By Ra Wai, Shweproperty.com
Updated at 14 March 2022
လူမနေတာကြာပြီးမှ ပြန်နေတဲ့ အိမ်တွေ၊ သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ အိမ်တွေဆို ပုရွက်ဆိတ်နဲ့ ပိုးမွှားတွေကို ပိုဂရုပြုသင့်ပါတယ်။ ဒီလိုအိမ်တွေမှာ ပုရွက်ဆိတ်တွေဟာ စိတ်အနှောင့်အယှက်ဖြစ်ရလောက်အောင်လည်း ပိုများတတ်ပါတယ်။ ပုရွက်ဆိတ်တွေကို ကာကွယ်တားဆီးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ၁ - ပေါင်ဒါ ပေါင်ဒါမှုန့်ကို အသုံးပြုပြီး တားဆီးလို့ရပါတယ်။ ကလေးပေါင်ဒါမှုန့်အချို့ကတော့ ပြောင်းဖူးနဲ့လုပ်ထားတာကြောင့် ပုရွက်ဆိတ်တွေကို တားဆီးရမှာ ထိရောက်မှု ရှိမှာ မဟုတ်ပါဘူး။ ပေါင်ဒါတွေ ပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုတဲ့ပစ္စည်းတစ်မျိုးဖြစ်တဲ့ Talc ဟာ ပုရွက်ဆိတ်တွေကို တားဆီးပေးတာ ဖြစ်ပါတယ်။ ၂ - အဆိပ်အတောက်ကင်းတဲ့ ပစ္စည်းများ သဘာဝပစ္စည်းတွေနဲ့လည်း သင့်အိမ်ကို ပုရွက်ဆိတ်ရန်ကနေ ကာကွယ်လို့ ရပါတယ်။ ရှာလကာရည်၊ သစ်ကြမ်းပိုးခေါက်၊ ငရုတ်ကောင်း၊ လေးညှင်းပွင် စတဲ့ ပစ္စည်းတွေကို ရောစပ်ပြီး အသုံးပြုရင်လည်း ပုရွက်ဆိတ်တွေ မလာရဲပါဘူး။ ၃ - စားကြွင်းစားကျန် ပုရွက်ဆိတ်တွေဟာ သင်စိတ်အနှောင့်အယှက်ဖြစ်ရလောက်အောင်ကို များပြားနေတယ်ဆိုရင် စားကြွင်းစားကျန်တွေ သိမ်းဆည်းပုံကို ဂရုစိုက်သင့်ပါတယ်။ စားကြွင်စားကျန်တွေကို စနစ်တကျသိမ်းဆည်းခြင်းမရှိရင် ပုရွက်ဆိတ်တွေကတော့ လာနေမှာပဲ ဖြစ်ပါတယ်။ သူတို့ကိုလာဖို့ သင့်ဘက်က ဖိတ်ခေါ်သလိုလည်း ဖြစ်နေပါတယ်။ စားကြွင်းစားကျန်တွေကို သုတ်သင်ရှင်းလင်းပြီးတဲ့အခါ စားပွဲမျက်နှာပြင်တွေ၊ ကြမ်းပြင်တွေကို ရှာလကာရည်ထည့်ထားတဲ့ရေ နည်းနည်းလောက်ဖြန်းပေးသင့်ပါတယ်။ ၄ - လက်ဆေးကန်နဲ့ ဘူး လက်ဆေးကန်ကိုလည်း ဆေးကြောပြီးတဲ့အခါမှာ သန့်ရှင်းစွာ ထားဖို့ အရေးကြီးပါတယ်။ စားကြွင်းစားကျန်တွေကျန်ခဲ့တာဟာ ပုရွက်ဆိတ်နဲ့ ပိုးမွှားတွေကို ဖိတ်ခေါ်သလို ဖြစ်နေတတ်ပါတယ်။ အစားအသောက်တွေကို ထည့်တဲ့ဘူးဟာလည်း လေလုံတဲ့ ဘူးတွေဖြစ်ပြီး ပုရွက်ဆိတ်တွေ အနံ့ခံလို့ မရတဲ့ ဘူးတွေ ဖြစ်သင့်ပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ တရုတ် FENG SHUI (ဖုန်းရွှေ) ပညာအရ သင့်အိမ်ရဲ့အရေးကြီးတဲ့ နေရာများ ကြွယ်ဝချမ်းသာခြင်းတွေ ယူဆောင်လာပေးနိုင်တဲ့ အိမ်တွင်း အလှစိုက်အပင်ငယ်များ ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း ကြွယ်ဝချမ်းသာခြင်းတွေ ယူဆောင်လာပေးနိုင်တဲ့ အိမ်တွင်း အလှစိုက်အပင်ငယ်များ Credit By: Duwun Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ