အရောင်းအဝယ် ပျက်သဖြင့် ပေးသွင်းထားသောငွေကို ပြန်လည်ပေးအပ်ရေးနှင့် စပ်လျဥ်း၍ ပဋိညာဥ်အက်ဥပဒေတွင် ပြဌာန်းထားခြင်းမရှိပါ။ ဤပြသနာကို ဆုံးဖြတ်ရာ၌ ပေးသွင်းငွေသည် ရောင်းငွေအတွက် တစ်စိတ်တစ်ဒေသအားဖြင့် ပေးသွင်းခဲ့လျှင် ရောင်းသူသော်လည်းကောင်း၊ဝယ်သူသော်လည်းကောင်း ပဋိညာဥ်အတိုင်း ဆောင်ရွက်ရန် ပျက်ကွက်ပါက ထိုငွေကို ပြန်လည်ပေးအပ်ရပေမည်။ အကယ်၍ ဝယ်သူ၏ ပျက်ကွက်မှုကြောင့် အရောင်းအဝယ် အထမမြောက်လျှင် ရောင်းသူက လျော်ကြေးရရှိရန် တရားစွဲဆိုနိုင်ပါသည်။ 

သို့သော် ထိုပေးသွင်းငွေမှာ အာမခံသဘောအဖြစ်ပေးသွင်းလျှင် ဝယ်သူပျက်ကွက်ပါက ၎င်းသည် ထိုငွေကိုပြန်လည်ရရှိနိုင်မည်မဟုတ်ပေ။(ဘာဘူကနီရာလား(လ်)ဒနုကာ နှင့် မက်ဆား(စ်)ရွှေပြည်စိုး ဖလင် ကုမ္ပဏီ၊၁၉၆၄ မတစ ၁၉၅)တွင် ထုံးဖွဲ့ထားပါသည်။ စရန်ငွေဆိုသည်မှာ အာမခံသဘောအဖြစ် ပေးသွင်းငွေသာဖြစ်၍ ပစ္စည်းဝယ်ရန်သဘောတူသူသည် မိမိအနေဖြင့် ပျက်ကွက်မှု ရှိခဲ့ပါက ရောင်းသူထံမှ ပြန်လည်တောင်းဆိုခြင်းမပြုနိုင်ဟု (စီတီဝမ်းနှင့် ဦးသွင်၊၁၉၆၈ မတစ ၁၂၁)တွင် ထုံးဖွဲ့ထားပါသည်။



ထို့ကြောင့် ပေးသွင်းငွေသည် ရောင်းငွေအတွက် တစ်စိတ်တစ်ဒေသအားဖြင့် ပေးသွင်းခဲ့ခြင်းလား? အာမခံသဘောအဖြစ် ပေးသွင်းခဲ့ခြင်းလား?။ ပေးသွင်းငွေသည်ရောင်းငွေအတွက်တစ်စိတ်တစ်ဒေသအားဖြင့် ပေးသွင်းခဲ့ခြင်းဖြစ်လျှင် ဝယ်သူဘက်မှ ပဋိညာဥ်အတိုင်း ဆောင်ရွက်ရန်  ပျက်ကွက်သည့်တိုင်အောင် ထိုပေးသွင်းငွေအား ပြန်လည်ရယူနိုင်ပါသည်ဟု အကြံပြု ဆွေးနွေးပေးလိုပါတယ်ရှင်။ 

ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယား အမှတ်စဥ်  ၉၇ တွင် အဖိုးစားနားအတွက် ငွေထုတ်ပေးရာ ထိုအဖိုးစားနားပျက်ကွက်သဖြင့် ထုတ်ပေးရင်းငွေ ပြန်ရလိုမှုတွင် အဖိုးစားနားပျက်ယွင်းသည့်နေ့ရက်က စ၍ ၃နှစ်အတွင်း တရားစွဲဆိုရမည်ဟု ပြန်းထားသည့်အတွက် တရားစွဲဆိုမည်ဆိုလျှင် ၃နှစ်အတွင်း တရားစွဲရပါမည်ဟု ထပ်မံ အကြံပြု ဆွေးနွေးပေးလိုပါတယ်။

ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ဂရန်မြေကို အရပ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာသလား

မြေခွန်ပြေစာ ဆိုသည်မှာ

မိဘက သားသမီးတစ်ဦးဦးကို ကြိုတင်အမွေခွဲဝေပြီး ကျန်သည့် အိမ် မြေကို ရောင်းမည်ဆိုလျှင်

မြေအရောင်းအဝယ်စာချုပ် တစ်ခုကို စနစ်တကျ ဘယ်လိုချုပ်ဆိုကြမလဲ

Credit By: အိမ်ခြံမြေတိုက်ခန်းနှင့် သက်ဆိုင်သောဥပဒေသုတအဖြာဖြာ
Posted By : Ra Wai (ShweProperty.com)