By ShweProperty.com Media Team, Shweproperty.com
Updated at 7 July 2017
ကမ္ဘာ့အကောင်းဆုံးလေဆိပ်တစ်ခုဖြစ်လာမယ့် Changi Airport (ချန်ဂီလေဆိပ်) Terminal(4) ကို တရားဝင်မဖွင့်လှစ် ခင်မှာ သွားရောက် လည်ပတ်နိုင်မယ့် အခွင့်အရေးတစ်ခုကို လေဆိပ်က ကြေညာခဲ့ပါတယ်။ ဒီအခွင့်အရေးကတော့ လေဆိပ်တရားဝင်မဖွင့်ခင် သြဂုတ်လ(၈)ရက်နေ့ကနေ (၂၀)ရက်နေ့ထိ ဒီလေဆိပ် T(4)အတွင်းကို လည်ပတ်ခွင့်ရမယ့် အခွင့်အရေးပဲဖြစ်ပါတယ်။
“နိုင်ငံတကာလေဆိပ်တစ်ခုဖြစ်တဲ့ ချန်ဂီလေဆိပ်ကို လူတိုင်းက စိတ်ဝင်စားတာပဲ၊ အခု Termial (4) ဖွင့်ပွဲအကြိုအနေနဲ့ Opening House ဖွင့်ပေးတာ စင်္ကာပူမှာနေတဲ့သူတွေရော၊ ပြည်ပက အလည်အပတ်လာမယ့်သူတွေအတွက်ပါ ကောင်းတဲ့ အခွင့်အရေးတစ်ခုလို့မြင်တယ်။ ကောင်းမွန်တဲ့နေရာထိုင်ခင်းတစ်ခု ရသလို၊ လန်းလန်းဆန်းဆန်းတက်တက် ကြွကြွနဲ့ နေရာသစ်တစ်ခုကို လေ့လာနိုင်မယ်။” လို့ စင်္ကာပူမှာနေထိုင်အလုပ်လုပ်နေတဲ့ မဖြိုးသဉ္ဇာထွန်းက မှတ်ချက်ပေး ပါတယ်။
ဒါ့အပြင် လေဆိပ်အတွင်းမှာ ထူးခြားကြီးမားတဲ့ စိတ်လှုပ်ရှားစရာတွေနဲ့ ဓာတ်ပုံရိုက်ဖို့သင့်တော်တဲ့ အနုပညာဖန်တီးမှု တွေကိုလည်း မြင့်တွေ့ရဦးမှာပါ။ T- 4 ရဲ့ Duty – Free Zone Area ကိုလည်း သွားရောက်ပြီး ဈေးဝယ်နိုင်သလို၊ စားသောက်ဆိုင် တွေအတွင်း အလျဉ်းသင့်သလို သုံးဆောင်နိုင်ပါသေးတယ်။
ShweProperty.com Media Team မှစီစဉ်တင်ဆက်သည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ