By 7daydaily, Shweproperty.com
Updated at 27 February 2017
ပြည်တွင်းဘဏ်အတိုး နှုန်းလျှော့ချခြင်းကို ငွေကြေး ဖောင်းပွမှုနှုန်းနှင့် နှိုင်းယှဉ်ချိန်ဆ ပြီး လျှော့ချသင့်မှသာ လျှော့ချ မည်ဟု ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌဒေါက်တာဆက်အောင်က ပြောသည်။
နိုင်ငံတကာတွင် ဘဏ်အ တိုးနှုန်းကို ပြည်တွင်းငွေကြေး ဖောင်းပွမှုနှုန်းနှင့် နှိုင်းယှဉ်ပြီး သတ်မှတ်လေ့ရှိကာ မြန်မာနိုင်ငံ တွင် ဘဏ်အတိုးနှုန်းသည် အပ် ငွေအပေါ်တွင် ၈ ဒသမ ၅ရာခိုင် နှုန်းအနည်းဆုံးပေးရန်သတ်မှတ် ပြီး ချေးငွေအပေါ်တွင် အတိုး ၁၃ ရာခိုင်နှုန်းပေးရန် ဗဟိုဘဏ်က သတ်မှတ်ထားသည်။
ဘဏ်အတိုးနှုန်းလျှော့ချရန် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် တိုင်ပင်ဆောင်ရွက်နေပြီး ငွေကြေးဖောင်းပွမှုနှုန်းနှင့် ချိန်ညှိပြီးဆောင်ရွက်မည်ဟု ဒေါက်တာဆက်အောင်က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြား သည်။
ပြည်တွင်းဘဏ်အတိုးနှုန်း တွင် ချေးငွေအပေါ် ၁၃ရာခိုင်နှုန်း သတ်မှတ်ထားရာ လျှော့ချရန်စီစဉ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးကျော်ဝင်းက ဖေဖော်ဝါရီ ၁၈ရက်တွင် မြန်မာ နိုင်ငံ ကုန်စည်စက်မှုအသင်းချုပ် ၌ ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားထားသည်။
မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုသည် ၂၀၁၆ နှစ်ကုန် အထိ ၈ဒသမ၉ရာခိုင်နှုန်းရှိနေ သည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီး ပွားရေးစောင့်ကြည့်အစီရင်ခံစာ ၌ ဖော်ပြထားသည်။ ငွေကြေး ဖောင်းပွမှုနှင့် ပြည်တွင်းဘဏ်အ တိုးနှုန်းကို ချိတ်ဆက်ရာတွင်အပ် ငွေအပေါ်ပေးသည့်အတိုးနှုန်းနှင့် တိုက်ရိုက်ချိတ်ဆက်နေသည်ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူအချို့ က ပြောသည်။
ပြည်ပနိုင်ငံများတွင် ဘဏ် အတိုးနှုန်းသည် ငွေကြေးဖောင်းပွမှု၏ အထက်၌ရှိပြီး မြန်မာနိုင်ငံ တွင် လက်ရှိဘဏ်အတိုးနှုန်း သည် ငွေကြေးဖောင်းပွမှုအောက် ရောက်ရှိနေကာ ထပ်မံလျှော့ချရ မည်ဆိုပါက စီးပွားရေးနှင့် သက် ဆိုင်သည့်အကျပ်အတည်းများကို ထိန်းသိမ်းရန် ကြိုဆင်ပြင်ဆင် ထားသင့်သည်ဟု ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေးဦသန်းလွင် ကပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးအ ခြေအနေသည် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေပြီး ငွေကြေးဖောင်းပွ မှုများနေချိန်၌ ဘဏ်အတိုးနှုန်း လျှော့ချခြင်းသည် နိုင်ငံခြားငွေ ကြေးဈေးကွက်၊ အိမ်မြေဈေး ကွက်နှင့် ရွှေဈေးကွက်တို့၌ က မောက်ကမဖြစ်လာမည်ကို စိုးရိမ် ရသည်ဟု စီးပွားရေးပညာရှင် ဦး လှမောင်ကပြောသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ