဲ့နေရာတွေရှိရင် အဲ့ဒီလိုနေရာမျိုးမှာ အိမ်မဝယ်ပါနဲ့။ လာဘ်လာဘတွေပိတ်စေသလို အဲ့ဒီပတ်ဝန်းကျင်အနီးတစ်ဝိုက်မှာ နေထိုင်တဲ့လူတွေဟာ ပရလောကသားတွေရဲ့ အနှောင့်အယှက်တွေ၊မသိုးမသန့်ဖြစ်တဲ့စိတ်တွေ ခံစားကြုံတွေ့ရလေ့ရှိတယ်လို့သိရပါတယ်။ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ထိခိုက်မှုဖြစ်စေနိုင်တဲ့ပတ်ဝန်းကျင်မျိုးဖြစ်တယ်လို့ ဆိုထားပါတယ်။ (၃) T-Zone အရပ်ကိုရှောင်ပါ T ပုံစံဖြစ်နေတဲ့ ကားအသွားအလာများတဲ့ လမ်းအချိုးအကွေ့နေရာအနီးတစ်ဝိုက်မှာ အိမ်ဝယ်မယ်ဆိုရင် မကောင်းဘူးလို့ ဖုန်းရွှေအဆိုအရသိရပါတယ်။ မကောင်းတဲ့စွမ်းအင်တွေ အနီးတစ်ဝိုက်မှာစီးဆင်းနေပြီး အဲ့ဒီနေရာတစ်ဝိုက်မှာနေထိုင်တဲ့လူတွေကို ထိခိုက်နာကျင်မှုတွေ ဖြစ်စေတယ်လို့လည်း ဆိုထားပါတယ်။ မိသားစုဝင်အချင်းချင်းလည်း မသင့်မမြတ်ဖြစ်ပြီး မကောင်းတဲ့စွမ်းအင်တွေကြောင့် စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတယ်လို့သိရပါတယ်။ (၄) ပန်းပင်သစ်ပင်များစွာရှိတဲ့အရပ်ကို ရွေးပါ ဘေးပတ်ဝန်းကျင်မှာ သန့်ရှင်းသပ်ရပ်ပြီး သစ်ပင်ပန်းပင်တွေ စိမ်းစိမ်းလန်းလန်းနဲ့ လှပစွာရှင်သန်နေတယ်ဆိုရင် အဲ့ဒီအရပ်ဒေသဟာ ကံကောင်းခြင်းတွေစီးဆင်းနေပြီး အိမ်ပိုင်ရှင်အတွက် လာဘ်လာဘတွေ၊ ချမ်းသာကြွယ်ဝမှုတွေ ဆောင်ယူလာပေးတယ်လို့ ဖုန်းရွှေနည်းအရ သိရပါတယ်။ (၅) အိမ်ရဲ့ရာဇဝင်ကို လေ့လာပြီးမှဝယ်ပါ အိမ်သစ်တစ်လုံးဝယ်ယူတော့မယ်ဆိုရင် အဲ့ဒီအိမ်ဟာ အခုမှအသစ်ဆောက်ထားတာလား၊ ဒါမှမဟုတ် အရင်ပိုင်ရှင်တွေရှိခဲ့ဖူးပြီး မကောင်းတဲ့အဖြစ်အပျက်တွေကြုံခဲ့ရဖူးလား၊ ပြသာနာတွေမရှိပဲ ပျော်ပျော်ရွှင်ရွှင်နဲ့နေသွားခဲ့ကြတာလား စသဖြင့် လေ့လာစုံစမ်းကြည့်ပါ။မ ကောင်းတဲ့အကြောင်းအရာတွေများစွာ ဖြစ်ပျက်ခဲ့ဖူးတယ်ဆိုရင် အဲ့ဒီအိမ်ကြီးရဲ့ အငွေ့အသက်တွေကြောင့် ကိုယ့်ရဲ့ဘဝကိုလည်း တစ်နည်းတစ်ဖုံထိခိုက်လာနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်အိမ်ရဲ့ရာဇဝင်ကို စုံစမ်းမေးမြန်းကြည့်ဖို့လည်းမမေ့ပါနဲ့။ ဒီအချက်တွေကတော့ အိမ်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရော အိမ်သစ်တစ်လုံးဝယ်တော့မယ်ဆိုရင် ဗေဒင်ကိန်းခန်းအရ၊ ဖုန်းရွှေနည်းလမ်းအရ ဘယ်လိုအချက်တွေကို သတိထားဝယ်ယူကြလဲ ဖြေပေးခဲ့ပါဦးနော်။ နောက်တစ်ပတ်တွေမှာလည်း အိမ်တွင်းရေးသာယာဖို့နဲ့ အိမ်သားတွေကံကောင်းဖို့ ဖုန်းရွှေနည်းလမ်းကောင်းလေးတွေဖော်ပြသွားပေးဦးမှာမို့ စောင့်မျှော်ဖတ်ရှု့ပေးကြပါဦးနော်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အိမ်အရောင်းအဝယ်လုပ်တော့မယ်ဆိုရင် ဒါတွေသိထားဖို့ လိုမယ်နော် ဖုန်းရွှေနည်းအရ အိမ်မှာထားမိရင် ကံဆိုးစေတဲ့အရာများ ၁ ထပ်အိမ်ကို အထပ်မြှင့်ချင်တဲ့ အိမ်ရှင်များအတွက် သတိထားဖွယ် အချက် (၄) ချက် အိမ်၊မြေမှာ ငွေကြေးမြှုပ်နှံထားမယ်ဆိုရင် ရမယ့် အကျိုးကျေးဇူးများ Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ