By ဝိုင်းနဒ္ဒီထွန်း, Shweproperty.com
Updated at 3 September 2019
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအတွက် သတင်းအချက်အလက်ရယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ(၂)ရက်နေ့က ရန်ကုန်မြို့တော်စည်ပင်နဲ့ သတင်းမီဒီယာတို့ တွေ့ဆုံရှင်းလင်းခဲ့ကြပါတယ်။
အများပြည်သူပိုင်လမ်းတွေမှာ ဈေးဆိုင်တွေချထားပေးဖို့အထိ မိုက်လုံးမကြီးဘူးလို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အဆိုပါရှင်းလင်းပွဲမှာ ပြောပါတယ်။ “အများပြည်သူပိုင်လမ်းပေါ်မှာ ဈေးှဆိုင်တွေကို ဖယ်ပြီး မှ ဈေးဆိုင်တွေကို ပြန်ချပေးတယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ပါဘူး၊ ဒီလောက်ထိလည်း ကျွန်တော်မိုက်လုံးမကြီးပါဘူး၊ ဒါအမှန်အတိုင်းပြောတာပါ။ ဒီကျူးကျော်ဈေးဆိုင်သဘောမျိုးနဲ့ မှတ်တိုင်ဘေးနားမှာ ဆိုင်ဖွင့်ခိုင်းမယ်ဆိုတဲ့ အတွေးမျိုးဟာ တော်တော်ကို တိမ်ပါတယ်။ ကျွန်တော်တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ YBS စနစ်ကို ပိုပြီး ကဒ်စနစ်ကို ပိုပြီးလွယ်ကူစေဖို့ ဖြစ်တယ်။” လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောပါတယ်။
“ မြေအောက်မြို့တော်ရယ်၊ ကားပါကင်ရယ်။ ဘက်စ်ကားမှတ် တိုင်နားက ဆိုင်တွေလည်းဒီတိုင်း ပါပဲ။ အနာဂတ်အတွက်ကောင်းဖို့ လုပ်နေတဲ့အပိုင်းလေးတွေပါ။ ကျွန်တော်တို့လုပ်တိုင်းလုပ်တိုင်းသည် ကျွန်တော်စတန့်လည်းမထွင်ပါ ဘူး။ စိတ်ကူးလည်းမယဉ်ပါဘူး။လူထုအတွက်လုပ်နေတာပါ။ ဦး တည်ချက်သည် ငါ့ကိုပေးထားတဲ့ တာဝန်ယူနေတဲ့ ကာလအတွင်း မှာကောင်းအောင်လုပ်မယ်။ အကြံ ဉာဏ်ယူမယ်""ဟု ၎င်းကပြောကြားခဲ့ပါတယ်။
ပြီးခဲ့သြဂုတ်လလယ်လောက်က ကျင်းပတဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ ကားမှတ်တိုင်တွေဘေး အဆိုပါ ဈေးဆိုင်ခန်းတွေ တည်ဆောက်မယ့်အကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့တဲ့အပေါ် လွှတ်တော် ကိုယ်စားလှယ်တစ်ချို့ က ကန့်ကွက်ခဲ့ပါတယ်။
YBSကတ်စနစ်ဖော်ဆောင်ပါက ငွေဖြည့်ကတ်တွေကို မှတ်တိုင်မှာ အလွယ်တကူဝယ်ယူနိုင်ရန် ကားမှတ်တိုင်ဘေး ငါးပေပတ်လည်အခန်းတွေကို ဖွင့်ဖို့စီစဉ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူတွေသဘောမတူရင်တော့ သူ့အနေနဲ့ ဖွင့်ဖို့မရှိကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
Written By : ဝိုင်းနဒ္ဒီထွန်း (ShweProperty.com)
Photo Credit : Mmtimes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ