By The Voice, Shweproperty.com
Updated at 30 January 2012
စင်ကာပူ နိုင်ငံကဲ့သို့ ကမ္ဘာ့အဆင်မီ မြို့တော်တစ်ခုအဖြစ် တည်ဆောက်ရန်ရည်မှန်းချက်ဖြင့် လုပ်ဆောင်လျက်ရှိ သော ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးစီမံကိန်း ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြူရေးအတွက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှစ ၍ အထက်မြင့်အဆောက်အအုံများ ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် ယာဉ်ရပ်နားရန် လုံလောက်သည့် ကားရပ်နားရာပါမှသာ ဆောက်လုပ်ခွင့်ပြုလုပ်သွားမည့် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီ ယီယာဌာန (အဆောက်အအုံ)မှ အကြီးတန်းအရာရှိတစ်ဦးက ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြောကြားသည်။
''အဆောက်အအုံရဲ့ဘေးပတ်လည်မှာ မြေချန်ပြီးပဲဖြစ်ဖြစ်၊ မြေအောက်မှာ ပဲဖြစ်ဖြစ်၊ မြေညီထပ်မှာပဲဖြစ်ဖြစ် ယာဉ် ရပ်နားမယ့်နေရာ လုံလုံလောက်လောက် ရှိရမယ်။ အဲဒီလိုရှိမှပဲ ခွင့်ပြုတော့မယ်'' ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
အထပ်မြင့်အဆောက်အအုံဆိုခြင်းမှာ လေးထပ်နှင့်အထက် အဆောက်အအုံများဖြစ်ပြီး ယင်းအထပ်မြင့်အဆောက် အအုံဆောက်လုပ်မည့် မြေနေရာအကျယ် အဝန်းကျဉ်းပါက မြေညီထပ်ကို ယာဉ် ရပ်နားရန်နေရာအဖြစ် ပြုလုပ်ပေးရ မည်ဖြစ်ကြောင်း အဆိုပါဌာနမှ စုံစမ်း သိရသည်။
အဆိုပါစီမံကိန်းကို စတင်ဆောင် ရွက်သည့် ဒီဇင်ဘာလမှ စတင်၍ ဆောက်လုပ်ခွင့်စတင်လျှောက်ထားသူ များ၊ ဆောက်လုပ်ခွင့်လျှောက်ထားဆဲရှိ သူများပါအကုန် အကျုံးဝင်ပြီး လက်ရှိ ဆောက်လုပ်ခွင့်ပြုလိုက်သည့် အဆောက် အအုံများမပါဝင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ သိရသည်။
''အခုလိုလုပ်တာက ယာဉ်တွေ လမ်းပေါ်မှာ မရပ်ရအောင်လို့ပါ'' ဟု အဆိုပါ ဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ရှင်းပြသည်။
ရန်ကုန်မြို့တော်၏ အဓိကလမ်းမ ကြီးတစ်ခုဖြစ်သော ပြည်လမ်းမပေါ် တွင် အထပ်မြင့်အဆောက်အအုံဆောက် လုပ်မည်ဆိုပါက အဆောက်အအုံ၏ အရှေ့ဘက်၌ မိမိပိုင်မြေနယ်နိမိတ်နှင့် အနည်းဆုံး ပေ ၂ဝ အကွာမြေချန်၍ ဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဦးဝိစာရလမ်းမကြီးများ နှင့် အခါအားလျော်စွာ သတ်မှတ်ထား သည့်လမ်းကျယ်များတွင် အဆောက်အအုံ ဆောက်လုပ်မည်ဆိုပါက အဆောက်အအုံ ၏အရှေ့ဘက်၌ မိမိပိုင်မြေနယ်နိမိတ် နှင့် အနည်းဆုံး ၁၂ ပေ မြေချန်ဆောက် လုပ်ရမည်ဖြစ်ကြောင်း၊ အဆောက်အအုံ ၏ဘေးကို သုံးပေ မြေချန်ဆောက်လုပ် ရမည်ဖြစ်ပြီး နောက်ဘက်ဆိုလျှင် B.D.S မရှိပါက အနည်းဆုံး ခြောက်ပေ မြေချန်ဆောက်လုပ်ရမည်ဖြစ်ကာ B.D.S ရှိပါက အနည်းဆုံး မြေတစ်ပေချန် ဆောက်လုပ်ရမည်ဖြစ်ကြောင်း အဆိုပါ ဌာနမှ စုံစမ်းသိရသည်။
နိုင်ငံတကာတွင် အထပ်မြင့် အဆောက်အအုံများ၌ ယာဉ်ရပ်နားရာ နေရာ ထည့်သွင်းဆောက်လုပ်ခွင့်ပြုခြင်း သည် လမ်းဘေးတွင် ယာဉ်မရပ်နား ရန်၊ ယာဉ်သွားရေး လာရေးများ အဆင်ပြေချောမွေ့စေရန် အဓိကလုပ် ဆောင်ခြင်းဖြစ်ကြောင်း အင်ဂျင်နီယာ အသင်းမှ အင်ဂျင်နီယာတစ်ဦးက ပြော ကြားသည်။
''အထပ်မြင့်အဆောက်အအုံမှာ ကားပါကင်တို့ လုပ်တယ်ဆိုတာက လမ်းဘေးမှာ ကားမရပ်အောင် ဖြေရှင်း တဲ့နည်းလမ်း အများကြီးထဲက တစ်ခုပဲ ရှိသေးတယ်''ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
အချို့မြေနေရာ အကျယ်အဝန်း ကျဉ်းသည့်နေရာမျိုးတွင် ယာဉ် ရပ်နားရန်နေရာပြုလုပ်ပေးရန် အဆင် မပြေနိုင်ကြောင်း၊ အချို့မြေနေရာကျဉ်း သည့်နေရာများတွင် ယာဉ်ရပ်နားရာနေရာ ပြုလုပ်ပေးသော်လည်း ယင်းနေရာတွင် ယာဉ်စီးရေအနည်းငယ်သာ ရပ်နား၍ ရနိုင်မည်ဖြစ်ကြောင်း အင်ဂျင်နီယာ တစ်ဦးက သုံးသပ်သည်။
''နိုင်ငံတကာမှာဆိုရင် ကားပါကင် သီးသန့် အဆောက်အအုံတွေလုပ်ပြီး ဖြေရှင်း ကြတာရှိတယ်''ဟု ၎င်းက ပြောကြားသည်။
မည်သည့်နိုင်ငံ မည်သည့်မြို့ပြ တွင်မဆို အဆောက်အအုံဆောက်လျှင် ယာဉ်ရပ်နားရာနေရာ၊ ယာဉ်အဝင် အထွက် လမ်းရှုပ်ထွေးမှုမရှိရန် ထားရှိ ရမည်ဖြစ်ကြောင်း၊ လက်ရှိ လူအများနှင့် ဆိုင်သော(ဝါ) လူများစွာ လာရောက်မည့် အဆောက်အအုံများတွင် ယာဉ်ဝင်အထွက် မြေနေရာများ လုံလောက်စွာချန်ထားခြင်း မရှိဘဲ အများပြည်သူပိုင် လမ်းမြေ ဧရိယာများကို ကျူးကျော်ဆောက်လုပ် ထားကြသည်ကို တွေ့မြင်နေရကြောင်း၊ စင်ကာပူနိုင်ငံကို စံထားလုပ်ဆောင် နေသည့် ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေး စီမံကိန်းကို ယင်းသို့ ဥပဒေဘောင်ကျော် ဆောက်လုပ်နေခြင်းများသည် မြို့ပြ ယဉ်ကျေးမှုကို များစွာရုပ်ဆိုးစေနိုင် ကြောင်း ပြည်တွင်းသတင်းစာဆရာ တစ်ဦးက သုံးသပ်ပြောကြားသည်။
အဆောက်အအုံဆောက်လုပ်ရာတွင် ကားပါကင်ထားရမည်ဆိုသည့် ဥပဒေ မှာ နဂိုကတည်းကပင် ချမှတ်ထားသည့် ဥပဒေဖြစ်ပြီး ယာဉ်ရပ်နားရာနေရာ၊ အဝင်အထွက်ပြုလုပ်ရန် နေရာ လုံလောက် စွာမထားဘဲ ဆောက်လုပ်နေ ကြခြင်းမှာ ဥပဒေဘောင်ကျော် ဆောက် လုပ်နေကြ ခြင်းသာဖြစ်ကြောင်း၊ အဆောက်အအုံ ဆောက်လုပ်ရာတွင် ပြည်သူလူထု အတွက် မျှမျှတတဖြစ်အောင် ဆောင်ရွက် ရန်လိုအပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
''အဲဒီလိုဆောက်လုပ်နေကြတာတွေ က ခွင့်ပြုချက်မရဘဲနဲ့ ဘယ်လိုမှ လုပ် လို့မရနိုင်ဘူး။ အဲဒီလိုဥပဒေကို ဘောင်မ ကျော်ပြီးမလုပ်ဖို့ဆိုရင် သက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း လစာကောင်း အောင် ပေးထားဖို့လိုတယ်။ ဥပဒေလက် ကြားယိုတာမျိုးမဖြစ်အောင် လုပ်ဖို့လို တယ်။ အဲဒီလိုဖြစ်လာရင် သမ္မတကြီးရဲ့ စေတနာကိုလည်း စော်ကားရာရောက်မယ်။ ပြောမယ် ဆိုရင် တရားဥပဒေစိုးမိုးဖို့ လိုတယ်''ဟု ပြည်တွင်းသတင်းစာဆရာ တစ်ဦးကသုံးသပ်သည်။
source : the voice weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ