By သီဟကိုကို, Shweproperty.com
Updated at 17 January 2014
မကြာမီက လုပ်ငန်းစတင်လည်ပတ်သော ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်အနေဖြင့် ငွေချေး အဆိုပြုလွှာ များကို စတင်လက်ခံနေပြီဖြစ်ကာ တင်ပြသောပိုင်ဆိုင်မှုတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်း အထိ ချေးငွေပေးမည်ဟု ယင်းဘဏ်၏ လက်ထောက်အထွေထွေမန်နေဂျာ ဦးတင် ယုက မဇ္ဈိမသို့ ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးစီး တည်ထောင်ထားသော အဆိုပါဘဏ်အနေ ဖြင့် မြေပိုင်ရှင်၊ ဆောက်လုပ်ရေးကုမ္ပဏီ၊ တစ်ဦးတည်းပိုင်လုပ်ငန်းရှင်များကို ချေးငွေ ပေးမည်ဖြစ်ကာ ချေးငွေပေးရန်အတွက် အဆောက်အအုံဆောက်လုပ်မည့်မြေ၏ ပိုင်ဆိုင်မှုကို အဓိကထား၍ စိစစ်အကဲဖြတ် မည်ဟု ယင်းကဆက်လက်ပြောသည်။
ဦးတင်ယုက ''ငွေချေးချင်တဲ့သူတွေကို လက်ခံနေပါပြီ၊ စာရွက်စာတမ်းအပြည့် အစုံနဲ့ လာတင်ပြတာတွေကို လက်ခံနေပြီ။ လာတင်ပြထားတာက လုပ်ငန်း သုံး၊ လေး ခုပဲရှိသေးတယ်။ ငွေတော့ မချေးရသေး ပါဘူး။ စိစစ်ဆဲဆိုတော့ ဘယ်တော့စချေး မယ်ဆိုတာတော့ အချိန်အတိအကျ မပြော နိုင်သေးဘူး'' ဟု ပြောသည်။
အဆိုပါ ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်၏ ရုံးချုပ်အား ရွှေတိဂုံ ဘုရားလမ်းတွင်လည်းကောင်း၊ ဘဏ်ခွဲ တစ်ခုအား ဗိုလ်ချုပ်အောင်ဆန်းလမ်း ဗိုလ်တထောင်မြို့နယ်တွင်လည်းကောင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဦးတင်ယုက ''ငွေချေးပေးမယ့်ပမာဏ ကတော့ လာရောက်လျှောက်ထားသူ တင် ပြတဲ့ ပိုင်ဆိုင်မှု(မရွှေ့ပြောင်းနိုင်သောမြေအစရှိသောပစ္စည်း) အပေါ်ရာဖြတ် အဖွဲ့က တန်ဖိုးဖြတ်မယ်။ ပိုင်ဆိုင်မှုတန်ဖ ရဲ့ ၃ဝ ရာခိုင်နှုန်းကိုပဲ ချေးပေးမှာပါ'' ဟု ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ထုတ်ချေးမည့်ချေးငွေများအနေဖြင့် ပွင့်လင်းမြင်သာမှုရှိမှသာ အကျိုးသက်ရောက် မှုရှိနိုင်မည်ဟု စိုင်းခွန်နောင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီ အထွေ ထွေမန်နေဂျာ ဦးရန်အောင်က မဇ္ဈိမသို့ ပြောကြားသည်။
ယင်းက ''ဆောက်လုပ်ရေးလောကမှာ ဖြစ်နေတတ်တာက ကန်ထရိုက်တာအချို့ က ငွေကြေးအင်အားမရှိဘဲနဲ့ မြေရှင်နဲ့ အကျိုးတူပေါင်းပြီးဆောက်ကြတယ်။ ပြီး တော့ ငွေမနိုင်တော့ပြေးသွားကြတာမျိုး တွေရှိတယ်။ အခု ဒီလုပ်ငန်းတွေအတွက် ချေးငွေပေးမယ်ဆိုတော့ ငွေမနိုင်လို့ ကန် ထရိုက်တွေပြေးတဲ့ပြဿနာမျိုးတွေတော့ လျော့သွားမှာပေါ့။ ဒါပေမဲ့ ပွင့်လင်းမြင် သာမှုတော့ရှိဖို့လိုတယ်'' ဟု ပြောသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်ခွဲများအား နေပြည်တော်၊ မန္တလေး၊ တောင်ကြီး စသည်မြို့ကြီးများတွင် ဆက် လက်ဖွင့်လှစ်သွားမည်ဟု သတင်းထုတ်ပြန် ထားသည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ