By The Modern, Shweproperty.com
Updated at 20 May 2016
ယခင်အစိုးရလက်ထက်က ချထားပေးခဲ့တဲ့ စီမံကိန်းတွေကို ပြန်လည်စစ်ဆေးတာတွေပြုလုပ်ဖို့အတွက် ပြည်တွင်းက ပညာရှင်အဖွဲ့ကို သင်တန်းပေးသွားဖို့ရှိပြီး စီမံကိန်းတွေကို စစ်ဆေးရာမှာ အဲသည်အဖွဲ့ကို ဥပဒေဘောင်အတွင်းက စစ်ဆေးလုပ်ပိုင်ခွင့် အပြည့်အဝပေးသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
စစ်ဆေးရေးအဖွဲ့ကို သင်တန်းပို့ချပေးဖို့အတွက် ဗြိတိန်နိုင်ငံအခြေစိုက် International Growth Center (ICG) ကို အကူအညီတောင်းခံထားတာဖြစ်ပြီး အခုလ ၂၀ ရက်နေ့မှာ ထပ်မံဆွေးနွေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
"Analysis ကလုပ်မယ် ၊ ဘာလို့လဲဆိုတော့ ပေးလဲပေးထားပြီးပြီ ၊ ဘယ်လောက်တန်တယ် ၊ မတန်ဘူး ၊ ဘယ်လောက်ပြန်ရမယ် ဆိုတာလဲသိချင်တယ် ၊ ကျွန်တော်ရွှေးပေးတဲ့ စစ်ဆေးရေးအဖွဲ့ကို သင်တန်းပေးမယ်၊ အဲဒီအဖွဲ့က ပရောဂျက်တွေကို စစ်မေးပိုင်ခွင့်ရှိတယ်" လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
မန္တလေးတိုင်းအတွင်းမှာ စီမံကိန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကုမ္ပဏီပေါင်း ၅၀ ခန့်နဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီးဖြစ်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံပြီးဖြစ်တယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့က သိရပါတယ် ။
"အဓိကက စာချုပ်ပြန်စစ်ရမှာ ၊ တချို့လာရှင်းပြတယ် ၊ အရင်းအနှီးဘယ်လောက်ရှိမှန်းတောင်မသိဘူး ၊ မပြောတာ ၊ စာချုပ်က စစ်ရမှာ ၊ အရေးကြီးတယ်" လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ် ။
Ref : The Modern
Photo Credit : shutterstock
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ