By The Modern, Shweproperty.com
Updated at 20 July 2015
တရုတ်စတော့ခ်ဈေးကွက် ပြိုလဲမှုရဲ. နောက်ဆက်တွဲအကျိုးဆက်အဖြစ် ပြည်တွင်းဘဏ်နဲ. အိမ်ခြံမြေထဲမှာတရားဝင်၊ တရားမဝင် ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်ပိုင်ငွေကြေးတွေကို ပြန်ထုတ်ယူနိုင်သောကြောင့် သတိပြုစောင့်ကြည့်သင့်တယ်လို. သိရတယ်။
‘ ပြည်တွင်းကဘဏ်တွေထဲမှာ မြန်မာအပ်ငွေတွေပဲရှိနေတယ်ဆိုပေမဲ့လဲ မြန်မာနာမည်ခံတရုတ်နိုင်ငံသားပိုင်ငွေတွေလဲရှိကောင်းရှိနိုင်ပါတယ်။ တရုတ်နိုင်ငံတွင်းက အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေကိုရယူပြီး အတိုးနှုန်းမြင့်တဲ့ ပြည်တွင်းဘဏ်တွေထဲမှာ မြန်မာနိုင်ငံသား နာမည်ခံအပ်ကြတယ်။ ဥပမာတရုတ်နိုင်ငံထဲမှာ အတိုးနှုန်းတစ်နှစ်လေးကျပ်တိုးနဲ. ချေးလာပြီး မြန်မာနိုင်ငံထဲမှာ အတိုးနှုန်းတစ်နှစ်လေးကျပ်တိုးနဲ. ချေးလာပြီး မြန်မာနိုင်ငံထဲ့မှာ ပြန်အပ်လိုက်ရင် တစ်နှစ်ရှစ်ကျပ်တိုးရတာကြောင့် လေးကျပ်မြတ်နေပြီ အဲသည်လိုမျိုး တရားမဝင်အပ်နှံပြီး အမြတ်ထုတ်နေတာတွေကို အခုလိုအချိန်မှာ တရားဝင်လမ်းကြောင်းကနေ ပြန်ထုတ်လာနိုင်တာကြောင့် သတိပြုစောင့်ကြည့်ဖို.လိုတယ်လို. ဆိုတယ်။
ဦးသန်းချိုက ‘တရားဝင် ပြန်ထုတ်ယူရမှာ ဖြစ်လို. ဘဏ်တွေအားလုံးထိခိုက်ပြိုလဲသွားစေတာမျိုးတော့ မဖြစ်နိုင်ဘူး၊ လက်ရှိအချိန်ထိတော့ ဘဏ်အပ်ငွေတွေကိုအလုံးအရင်းနဲ. ပြန်ထုတ်ယူနေတာမျိုးတော့ မကြားမိသေးဘူး’ လို.ပြောပါတယ်။
တရုတ်စတော့ခ်ဈေးကွက် ပြိုလဲမှု အကျိုးဆက်က ပြည်တွင်းအိမ်ခြံမြေလုပ်ငန်းတွေအပေါ် ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို. မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးသန်းဦးကပြောတယ်။ စီးပွားရေးဆိုတာက နယ်စည်းမခြားလို. တစ်နိုင်ငံနဲ. တစ်နိုင်ငံဆက်စပ်နေတာကြောင့်လို. ဆိုတယ်။ မြန်မာနိုင်ငံနဲ. တရုတ်နိုင်ငံဆိုတာကလည်း နယ်နိမိတ်ချင်းထိစပ်နေတဲ့အပြင် စီးပွားရေးမှာလည်းဆက်စပ်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ. အိမ်ခြံမြေဈေးကွက်က တရုတ်ပြည်ကဝင်လာတဲ့ ငွေတွေအပေါ်မှာအများကြီးရိုက်ခတ်မှု ရှိတယ်လို. ဆိုပါတယ်။
‘ငွေလိုအပ်နေတဲ့တရုတ်လုပ်ငန်းရှင်တွေအနေနဲ. ပြည်တွင်းက အိမ်ခြံမြေဈေးကွက်ထဲမှာ သူတို.ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေ ပြန်ထုတ်ယူတာမျိုးတွေ လုပ်လာနိုင်တယ်။ မြန်မာနိုင်ငံမှာလဲ တော်တော်များများက နာမည်ခံအနေနဲ. ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီလိုရှိနေတာကြောင့် သတိထားစောင့်ကြည့်ဖို. လိုအပ်တယ်’ လို. ဦးသန်းဦးကပြောပါတယ်။
စောင့်ကြည့်ရမယ်
အိမ်ခြံမြေဈေးကွက်ထဲမှာ ကျပ်သိန်းထောင်ချီ ရင်းပြီးကျပ်သိန်းသောင်းချီအကျိုးအမြတ် ပြန်ရထားတဲ့ တရုတ်လုပ်ငန်းရှင်တွေအတွက် အခုလိုငွေလိုအပ်လာတဲ့အချိန်မှာ ကျပ်သောင်းချီတန်တဲ့ အိမ်ခြံမြေတွေကိုဈေးချရောင်းပြီးပြန်ထုတ်ယူနိုင်တယ်လို. လေ့လာသူတွေကဆိုတယ်။ ဒါပေမဲ့ သည်ရက်ပိုင်းအတွင်းတော့ ဈေးမတန်မဆလျှော့ချပြီးထိုးရောင်းတာမျိုးတွေ မြေလောက၊ တိုက်ခန်းလောက၊ ကွန်ဒိုလောကတွေမှာ မရှိသေးဘူးလို. ဦးသန်းဦးကပြောတယ်။
သူကနောက်ပိုင်းဖြစ်လာနိုင်လားဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့၊ အိမ်ခြံမြေဈေးကွက်ထဲမှာလဲလက်ရှိအနေအထားအရပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေယာတွေကိုဈေးချပြီးထိုးရောင်းတာမျိုးတွေ ဒီနေ.အထိတော့ မကြာရသေးဘူး၊ ဈေးကွက်ကလဲအေးနေတာမို. ရောင်းလာရင်တောင် ဝယ်မယ့် သူကနည်းမယ်’ လို.ဆိုတယ်။
တရုုတ်နိုင်ငံရဲ. စတော့ခ်ဈေးကွက် အခြေအနေတွေကတော့ အကျဘက်ကိုဦးတည်နေတာကြောင့် အတော်ကိုယိုင်မထွက်သွားအောင် ကျားကန်နေရတယ်လို. စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးကပြောပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ