By Shwe Kyaw, Shweproperty.com
Updated at 28 April 2020
အပ်ငွေနှင့် ချေးငွေအတိုးနှုန်းများကို ဗဟိုဘဏ်က လျှော့ချလိုက်ကြောင်း ဧပြီလ (၂၈) နေ့တွင်ထုတ်ပြန်ကြေငြာလိုက်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အတိုးနှုန်း - ၇.ဝ%
နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုလျင်မြန်စွာ အထောက်အကူပြုစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏ အတိုးနှုန်း (Bank Rate) ကို တစ်နှစ်လျှင် (၈ ဒသမ ၅) ရာခိုင်နှုန်းမှ (၁ ဒသမ ၅) ရာခိုင်နှုန်းထပ်မံ လျှော့ချကာ (၇) ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်လိုက်သည်
အပ်ငွေအတိုးနှုန်း အနည်းဆုံး = ၅.ဝ%
ယင်းအပြင် ငွေစုစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့်အပ်ငွေတို့အပေါ်တွင် ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအောက် (၂) ရာခိုင်နှုန်းထက် မနည်းစေရဟု သတ်မှတ်လိုက်သဖြင့် ယင်းအပ်ငွေများအတွက် အနည်းဆုံးအတိုးနှုန်းမှာ (၅) ရာခိုင်နှုန်းပြောင်းလဲသွားမည်ဖြစ်စကြောင်းသိရသည်။
ချေးငွေအတိုးနှုန်း (အာမခံပါ) အများဆုံး = ၁၀.ဝ%
ထို့အပြင် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် အာမခံပစ္စည်းများ ရယူ၍ ထုတ်ချေးသည့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအထက် (၃) ရာခိုင်နှုန်းထက် ကျော်လွန်၍ ကောက်ခံခြင်းမပြုရဟု သတ်မှတ်လိုက်သဖြင့် ယင်းအတိုးနှုန်းမှာ အများဆုံး အတိုးနှုန်း (၁၀) ရာခိုင်နှုန်းသာ ကောက်ခံနိုင်တော့မည်ဖြစ်ကြောင်းနှင့် အာမခံပစ္စည်းများမှ အပ အခြားအာမခံပစ္စည်းရယူ၍ဖြစ်စေ ၊ အာမခံပစ္စည်းရယူခြင်းမပြုဘဲဖြစ်စေ၊ ထုတ် ချေးသည့် ချေးငွေများအပေါ်တွင် တောင်းခံနိုင်သည့် အများဆုံးအတိုးနှုန်းကို (၁၄ ဒသမ ၅) ရာခိုင်နှုန်းဖြင့် ဆက်လက် ထားရှိမည်ကြောင်းလည်း ထုတ်ပြန်သည်။
ယင်းလျှော့ချသည့် အတိုးနှုန်းများသည် မေလ ၁ ရက်နေ့တွင်စတင် အကျိုးသက်ရောက်မည်ဖြစ်ကြောင်းလည်း ဗဟိုဘဏ်က ထုတ်ပြန်ကြေငြာခဲ့သည်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ