By Sint Sint, Shweproperty.com
Updated at 24 September 2021
အိမ်တစ်လုံး ဝယ်ယူတော့မယ်ဆိုပါက အိမ်ရဲ့ဖုန်းရွှေကို ကြည့်ရှုဖို့ သင့်အတွက်အလွန် အရေးကြီးပါတယ်။အိမ်တစ်အိမ်ရဲ့တည်နေရာ၊ဒီဇိုင်းနဲ့ အဆင်အပြင်တွေဟာ အဲသည်အိမ်မှာ နေထိုင်သူတွေရဲ့ ကျန်းမာခြင်း၊ပျော်ရွှင်ခြင်း၊ချမ်းသာခြင်း၊ ကံကောင်းခြင်းနဲ့ အလုံးစုံသော ကောင်းကျိုးချမ်းသာတွေအပေါ် သိသိသာသာသက်ရောက်နိုင်ပါတယ်။ အိမ်ရဲ့ပတ်ဝန်းကျင်ကို သတိပြုပါ အိမ်ရှိရာ ဝန်းကျင်ကို သေချာကြည့်ရှုပါ။သပ်ရပ်စနစ်ကျနေပါသလား ဒါမှမဟုတ်အဲဒါနဲ့ ဆန့် ကျင်ဘက်ဖြစ်လို့ နေပါသလား။မသပ်မရပ် ဖြစ်နေတယ်ဆိုရင်တော့ အဲသည်အိမ်မှာ နေထိုင်ခြင်း ကြောင့် သင့်မှာစိတ်မသတီမှုဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရုံတင်မကဘဲ ရှုပ်ထွေးမှုကြောင့်ဖြစ်ပေါ် တဲ့ မကောင်းတဲ့ ချီစွမ်းအင်ဓာတ်တွေကပါ သင့်ကံကြမ္မာအပေါ် သက်ရောက်မှုရှိမှာပဲ ဖြစ်ပါတယ်။ ကံကောင်းစေသောနေရပ်လိပ်စာကို ရှာဖွေပါ ဂဏန်းတွေဟာ ကမ္ဘာတစ်ဝန်း ယဉ်ကျေးမှု အများအပြားမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ကဏန်းတစ်ခုချင်းဆီမှာ သူတို့ရဲ့ သင်္ကေတပုံပန်းသဏ္ဏန်နဲ့ အသံထွက်တွေကနေ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်း ရှိပါတယ်။ အနောက်နိုုင်ငံတွေမှာတော့ အများစုကနံပါတ် ၆ ဂဏန်း နဲ့ ၈ ဂဏန်းပါတဲ့ အိမ်တွေကို အဝယ်များပါတယ်။ အဲသည်ဂဏန်းတွေက ရေရှည်မှာ အိမ်ဈေးကို ကောင်းစေတယ်လို့ အယူရှိကြလို့ပဲ ဖြစ်ပါတယ်။ အိမ်ရဲ့ နောက်ခံကိုကြည့်ပါ အနောက်ဘက်မှာ တောင်ကုန်း၊ တောင်တန်းတွေရှိတဲ့ အိမ်ဟာ ကျောထောက်နောက်ခံ ရှိတယ်ဆိုတဲ့ အဓိပ္ဗာယ်ရတာမို့ အဲသည်လို အိမ်မျိုးဟာ အကောင်းဆုံးပါပဲ။ တောင်တွေက အိမ်နဲ့ အရမ်းကပ်မနေဖို့တော့ လိုတာပေါ့။ ဒါမှသာလျှင် အန္တရာယ်လည်း ကင်းသလို အာရုံခံစားမှုပိုင်း ဆိုင်ရာ မှာလည်း မပိတ်ဆို့ဘဲ လွတ်လွတ်လပ်လပ်ရှိစေပါတယ်။အရှေ့ဘက်မှာတောင်ကုန်း၊တောင်တန်း တွေ ရှိတယ်ဆိုလည်းအဆင်ပြေပါတယ်။ တောင်ကအရမ်းထီးထီးမားမား ဖြစ်နေတယ်ဆိုရင် တောင်ထိပ်နဲ့ တောင်ခြေမှာ အိမ်တည်ရှိတာမျိုးက သိပ်မကောင်းပါဘူး။ တည်နေရာ လမ်းဦးတိုက်အိမ်၊လမ်းအကွေ့အချိုးမှာ တည်ရှိတဲ့အိမ်၊သူများအိမ်နောက်ဖေးကို မျက်နှာမူ တည်ဆောက်ထားတဲ့အိမ်၊ လမ်းမြေ မျက်နှာပြင်အောက် နိမ့်ဆင်းနေတဲ့ မြေမှာတည်ဆောက်ထားတဲ့ အိမ်တွေကို ရှောင်ကြဉ်ပါ။ ဥပမာ လမ်းဦးတိုက်အိမ်ဆိုရင်မော်တော်ယာဉ်တွေ လမ်းပေါ်ဖြတ်သွားတဲ့အခါ မော်တော်ယာဉ် ရှေ့မီးတွေက ကိုယ့်အိမ်ထဲ ဝင်ရောက်မှာပဲ ဖြစ်ပါတယ်။အဲသည် မီးတွေက မကောင်းတဲ့ချီစွမ်းအင်တွေကို အိမ်ထဲလျင်မြန်စွာ ဖိတ်ခေါ်မှာမို့လို့ပဲ ဖြစ်ပါတယ်။ဒါ့အပြင် အနောက်ဘက်မှာ ချောင်းတက်၊ချောင်းစွယ်ရှိတဲ့ အိမ်မျိုးကိုလည်း ရှောင်ကြဉ်ပါ၊အဲသည်လို အိမ်မျိုးကလည်းနေထိုင်သူတွေကိုနောက် ကျောမလုံစေသလို ခံစားရစေနိုင်တယ်လို့ သိရပါတယ်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ သင့်အိမ်ထဲမှာ အညံ့တွေ ကင်းစင်ချင်ရင် လုံးဝ မထားသင့်တဲ့ ပစ္စည်း (၅) မျိုး ကြွယ်ဝချမ်းသာခြင်းတွေ ယူဆောင်လာပေးနိုင်တဲ့ အိမ်တွင်း အလှစိုက်အပင်ငယ်များ အိမ်ထဲမှာ ထားရင် ကံဆိုးစေတယ်လို့ အယူရှိတဲ့အရာတွေ အိမ်ခြံမြေ ဝယ်မယ်ဆိုရင် မဖြစ်မနေ ဂရုစိုက်သင့်တဲ့အချက်များ Credit By: Kumudra Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ