By Myanmar Builders Guide, Shweproperty.com
Updated at 13 February 2019
လိူင်သာယာမြို့နယ်အတွင်း တည်ဆောက်ထားသော ကျန်စစ်မင်းအိမ်ရာ စီမံကိန်းအပိုင်း (၁)မှ တိုက်ခန်းများကို ဝယ်သူကိုယ်တိုင် မဲနှိုက်ခွင့်ရမည်ဖြစ်ကြောင်းကို မြို့ပြနှင့် ဖွံဖြိုးရေးဦးစီးဌာနထံမှ သိရှိရပါသည်။
အဆိုပါ ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း (၁)မှ အခန်းပေါင်း ၂၄၀ ကို ရောင်းချပေးမည်ဖြစ်ရာ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံဖြိုးရေးဘဏ်(CHID) တွင် ကျပ်သိန်း ၃၀ နှင့်အထက် စုဆောင်းထားသူများအနေနှင့် ဘဏ်ချေးငွေဖြင့် ဝယ်ယူလိုပါက ဖေဖော်ဝါရီ (၁၁) ရက်နေ့မှစတင်ကာ (၁၅) ရက်နေ့အတွင်း စာရင်းပေးသွင်းနိုင်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါသည်။
" အိမ်ရာဝယ်ယူဖို့ဆိုပြီး CHID ဘဏ်မှာ စုထားတာ သိန်း ၃၀ အထက်ရှိသူတွေကို ဘဏ်ရဲ့အိမ်ရာ စုဆောင်းငွေ စာရင်းအမှတ်စဉ်အလိုက် မဲနှုက်ရောင်းချမျဋ္ဌာပါ။ ဝယ်ယူခွင့်ရှိသူစာရင်းကို ၁၉.၂.၂၀၁၉ ရက်နေ့မှာ ကြေညာပေးမယ်" ဟု ၎င်းကပြောကြားထားပါသည်။
မဲနှိုက်ဝယ်ယူခွင့်ရသူများသည် ဖေဖော်ဝါရီ (၁၉)ရက်နေ့မှ (၂၁)ရက်နေ့အတွင်း မြို့ပြနှင့် ဖွံဖြိုးရေးဦးစီးဌာနသို့ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ဘဏ်စုဆောင်းငွေစာရင်းစာအုပ်မိတ္တူတို့နှင့်အတူ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း မြို့ပြနှင့် ဖွံဖြိုးရေးဦးစီးဌာနက အသိပေးထားပါသည်။
ဖေဖော်ဝါရီ (၂၂)ရက်နေ့တွင် ဘဏ်စုဆောင်းငွေစာရင်းအမှတ်စဉ်အတိုင်း အဆောက်အအုံတမျိုးချင်းအလိုက် မဲနှိုက်ရောင်းချပေးသွားမည်ဖြစ်ပြီး လျှောက်ထားသူကိုယ်တိုင်မလာနိုင်ပါက ဌာနတာဝန်ရှိသူများက မဲနှိုက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝယ်ယူသူအချင်းချင်း အခန်းလဲလှယ်လိုပါက ယင်းနေ့အတွင်း အပြီးလဲလှယ်နိုင်ကြောင်းလည်း ၎င်းဌာနထံမှ သိရှိရပါသည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID) ၌ အိမ်ရာဝယ်ယူရန် ငွေစုထားသူ ၂၅,၀၀၀ ခန့်ရှိပြီဖြစ်၍ ကျပ် ၂၂ ဘီလီယံကျော် စုဆောင်းထားကြောင်း ယင်းဘဏ်ထံမှ သိရှိရပါသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ