By NPNews, Shweproperty.com
Updated at 10 December 2024
လူတွေကို တမြေ့မြေ့နဲ့ ဒုက္ခပေးတဲ့ သတ္တဝါတွေထဲမှာ ခြဆိုတဲ့သတ္တဝါလည်းပါပါတယ်။ ခြတွေကြောင့် အိမ်တွေ၊ အ ဖိုးတန် ပရိဘောဂပစ္စည်းတွေ၊ အရေးကြီးစာရွက်စာတမ်းတွေပျက်စီးသွားရတယ်လေ။ ဒါကြောင့် ခြဟူသမျှအမုန်း ခံကြရပါတယ်။ ဒါပေမဲ့ ခြနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာ အချက်အလက်တွေအများကြီး ရှိပါတယ်။ အဖျက်အမှောင့်ပိုးမွှားလို့ လူတွေယူဆထားတဲ့ ခြမှာ သဘာဝပတ်ဝန်းကျင်ကြီးကို ကောင်းကျိုးပြုတဲ့အချက်တွေလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို လေ့လာကြည့်လိုက်ကြရအောင်ပါ။ ခြတွေဟာ တစ်စက်ကလေးမှ မအိပ်ဘဲ အလုပ်လုပ်ကြပါတယ် ဟုတ်ပါတယ်။ ခြတွေဟာ အသက်ရှိနေတဲ့ကာလပတ်လုံး တစ်စက်ကလေးမှမအိပ်ဘဲ တရစပ် အလုပ်လုပ်နိုင်စွမ်းရှိပါတယ်။ လူသားတွေ အမုန်းကြီးမုန်းကြတဲ့ခြဆိုတဲ့ သတ္တဝါတွေဟာ အင်မတန်ကို အလုပ်ကြိုးစားပြီး တစ်စက်ကလေးမှအအား မနေတတ်ကြတဲ့ သတ္တဝါတွေ ဖြစ်နေပါတယ်။ သူတို့ဟာ တစ်ပတ်မှာခုနစ်ရက်လုံး၊ တစ်ရက်မှာ ၂၄ နာရီလုံး တရစပ် အလုပ်လုပ်ပါတယ်။ သူတို့ရဲ့အလုပ်တွေကတော့ လိုဏ်ခေါင်းသေးသေးလေးတွေလုပ်တာ၊ တွင်းတွေ ဖောက်တာ၊အိမ်ဆောက်တာ စတာတွေပါပဲ။ ခြတွေမှာ အများစုက ခြလုပ်သားတွေဖြစ်ပြီးသူတို့သက်တမ်းက တစ်နှစ်၊ နှစ်နှစ် ရှိပါတယ်။ အဲဒီ တစ်နှစ်၊ နှစ်နှစ်လုံး လုံးဝမအိပ်ဘဲအလုပ်ချည်းပဲ ဆက်တိုက် မနားမနေ လုပ်ကြပါသတဲ့။ ကမ္ဘာပေါ်မှာ ခြတွေပေါ်လာတာ ဒိုင်နိုဆောထက်တောင်စောပါတယ် ခြအများစုရဲ့သက်တမ်းက တစ်နှစ်၊ နှစ်နှစ်ပဲ ဆိုပေမယ့် သူတို့ပေါ်နေတာဟိုးရှေးပဝေသဏီကတည်းကပါ။ သူတို့တွေပေါ်နေတာ ဘယ်လောက်တောင်ကြာပြီလဲဆိုတာ မြင်သာအောင်ပြောရရင် ဒိုင်နိုဆောတွေထက်တောင်စောပါတယ်။ဒိုင်နိုဆောတွေပေါ်တာ နှစ် သန်းပေါင်း ၂၃၀ လောက်က ဖြစ်ပြီး ခြတွေပေါ်တာကတော့နှစ် သန်းပေါင်း (၂၅ဝ)လောက်က ဖြစ်ပါသတဲ့။ ခြစစ်သားတွေနဲ့ ခြလုပ်သားတွေဟာ မျက်စိမမြင်ရပါဘူး ခြမှာခြဘုရင်နဲ့ ခြဘုရင်မ၊ ခြစစ်သားနဲ့ ခြလုပ်သားဆိုပြီး သုံးမျိုးရှိပါတယ်။ ခြဘုရင်နဲ့ ခြဘုရင်မက အတောင်ပံတွေ ရှိပြီး မျက်စိလည်းမြင်ရပေမယ့် ကျန်တဲ့ခြတွေကတော့ မွေးကတည်းက အတောင်ပံမပါသလို မျက်စိလည်း မမြင်ရပါဘူး။ ဒါပေမဲ့ အမြင်အာရုံမရှိလည်း သူတို့ကကောင်းကောင်းကြီး အလုပ်လုပ်နိုင်ပါတယ်။သူတို့တွေက မှောင်မိုက်စိုစွတ်တဲ့နေရာတွေမှာချည်းပဲ တစ်သက်လုံး နေနေရတာဆိုတော့ မမြင်ရလည်း ကိစ္စ မရှိဘူးပေါ့။ သူတို့တွေက ဖရိုမုန်းစ်( Pheromones ) လို့ ခေါ်တဲ့ အထူးဓာတုအနံ့တစ်မျိုးနဲ့ တစ်ကောင်နဲ့တစ်ကောင် ဆက်သွယ်ကြပါတယ်။ သူတို့ရင်ဘတ်မှာအထူးဂလန်း ( glands ) တွေရှိပြီး သူတို့သွားရာ လမ်းတစ်လျှောက်မှာအဲဒီကနေ အနံ့လမ်းကြောင်း ချန်ထားခဲ့ပြီး နောက်က အကောင်တွေက အဲဒီအနံ့အတိုင်း လိုက်လာကြတာပါ။ ခြဘုရင်မဟာ တစ်နှစ်ကို ဥပေါင်းသန်းပေါင်းများစွာ ဥနိုင်ပါတယ် ခြအသိုက်အမြုံကြီးတွေကို ခြဘုရင်နဲ့ခြဘုရင်မက တည်ထောင်တာပါ။ခြအသိုက်အမြုံကြီးမှာ မျိုးပွားနိုင်စွမ်းရှိတာဆိုလို့ သူတို့နှစ်ကောင်ပဲရှိပါတယ်။ ခြဘုရင်မဟာ တစ်နှစ်ကို ဥပေါင်း သန်းပေါင်းများစွာ ဥနိုင်တဲ့အတွက်ခြအသိုက် အမြုံတစ်ခုမှာ ဘုရင်နဲ့ဘုရင်မတစ်တွဲပဲ ရှိတယ်ဆိုရင်တောင် လုံလောက်နေပါပြီ။ ခြဘုရင်မဟာ တစ်နေ့တည်းမှာတင် ဥပေါင်း (၃ဝဝဝဝ) အထိ ဥနိုင်တယ်လေ။ဒါပေမဲ့ ဥတိုင်းတော့ အဖတ်မတင်ဘူးပေါ့။ မဟုတ်ရင် တစ်ကမ္ဘာလုံးမှာခြတွေချည်းပဲ ဖြစ်နေတော့မှာပါ။ ပြီးတော့ အကောင်သေးသေး ပိုးမွှားလေးသာဖြစ်နေပေမယ့်ခြဘုရင်မရဲ့ သက် တမ်းဟာ ဆယ်နှစ်ကောင်းကောင်းကျော်ပါသတဲ့။ ခြဘုရင်မတွေဟာ မိတ်လိုက်ပြီးတာနဲ့ ဥဥဖို့ချည်းပဲ အဓိက လုပ်ပါတော့တယ်။ ဘုရင်မဟာ သီးသန့်အခန်းထဲမှာနေပြီး မွေးကင်းစ သားလောင်းလေးတွေကို စောင့်ရှောက်တယ်၊ မိတ်လိုက်တယ်၊ ဥဥပါတယ်။ ခြဘုရင်နဲ့ ခြဘုရင်မဟာ ဖရိုမုန်းစ်( Pheromones ) ဓာတ်တွေလည်းထုတ်လွှတ်ပါတယ်။ သူတို့က သားလောင်းလေးတွေကို ဖရိုမုန်းစ်ဓာတ်ပါတဲ့သူတို့ မစင်တွေ ကျွေးပါတယ်။ ခြသားလောင်းတွေထဲမှာ ဘယ်လောက်များများကခြစစ်သား ဖြစ်မယ်၊ ဘယ်လောက်က ခြလုပ်သားဖြစ်မယ်၊ ဘယ်လောက်ကခြဘုရင်လောင်း၊ ခြဘုရင်မလောင်းဖြစ်မယ်ဆိုတာတွေကို ဖရိုမုန်းစ်ဓာတ်က ဆုံးဖြတ်ပေးတာပါ။ ခြကို စားလို့ရပါတယ် ဟုတ်ပါတယ်။ ခြတွေက စားလို့ရပါတယ်။ တချို့လူတွေက ဖျားနာတာသက်သာလာအောင်ဖြစ်ဖြစ်၊ အာဟာရအ တွက်ပဲဖြစ်ဖြစ် ခြတွေကို စားပါတယ်။စင်ကာပူမှာဆိုရင် ခြဘုရင်မတွေကို ရှားပါး စားကောင်းသောက်ဖွယ်လို့သတ် မှတ်ထားကြပါတယ်။ သူတို့က ခြတွေကို အစိမ်းလိုက်လည်းစားသလို၊ ဆန်အရက်ထဲမှာဖြစ်ဖြစ်၊ ရိုးရိုးအရက်ထဲမှာဖြစ်ဖြစ်စိမ်ထားပြီး စားပါတယ်။ အမေဇုန်တောထဲကတချို့လူတွေဆိုရင် ချောင်းဆိုးပျောက်အောင်ဆိုပြီး ခြစွပ်ပြုတ်လုပ်စားပါသတဲ့။ ခြနဲ့ ပုရွက်ဆိတ်ဟာ မဟာရန်သူကြီးတွေပါ ပုရွက်ဆိတ်ဟာ ခြကို စားတဲ့အတွက် ခြရဲ့ မဟာရန်သူကြီးဖြစ်ပါသတဲ့။ဒါကြောင့် တချို့ ပိုးမွှားနှိမ်နင်းရေးကုမ္ပဏီတွေဟာ ခြနှိမ်နင်းတဲ့နေရာမှာခြရဲ့ သဘာဝရန်သူကြီးဖြစ်တဲ့ ပုရွက်ဆိတ်ကို အသုံးချပါသတဲ့။ ဒါကြောင့် ကိုယ့်ခြံထဲမှာ ပုရွတ်ဆိတ်အိမ်ကြီးတွေ့တယ်ဆိုရင် ခြအိမ်ကြီးတွေ့ဖို့ကတော့ ဖြစ်နိုင်ခြေ နည်းသွားပါလိမ့်မယ်။ ခြကြောင့် ဒုက္ခများနေရတယ်ဆိုရင်ပုရွက်ဆိတ်တွေကို အိမ်ထဲဖိတ်ခေါ်ကြည့်လိုက်ပါ။ ဒါပေမဲ့ ပုရွက်ဆိတ်တွေသိပ်များလွန်းသွားရင်လည်း ကောင်းကျိုးထက် ဆိုးကျိုးက ပိုများသွားနိုင်တယ်နော်။ ခြက သဘာဝပတ်ဝန်းကျင်ကြီးအတွက် အရမ်းကိုမှအရေးကြီးပါတယ် အိမ်မှာ ခြတက်နေရင်သာ သိပ်စိတ်ညစ်ဖို့ကောင်းပေမယ့် တကယ်တော့ခြဟာ ဂေဟစနစ်ကြီးအတွက် အရမ်းကိုမှ အရေးကြီးပါတယ်။ သူတို့ကသစ်သားတွေကို စားသောက်ဖျက်ဆီးပစ်တတ်သလို မြန်မြန်မပျက်စီးလွယ်တဲ့အရာဝတ္ထုတွေကိုလည်း အမြန်ဆွေးမြေ့ပျက်စီးသွားအောင် လုပ်ပေးတယ်လေ။ သဘာဝတောရိုင်းထဲမှာ အကြောင်းအ မျိုးမျိုးကြောင့် လဲကျသွားတဲ့သစ်ပင်ကြီးတွေကို သူတို့က စားပစ်လိုက်တော့ မြန်မြန်ဆွေးမြေ့ပျက်စီးသွားပြီး မြေသြဇာဖြစ်သွားတော့တာ ပေါ့။ ဒါကြောင့် သစ်တောကြီးတွေကို စိမ်းလန်းစိုပြေ ကြီးထွားအောင် လုပ်ပေးနေတဲ့ အင်းဆက်ပိုးမွှားတွေထဲမှာ ခြတွေလည်း ပါနေတာပါ။ ပြီးတော့သူတို့တွေ တွင်းတူးလိုက်၊ လိုဏ်ခေါင်းလေးတွေဖောက်လိုက် လုပ်နေတော့ ဒါဟာလည်းမြေကြီးကိုမွနေစေပြီး အပင်တွေအတွက် ကောင်းပါတယ်။ ခြတွေသာ လူနေအိမ်ထဲဝင်မလာဘဲ သူ့ဘာသာသူ အပြင်ဘက်မှာ၊ တောရိုင်းသဘာဝထဲမှာ နေမယ်ဆိုရင်သူတို့ဟာ အင်မတန် ကောင်းကျိုးပေးတဲ့ သတ္တဝါပါ။ Credit By : NPNews
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ