By Chan Myae, Shweproperty.com
Updated at 7 June 2022
သာမန်လူတွေဟာ သူတို့နေထိုင်တဲ့အိမ်ကို သက်တောင့်သက်သာ ဖြစ်စေရန်အတွက်သာ ဒီဇိုင်းဆွဲ နေထိုင်ကြပါတယ်။ ဒါပေမဲ့ နာမည်ကြီးသူတွေကတော့ သူတို့အတွက် ခြွင်းချက်လုံးဝမရှိအောင် ဆောက်လုပ် နေထိုင်ကြပါတယ်။ (၁)Beverly Hills မှာရှိတဲ့ ရီဟားနား ရဲ့အိမ်ကြီး Ri-Ri ၏အိမ်ကြီးသည် Beverly Hills ရှိတောင်ကုန်းတစ်ခုပေါ်တွင်တည်ရှိပါတယ်။ထိုအိမ်ကိုအဝေးကကြည့်ရင် တော့ သဲကန္တာရမှာရှိတဲ့အိုအေစစ်လိုပါပဲ။မိုးပြာရောင်ရေကန်ကြီးနှင့်အတူ ဘေးပတ်လည်တွင် ထိုင်ခုံများထားရှိရာ အပန်းဖြေစခန်းတစ်ခုလိုမျိုးထားရှိထားပါတယ်။ထို့အပြင် နောက်ထပ် Barbados တွင်လည်းအိမ်တစ်လုံးရှိပါသေးတယ်။ (၂)မိုင်ယာမီမှာရှိတဲ့ လေဒီဂါဂါရဲ့အိမ်ကြီး လေဒီဂါဂါရဲ့ အိမ်ကြီးဟာ ပင်လယ်ပြင်ကို မျက်နှာမူပြီးဆောက်လုပ်ထားပါတယ်။ အပြင်ကနေဆိုရင် သူ့ကို လူများမတွေ့မိစေရန် လုံခြုံစွာတည်ဆောက်ထားပါတယ်။အတွင်းပိုင်းတွင်ထိုအိမ်သည် အပန်းဖြေစင်တာ တစ်ခုလိုဖြစ်နေပြီး ရုပ်ရှင်ရုံသေးလေးတစ်ခု ဘိုးလင်းဘောလုံးပစ်တဲ့လမ်းကြားလေးအပါအဝင် အခြားသောဖျော်ဖြေရေးပစ္စည်းအမြောက်အမြားလဲရှိပါတယ်။ (၃)ဟာဝိုင်ယီမှာရှိတဲ့ဂျူလီယာရော်ဘတ်ရဲ့အိမ် အိမ်ကောင်းကောင်းတစ်လုံးဝယ်ဖို့ရွေးချယ်နေစဉ်မှာဂျူလီယာရော်ဘတ် ဟာ ကမ်းခြေနှင့်နီးကပ်စွာအလွန်လှပသောရှူခင်းမျိုးရှိသည့်အိမ်နှစ်လုံးကိုရှာတွေ့ခဲ့ပါတယ်။သူမဟာ ထိုအိမ်နှစ်လုံး ကိုဝယ်ယူပြီး တစ်ခုတည်းရှိစေရန်ပေါင်းစပ်လိုက်ပါတယ်။ထိုမင်းသမီးသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားဆောင်ရွက်သူတစ်ဦးဖြစ်သောကြောင့် အိမ်ကိုထိုမူများနှင့်အညီပြောင်းလဲခဲ့ပါတယ်။အိမ်၏အမိုးကို ပြန်လည်အသုံးပြုနိုင်သောကျောက်ပြားများနှင့်ကြမ်းပြင်ကိုသဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သောဝါးတို့ ပြောင်းလဲပြုလုပ်စေခဲ့ပါတယ်။ (၄)ဖလောရီဒါရှိ ဂျွန်ထရာဗိုတာရဲ့ အိမ်ကြီး ဂျွန်ထရာဗိုတာသည် လေကြောင်းနှင့်လေယာဉ်ထုတ်လုပ်မှုအပိုင်း၏ အကြီးမားဆုံးသော fanတစ်ကြောင်းဖြစ်သည့်နှင့်အညီ အရာရာတိုင်းလေယာဉ်ပုံစံပြုလုပ်လေ့ရှိပါတယ်။အထက်စီးမှကြည့်လျှင် သူ၏အိမ်ပုံစံသည် လေဆိပ်ဂိတ်တစ်ခုကို မြင်ယောင်စေပါတယ်။ပုံတွင်မြင်ရတဲ့ အတိုင်း လေယာဉ်ကိုအိမ်ထဲသို့ တိုက်ရိုက်မောင်းနှင်နိုင်ရန် တည်ဆောက်ထားပါတယ်။ (၅)လော့စ်အိန်ဂျလိစ် မှာရှိတဲ့ နီကိုးလတ်ကေ့စ် ရဲ့ အိမ်ကြီး မင်းသားကြီး နီကိုးလတ်ကေ့စ် ဟာကာတွန်းစာအုပ်များသာမကဗိသုကာပညာကိုပါနှစ်သက်သူတစ်ဦးဖြစ်ပါတယ်။သူဟာ ရှေးဟောင်းအိမ်များကို စုဆောင်းလေ့ရှိပါတယ်။ယခုအခါသူ၏စုဆောင်းမှုသည် အိမ်ကြီးသုံးလုံးဖြစ်ပြီး မင်းသားကြီးသည် ရှေးဟောင်းအိမ်ဟု အဝေးမှ ခွဲခြားရန်ခဲယဉ်းသော ပုံစံပြုလုပ်ထားသည့်အိမ်ကို ဝယ်ယူလေ့ရှိပါတယ်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ နာမည်ကျော်အားကစားသမားတွေ ပိုင်ဆိုင်တဲ့ တန်ဖိုးအကြီးဆုံး စံအိမ်ကြီးတွေ သင်ကြားရေးကိုပျော်စရာဖြစ်စေသည့် အိမ်တွင်း လုပ်ဆောင်ချက် (၁၀)ချက် ဆယ်လ်လီတွေ ပိုင်ဆိုင်တဲ့ တန်ဖိုးအကြီးဆုံး စံအိမ်ကြီး ၅ လုံး ကမ္ဘာကျော်ဘောလုံးသမားတွေ ပိုင်ဆိုင်တဲ့ တန်ဖိုးအကြီးဆုံး အိမ် ၅ လုံး Credit By :softwarekaber Posted By : Chan Myae (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ