By Plus Myanmar, Shweproperty.com
Updated at 27 June 2018
မြန်မာကျပ်ငွေ ၁၉ သိန်း ၆ သောင်းရှိရုံနဲ့ ကိုယ်ပိုင် နေအိမ်တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ဖို့ အခွင့်အရေးတစ်ခုကို ဆောက်လုပ်ရေးဝန်ကြီးဌါန မြို့ပြနဲ့အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌါနက အကောင်အထည်ဖော် ရောင်းချနေပြီဖြစ်ပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်း အင်းဝအိမ်ရာ၊ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇန တန်ဖိုးနည်းအိမ်ရာ အပိုင်း ၁၊၂ ၊ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်အိမ်ရာ၊ဒဂုံမြို့သစ်တောင်ပိုင်း ပုလဲမွန်အိမ်ရာ၊ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းအိမ်ရာများမှ အခန်းများကို ရောင်းချပေးနေပြီဖြစ်သည်။
လျှပ်စစ်မီး၊ ရေ အားလုံးပြည့်စုံပြီးဖြစ်တဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ယာတိုက်ခန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌါန မြို့ပြနဲ့အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌါန အစီအစဉ်ဖြင့် ရောင်းချပေးလျှက်ရှိရာ အနိမ့်ဆုံး တိုက်ခန်းဈေးနှုန်း (ကနောင်အိမ်ယာ) ၉၈ သိန်းကို ၂၀% နှုန်း (၁,၉၆၀,၀၀၀ ကျပ်) ပေးသွင်းပြီး ကျန်ငွေကို ၁၅ နှစ်အရစ်ကျနဲ့ ပေးချေနိုင်ပြီဖြစ်သည်။
အင်းဝအိမ်ရာ
နှစ်ခန်းတွဲလေးထပ် ၁၁၇၅ စတုရန်းပေ ဈေးနှုန်းတွေက မြေညီထပ်ကို ကျပ် သိန်း ၄၈၀၊ ပထမထပ် သိန်း ၃၈၀၊ ဒုတိယ ထပ် ၃၃၅ သိန်း၊ တတိယထပ် ၂၈၅ သိန်း ဖြစ်ပါတယ်။
လေးခန်းတွဲ ငါးထပ် ၇၄၀ စတုရန်းပေ အခန်းတွေက မြေညီထပ် ကျပ် ၃၂၅ သိန်း၊ ပထမထပ် ၂၅၅ သိန်း၊ ဒုတိယထပ် ၂၂၅ သိန်း၊ တတိယထပ် ၁၉၅ သိန်း၊ စတုတ္ထထပ် ၁၆၅ သိန်းတို့ ဖြစ်ပါတယ်။
လေးခန်းတွဲ သုံးထပ် ၁ဝဝဝ၊ ၉၆၀ စတုရန်းပေ အခန်းဈေးက မြေညီထပ်ကို ကျပ်သိန်း ၆၄၀၊ ပထမထပ် ၃၄၅ သိန်း၊ ဒုတိယထပ် သိန်း၂၈၀ ဖြစ်ပါတယ်။ လေးခန်းတွဲငါးထပ် ၉ဝဝ စတုရန်းပေ အခန်းတွေက မြေညီထပ်ကို ကျပ်သိန်း ၄ဝဝ၊ ပထမထပ် သိန်း ၃၁၀၊ ဒုတိယထပ် ၂၇၅ သိန်း၊ တတိယထပ် ၂၃၅ သိန်း၊ စတုတ္ထထပ် သိန်း ၂ဝဝ ဖြစ်ပါတယ်။
ယုဇနတန်ဖိုးနည်းအိမ်ရာ
ယုဇနအပိုင်း (၁) အခန်းတွေက ၄၈၄ စတုရန်းပေနဲ့ ၅၂၂ စတုရန်းပေ အကျယ် တွေ ဖြစ်ပါတယ်။ ဈေးနှုန်းတွေက ၄၈၄ စတုရန်းပေ မြေညီထပ်ကို ကျပ် ၁၂၅ သိန်း၊ ပထမထပ်မှာ ၅၂၂ စတုရန်းပေ က ကျပ် ၁၂၅ သိန်း၊ ၄၈၄ စတုရန်းပေက ကျပ် ၁၁၅ သိန်း၊ ဒုတိယထပ်မှာဆိုရင် ၅၂၂ စတုရန်း ပေကို ၁၁၇ သိန်း၊ ၄၈၄ စတုရန်းပေကို သိန်း ၁ဝဝ ဖြစ်ပါတယ်။
ကနောင်အိမ်ရာ
ခြောက်ခန်းတွဲ လေးထပ်တိုက်နဲ့ ရှစ်ခန်းတွဲ လေးထပ်တိုက်တွေဖြစ်ပြီး တိုက် အမှတ် ၁၊ ၂၊ ၄၊ ၅ ၊ ၉ ရှစ်ခန်းတွဲ လေးထပ်တိုက်မှာ လျှပ်စစ်မီး၊ ရေရရှိပြီး ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၂၈၊ ၃၀၊ ၃၁၊ ၃၂ ခြောက်ခန်းတွဲ လေးထပ်တိုက်မှာလည်း ရေမီးရရှိပြီး ဖြစ်ပါတယ်။
ခြောက်ခန်းတွဲ လေးထပ်တိုက်ရဲ့ အခန်းတန်ဖိုးတွေက မြေညီထပ်ကို ကျပ်သိန်း ၁၂၀ ၊ ပထမထပ် ၁၁၂ သိန်း၊ ဒုတိယထပ် ၁၀၆ သိန်း၊ တတိယထပ် ၉၈ သိန်း ဖြစ်ပါတယ်။
ရှစ်ခန်းတွဲ လေးထပ်တိုက် မြေညီထပ်က ၄၈၄ စတုရန်းပေ၊ ပထမ၊ ဒုတိယ၊ တတိ ယထပ်က ၅၂၂ စတု ရန်းပေ ကျယ်ဝန်းပါတယ်။ အခန်းဈေးနှုန်းတွေက မြေညီထပ်ကို ကျပ် ၁၂၅ သိန်း၊ ပထမထပ် ၁၂၅ သိန်း၊ ဒုတိယ ထပ် ၁၂၁ သိန်း၊ တတိယထပ် ၁၁၇ သိန်း ဖြစ်ပါတယ်။
ပုလဲမွန်အိမ်ရာ
နှစ်ခန်းတွဲလေးထပ် ၁၁၇၅ စတု ရန်းပေ အခန်းဈေးနှုန်းတွေက မြေညီထပ်ကို ကျပ် ၄၆၉ သိန်း၊ ပထမထပ် ၃၉၃ သိန်း၊ ဒုတိယထပ် ၃၇၄ သိန်း၊ တတိယထပ် ၃၃၄ သိန်း ဖြစ်ပါတယ်။
လေးခန်းတွဲ လေးထပ် ၁၁၅၀ စတု ရန်းပေ အခန်းဈေးတွေက မြေညီထပ်ကို ကျပ် ၄၅၇ သိန်း၊ ပထမထပ် ၃၈၄ သိန်း၊ ဒုတိယထပ် ၃၆၆ သိန်း၊ တတိယထပ် ၃၂၇ သိန်း ဖြစ်ပါတယ်။
လေးခန်းတွဲ လေးထပ်အခန်းဈေးတွေက မြေညီထပ်ကို ကျပ်သိန်း ၃ဝဝ ကျော်၊ ပထမထပ် ၂၆၇ သိန်း ၊ ဒုတိယထပ် ၂၅၄ သိန်း၊ တတိယထပ် ၂၂၇ သိန်း ဖြစ်ပါတယ်။
ရွှေလင်ပန်း
လေးခန်းတွဲ လေးထပ်အခန်းဈေး တွေက မြေညီထပ် ကျပ် သိန်း ၃၄၀၊ ပထမ ထပ် သိန်း ၃၂၀၊ ဒုတိယထပ် သိန်း ၃ဝဝ၊ တတိ ယထပ် သိန်း ၂၈၀ ဖြစ်ပါတယ်။ နှစ်ခန်း တွဲ လေးထပ် အခန်းဈေးတွေက မြေညီထပ် ကျပ်သိန်း ၆ဝဝ၊ ပထမထပ် ၂၅၅ သိန်း၊ ဒုတိယထပ် သိန်း ၂၄၀၊ တတိယထပ် သိန်း ၂၃၀ ဖြစ်ပါတယ်။
ဝယ်ယူလိုသူများအနေနဲ့ ဆောက်လုပ်ရေးနဲ့ အိမ်ယာဖွံ့ဖြိုးရေးဘဏ် CHD Bank မှာ ဘဏ်စာရင်းဖွင့်လှစ်ကာ ၂၀ ရာခိုင်နှုန်း လက်ငင်းပေးချေပြီး တိုက်ခန်းများကို ၁၅ နှစ်အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။
Ref & Photo Credit : Plus Myanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ