By Aye Sandar, Shweproperty.com
Updated at 25 January 2021
ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ကိုယ်ပိုင်အိမ်ပိုင်ဆိုင်နိုင်မယ့် Home Loan ဆိုင်ရာများကို မျှဝေပေးရင်း ကိုယ်ပိုင်အိမ်အတွက် ချေးငွေ ဘယ်လိုလူတွေ အဓိကထား လျှောက်သင့်လည်း၊ ဘာတွေလိုအပ်မလဲဆိုတာပါ မျှဝေပေးသွားပါမယ်။ ပထမဦးဆုံးအနေနဲ့တော့ အိမ်ငှားနေရတဲ့သူတွေ ဝယ်ယူသင့်ပါတယ်။ အိမ်ငှားနေထိုင်သူများအတွက် ဘဏ်တိုးမရှိလည်း အိမ်ငှားခက လစဉ်ပေးနေရတာဖြစ်ပြီး၊ ရွှေ့ပြောင်းစရိတ် ပွဲစားစရိတ်လည်း ပေးရသေးတော့ Home Loan နဲ့ဆိုရင် ကိုယ်ပိုင်အိမ်အမြန်ဆုံးပိုင်ဆိုင်ရယူနိုင်ဖို့ မဟာအခွင့်အရေး တစ်ရပ်ပဲဖြစ်ပါသည်။ စုဆောင်းငွေ ပြည့်သွားတော့မှ အိမ်ဝယ်ယူဖို့ စိတ်ကူးထားတယ်ဆိုရင်တော့ အိမ်ခြံမြေဈေးကွက်သည် ရွှေဈေးထက်ပင် အတက်အကျ မြန်သည်ကို ထည့်သွင်းစဉ်းစားသင့်ပေသည်။ ကိုယ်မှန်းထားတဲ့ စုငွေပြည့်သွားခဲ့သော် မြေဈေး၊ အိမ်ဈေးထိုးတက်သွားသည်နှင့် ကြုံနိုင်တဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။ အိမ်ပိုင်ရှိသော်ငြား စီးပွားရေးလုပ်ငန်း အသစ်တိုးချဲ့လုပ်ကိုင်လိုသူ၊ ရင်းနှီးမြှုပ်နှံလိုသူများ အတွက်လည်း Home Loan နဲ့ အိမ်ခန်း၊ ကွန်ဒိုများအရစ်ကျဝယ်ယူပြီး အိမ်ငှားပြန်တင်ထားနိုင်ပါတယ်။ ရလာမယ့် အိမ်ငှားခနဲ့ မိမိငွေအနည်းငယ်စိုက်ပြီး တစ်လချင်းဘဏ်ကို သွင်းသွားမယ်ဆိုရင် ဘဏ်ကြွေးလည်းကျေ၊ အိမ်တစ်လုံးလည်း အပြီးပိုင်ဆိုင်နိုင်တာပေါ့။ ပုံမှန်ဝင်ငွေရှိရုံဖြင့် မိမိစိတ်ကြိုက်နှစ်သက်ရာ တိုက်ခန်းနှင့်အိမ်ရာတို့ကို အလွယ်တကူ ရွေးချယ်ဝယ်ယူ လျှောက်ထားနိုင်တော့ အဆင်ပြေတယ်လေ။ဆက်လက်ပြီး ဘယ်လိုလျှောက်ထားရမလဲဆိုတာပါ ဝေမျှပေးသွားပါမယ်။ အနည်းဆုံး အသက်၂၀ နှင့် ၅၀ နှစ်ကြားရှိ ပုံမှန်ဝင်ငွေရှိသူများ (မြန်မာနိုင်ငံသားများသာ) လျှောက်ထားနိုင်ပြီး လစာဝင်ငွေလုံလောက်မှု မရှိပါကလည်း မိသားစုဝင်တစ်ဦးနှင့်အတူ ပူးတွဲလျှောက်ထားနိုင်ပါသည်။ လျှောက်ထားရာတွင် - - မှတ်ပုံတင် မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ။ - ဝန်ထမ်းဖြစ်ပါက ဝင်ငွေအထောက်အထားဆိုင်ရာ စာရွက်စာတမ်းများ။ (HR Department ထောက်ခံစာ၊ လစာပြေစာ (၃)လစာ၊ (၆)လအတွင်း ဘဏ်စာရင်းရှင်းတမ်း။ - ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပါက ကုမ္ပဏီ၊ လုပ်ငန်းနှင့်ပတ်သက်တဲ့ မှတ်ပုံတင် စာရွက်စာတမ်းများ၊ အမြတ်ခွန်ပြေစာများ၊ အရှုံးအမြတ်စာရင်း၊ အဆောက်အဦးဆိုင်ရာ စာရွက်စာတမ်းများ လိုအပ်ပါမည်။ ပြီးသွားရင်တော့ သက်ဆိုင်ရာ ဘဏ်တွေ ရဲ့ Home Loan Center နှင့် နီးစပ်ရာဘဏ် တွေမှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး လိုအပ်တဲ့ စာရွက်စာတန်းများနှင့်တကွ ပူးတွဲလျှောက်ထားနိုင်ပါသည်။ ထို့အပြင် ထောက်ခံသူတစ်ယောက်လိုအပ်မည်ဖြစ်ပြီး ထောက်ခံသူရဲ့ နိုင်ငံသားမှတ်ပုံတင်၊ ဝင်ငွေအထောက်အထား (လစာဝင်ငွေဖြတ်ပိုင်း) စတာတွေ လိုအပ်ပါလိမ့်မည်။ ကနဦးသွင်းငွေ အနည်းဆုံး ၂၅ % ဒါမှမဟုတ် ၃၀% (ချေးငွေလျှောက်ထားမည့် ဘဏ်ပေါ်မူတည်) ကွာခြားမှုရှိနိုင်ပါမည်။ ဒီတော့ ငွေအလုံးလိုက်အရင်းလိုက် ပေးစရာမလိုဘဲ နှစ်ရှည်အရစ်ကျနဲ့ ကိုယ်ပိုင်အိမ်ကောင်းကောင်းတစ်လုံးကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အိမ်ရာနှင့် အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID BANK) ၌ အတိုးနှုန်း ၁၀ရာခိုင်နှုန်းထိ လျှော့ချပေးလျက်ရှိ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူတော့မယ်ဆိုရင် ဘာတွေ လိုအပ်လဲ အိမ်ဝယ်တဲ့အခါ အရစ်ကျစနစ်နဲ့ ဝယ်မှာလား ၊ လက်ငင်းငွေချေစနစ်နဲ့ ဝယ်မှာလား တိုက်ခန်းကို ဘဏ်နှင့်ဆက်သွယ်၍ အရစ်ကျဝယ်မည်ဆိုလျှင် Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ