By 7daydaily, Shweproperty.com
Updated at 17 September 2015
ဗဟိုဘဏ်၏ ငွေလဲနှုန်းကို ဆက်တိုက်မြင့်တက်လာသဖြင့် ပြင်ပဈေးကွက်တွင်လည်း ငွေလဲနှုန်းမြင့်တက်လာကြောင်း သတင်းရရှိသည်။
‘‘ဈေးက တက်နေတော့ ရောင်းမယ့်သူမရှိဖြစ်နေတယ်’’ ဟု ရွှေဘုံသာလမ်းတွင် ပြင်ပငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
စက်တင်ဘာ ၁၆ ရက်တွင် ဗဟိုဘဏ်က သတ်မှတ်သော ရည် ညွှန်းငွေလဲနှုန်းသည် အမေရိကန် တစ်ဒေါ်လာလျှင် ၁,၂၈၉ ကျပ်ရှိနေပြီး ပြင်ပဈေးကွက်တွင် ၁,၂၉၆ ကျပ်ထိ ဈေးမြင့်တက်လာ သည်။
ပြင်ပဈေးကွက်တွင် လတ် တလောငွေလဲနှုန်းမြင့်တက်နေ ခြင်းသည် ဗဟိုဘဏ်က ဈေးဆွဲတင်ခြင်းကြောင့်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က သုံးသပ်နေကြသည်။ ဗဟိုဘဏ် က ပြင်ပငွေလဲနှုန်းကိုလိုက်ပြီး ဈေးနှုန်း ပြောင်းလဲခြင်းသည် လတ်တလောတွင် စီးပွားရေးလုပ်ငန်းများအတွက် အခက်အခဲဖြစ် စေကြောင်း စက်မှုဇုန်ဥက္ကဋ္ဌတစ် ဦးက ပြောသည်။
ငွေလဲနှုန်းမတည်ငြိမ်မှုသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အတွက် အခက်အခဲဖြစ်စေပြီး ငွေလဲနှုန်းတည်ငြိမ်ရန် အစိုးရ အနေဖြင့် ထိန်းပေးဖို့လိုအပ် ကြောင်း ကုန်သည်စက်မှုအသင်း ချုပ် ဒုတိယဥက္ကဋ္ဌတစ်ဦးက ပြော သည်။ နိုင်ငံခြားသားလုပ်ငန်းရှင် များသည် ပြည်တွင်း၌ ငွေလဲနှုန်း မြင့်တက်နေသည့်အပေါ်တွင် ရင်း နှီးမြှုပ်နှံမှုများ လာရောက်လုပ် ကိုင်ရန် အခက်အခဲဖြစ်နေသည်။ အမေရိကန်ဒေါ်လာ တန်းဖိုးမြင့် တက်မှုနှင့်အတူ နိုင်ငံတကာတွင် လည်း ငွေတန်ဖိုးများကျဆင်းနေ သည်။ မြန်မာနိုင်ငံ၌ ငွေတန်ဖိုးကျဆင်းမှုသည် အခြားသောနိုင်ငံ များထက် ပိုမိုများပြားနေ၍ နိုင်ငံခြားသားလုပ်ငန်းရှင်များက စိုးရိမ်နေကြသည်ဟု အထက်ပါပုဂ္ဂိုလ် က ရှင်းပြသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ