By Myanmar Builders Guide, Shweproperty.com
Updated at 27 August 2018
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ပြည်သူ့အိမ်ရာစီမံကိန်းများရောင်းချရေးကြီးကြပ်မှုကော်မတီမှ ရောင်းချပေးခဲ့သည့် ပထမအသုတ်ပြည်သူ့အိမ်ရာဝယ်ယူခွင့်ရရှိသူ ၇၂၂ ဦးအနက် ၅ဝဝ ကျော်သာလာရောက်ဝယ်ယူကြပြီး ၂ဝဝ နီးပါးမှာ နောက်ဆုံးသတ်မှတ်ရက်အထိလာရောက်ဆက်သွယ်မှုမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ပြည်သူ့အိမ်ရာဝယ်ယူခွင့်ရရှိသူများ၏ အမည်စာရင်းများကို ရန်ကုန်တိုင်းဒေသကြီး၊ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးတို့တွင် အသိပေးကြေညာထားကြောင်းသိရသည်။
ဝယ်ယူခွင့်ရရှိသူများအနေဖြင့် တိုက်ခန်းတန်ဖိုးငွေ ပေးသွင်းနိုင်ရေးနှင့် အချက်အလက်များစိစစ်ဆောင်ရွက်ရန် ၂ဝ၁၈ ခုနှစ် သြဂုတ် ၆ရက်မှ ၂၁ ရက်အထိ ရုံးချိန်အတွင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးဒုတိယထပ်ခန်းမသို့ မှတ်ပုံတင်မူရင်း၊အထောက်အထားစာရွက်စာတမ်းမူရင်းများနှင့် အတူလူကိုယ်တိုင်လာရောက်ဆက်သွယ်ရန် အသိပေးကြေညာထားသည်။
ထို့ပြင်ဘဏ်ချေးငွေဖြင့်လျှောက်ထားဝယ်ယူလိုသူများအား ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၆ရက်မှ ၁၅ရက်အထိ လာရောက်ဆက်သွယ်ရန် အသိပေးပြီး ဆက်သွယ်ခြင်းမရှိပါက အိမ်ရာဝယ်ယူရန် စိတ်ဝင်စားမှုမရှိဟု ယူဆ၍ တိုက်ခန်းဝယ်ယူခွင့်စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း အိမ်ရာစီမံကိန်းများရောင်းချရေးကြီးကြပ်မှုကော်မတီမှ အသိပေးကြေညာထားသည်။
ယခုနောက်ဆုံးရက်အထိလာရောက်ဝယ်ယူမှုမရှိသောပြည်သူများက ကိုယ်လိုချင်သော မြေညီထပ်၊မဲပေါက်တော့ အပေါ်ဆုံးထပ်၊ နောက်တမျိုးက ငွေတတ်နိုင်တာက အပေါ်ဆုံးထပ်မဲပေါက်တော့ မြေညီထပ်၊လိုချင်တာ ဒဂုံဆိပ်ကမ်းမဲပေါက်တာက လှိုင်သာယာဆိုတော့ မဝယ်ကြတာဖြစ်ပါတယ်။ထို့ကြောင့် မဝယ်ပဲကျန်ခဲ့သောသူများကို ပြည်သူ့အိမ်ရာရောင်းချရေးကော်မတီက အစည်းအဝေးတရပ်ခေါ်ပြီး ဒီအခန်းတွေကို ပြန်တင်မလားဆိုတာ တွေ့ဆုံညှိနှိုင်းသွားမည် ဟု သိရသည်။
ပြည်သူ့အိမ်ရာများရောင်းချပေးခဲ့သည့်နေရာများမှာ သင်္ဃန်းကျွန်း၊တောင်ဒဂုံ၊ဒဂုံဆိပ်ကမ်း၊မြောက်ဥက္ကလာ၊ရွှေပြည်သာ၊လှိုင်သာယာမြို့နယ်တို့ဖြစ်ပြီး ပထမအသုတ်ဝယ်ယူခွင့်ရရှိသူစာရင်းများကို ၂ဝ၁၈ ခုနှစ် ဇူလိုင် ၂၅ရက်နေ့တွင်ကြေညာခဲ့ကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ