By 7daydaily, Shweproperty.com
Updated at 3 August 2015
ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကဆောက်လုပ်ရေးလုပ်ငန်းရှင်များ အား ကျပ် ၇၀ ဘီလီယံ ထုတ်ချေး ထားကြောင်း အဆိုပါဘဏ်ဥက္ကဋ္ဌ ဦးမင်းထိန်က ပြောသည်။
အဆိုပါ ချေးငွေများအနက် ဘီလီယံ ၆၀ ကျော်ကို လက်ရှိ မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနကတည်ဆောက်နေသည့် ရတနာနှင့် သရဝဏ် အိမ်ရာများ တည် ဆောက်ခွင့်ရရှိထားသည့်ဆောက် လုပ်ရေး ကုမ္ပဏီများကို ချေးပေး ထားပြီး ကျန် ၁၀ ဘီလီယံမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး ၁၀ ဦးအား ထုတ်ချေးပေးထားခြင်း ဖြစ်ကြောင်း ဦးမင်းထိန်က ပြော ကြားသည်။
လက်ရှိ ငွေချေးရာတွင် အ ခန်းပေး အခန်းယူစနစ်ဖြင့် တည် ဆောက်သည့် လုပ်ငန်းရှင်များ အား ငွေမချေးဘဲ တိုက်ရိုက်ကိုယ် ပိုင်မြေတွင် တည်ဆောက်သည့် ကုမ္ပဏီများကိုသာ ငွေချေးပေးခြင်း ဖြစ်ကြောင်းသိရသည်။ လက်ရှိ တွင် အဆိုပါဘဏ်မှာ လုပ်ငန်းမ လည်ပတ်နိုင်သဖြင့် တစ်ဝက်တစ် ပျက်နှင့် ရပ်နားထားရသည့် ကန် ထရိုက်တိုက်အလုံး၄၀ကို ငွေချေး ထားပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင်မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးမှုဦးစီးဌာနက တည်ဆောက် ရောင်းချထားသည့် ရွှေလင်ဗန်း အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၅၀၀ ကိုအရစ်ကျစနစ်ဖြင့် ဝယ်ယူ လိုသူ အယောက် ၂၀၀နှင့်မန္တလေး မြရည်နန္ဒာ အိမ်ရာ စီမံကိန်းမှ ဝယ်ယူလိုသူ ၂၉ ဦးကို ရှစ်နှစ်အ ရစ်ကျစနစ်ဖြင့် ငွေထုတ်ချေးပေး ထားကြောင်း သိရသည်။
ငွေချေးလိုသူသည် ကိုယ်ပိုင် မြေတွင် တည်ဆောက်ရမည်ဖြစ် ပြီး အဆောက်အအုံ၏ ၂၀ ရာခိုင် နှုန်းပြီးမှသာ ဘဏ်က အတိုးနှုန်း ၁၂ ရာခိုင်နှုန်းယူ၍ ငွေချေးပေးထားကြောင်း သိရသည်။
‘‘အခုတိုက်ခန်းတွေကို အ ရစ်ကျနဲ့ ရောင်းတဲ့ ကုမ္ပဏီတော် တော်များများက ဘဏ်ချေးငွေရ လို့ သူတို့ဆောက်နိုင်ကြတာ။ ကိုယ့်ငွေကိုတော့ ဘယ်သူမှစိုက် ပြီးစမဆောက်နိုင်ဘူး’’ ဟု ဧရာ ကမ္ဘာ ဆောက်လုပ်ရေးကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဦးသန်း လွင်က ပြောသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါအ ဝင် ဆောက်လုပ်ရေးလုပ်ငန်းရှင် များ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် များ စုစည်းပြီး ပြီးခဲ့သည့်နှစ်က စတင်တည်ထောင်ခြင်းဖြစ်သည်။ ၂၀၁၃ ဇူလိုင်တွင် ဗဟိုဘဏ်က ဘဏ်လိုင်စင်ရရှိခဲ့ပြီး ငွေချေးခြင်းလုပ်ငန်းများ လည်ပတ်နေသည်မှာ သုံးလခန့်သာ ရှိသေးသည်။
အဆိုပါဘဏ်သည် နယ်မြို့ ကြီးများတွင် ဘဏ်ခွဲများဆက် လက်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး နိုင်ငံတကာက အတိုးနှုန်းသက်သာသည့် ငွေကြေးအထောက်အပံ့များယူ၍ လည်ပတ်ရန် စီစဉ် လျက်ရှိသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ