By အိမ် ၊ခြံ ၊မြေ ဂျာနယ်, Shweproperty.com
Updated at 3 September 2018
ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော်မည့် အိမ်ရာဝယ်ယူမည့်သူများ အိမ်ရာအာမခံထားရှိဖို့ လိုအပ်မယ်လို့ မြန်မာ့အာမခံလုပ်ငန်းထံက သိရပါတယ်။
အိမ်ရာတစ်သန်းစီမံကိန်းအတွက် လိုအပ်တဲ့အာမခံကိစ္စရပ်များဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက SHIN YE HTUT GROUP (HRSE, IRMC, DIT, SYH) နဲ့ မြန်မာ့အာမခံလုပ်ငန်းတို့ကြား နားလည်မှုစာချွန်လွှာလက် မှတ်ရေးထိုးခြင်းဖြစ်ပါတယ်။
ယင်းအိမ်ရာဝယ်ယူဖို့ ဂျပန် DI Tokyo ကုမ္ပဏီက CHDB ဘဏ်ကတစ်ဆင့် အိမ်ရာဝယ်ယူမည့်သူတွေကို ချေးငွေထုတ်ချေးပေးသွားမှာဖြစ်ပြီး ယင်းအိမ်ရာချေးငွေရယူသူတွေကို မြန်မာ့အာမခံလုပ်ငန်းက ပြန်လည်အာမခံပေးရမှာလည်းဖြစ်ပါတယ်။
လာမည့် ၂၀၃၀ အတွက် ရည်မှန်းအကောင်အထည်ဖော်နေတဲ့ အိမ်ရာတစ်သန်းကို အများပြည်သူအား အရစ်ကျစနစ်ဖြင့် ထုတ်ရောင်းမှာဖြစ်ပြီး ထိုကဲ့သို့ထုတ်ရောင်းရာမှာ အိမ်ထောင်ဦးကျန်းမာရေးချို့ယွင်းမှုနဲ့ အခြားသောအကြောင်းအရာတွေကြောင့် အိမ်ရာငွေကြေးဆက်လက်ပေးသွင်းဖို့ကိစ္စရပ်တွေကို မြန်မာ့အာမခံက ကြား ခံဝန်ဆောင်းပေးခြင်းလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံနှင့် ဂျပန်၊ဂျာမနီ၊မလေးရှားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုရလဒ်အဖြစ် အိမ်ရာတစ်သန်းစီမံ ကိန်းအတွက် လိုအပ်တဲ့အာမခံဆိုင်ရာကိစ္စရပ်များဆောင်ရွက်ဖို့ နာလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရခြင်း ဖြစ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဒေါက်တာစန္ဒာဦးက ပြောဆိုခဲ့တာပါ။
Ref : အိမ် ၊ခြံ ၊မြေ ဂျာနယ်
Photo Credit : Mmmbiztoday
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ