By Shweproperty.com, Shweproperty.com
Updated at 3 November 2015
ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ စီမံကိန်းတိုက်ခန်းတွေကို CHD Bank (ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်) မှ ချေးငွေနဲ့ ဝယ်ယူခွင့်ရရှိသူတွေအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
"တိုက်ခန်းဝယ်ယူခွင့်ရရှိတဲ့ သူတွေဟာ ငါးနှစ်အတွင်း ပြန်ရောင်းခွင့်မပေးပါဘူး၊ ပြန်ရောင်းမယ်ဆိုရင်လဲ ဘဏ်နဲ့ချိတ်ဆက်ပြီး ရောင်းချတာဖြစ်တဲ့အတွက် ဌာနကိုပြန်အပ်ရပါတယ်၊ ဒါမှ ဌာနကပြန်ပြီး စီမံခန့်ခွဲပေးတာ" လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။ ဆောင်ရွက်ရမယ့် အချက်တွေကို ဖော်ပြလိုက်ပါတယ်။
*တိုက်ခန်းဝယ်ယူခွင့်ရရှိတဲ့ သူတွေက တိုက်ခန်းတန်ဖိုးရဲ့ အနည်းဆုံး (၃၀) ရာခိုင်နှုန်းက ကနဦးပေးချေငွေနဲ့ ကျသင့်ဘဏ်ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းကို ဘဏ်တွေပေးသွင်းရမှာ ဖြစ်ပါတယ်။
*ကနဦးပေးချေငွေ (၃၀) ရာခိုင်နှုန်း ဘဏ်ကိုပေးသွင်းထားတဲ့ ချလန်မိတ္တူနဲ့ တိုက်ခန်းချအကြောင်းကြားစာ မိတ္တူတွေကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကို ပေးအပ်ရမှာ ဖြစ်ပြီး မြန်မာ့အာမခံလုပ်ငန်းမှာ ရေ၊မီး၊ ငလျင်အတွက် နှစ်စဉ်အာမခံထားရှိရန် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
*အာမခံထားရှိတဲ့ ပြေစာမိတ္တူ၊ တိုက်ခန်းအကြောင်းကြားစာ မိတ္တူတွေကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကို ပေးအပ်ပြီးတိုက်ခန်းမှာ ယာယီငှားတက်ရောက် နေထိုင်ခွင့် ထုတ်ပေးပြီး သော့ကို တိုက်ခန်းဝယ်ယူခွင့်ရှိသူကို ပေးအပ်မှာဖြစ်ပါတယ်။
*ဘဏ်က သတ်မှတ်ထားတဲ့ လစဉ်ချေးငွေ အရင်းနဲ့အတိုးတို့ကို လဆန်း (၅) ရက်နေ့မတိုင်မီ CHD Bank (ဗိုတထောင်ဘဏ်ခွဲ) မပျက်မကွက် ပေးသွင်းရန်နှင့် လစဉ်အိမ်လခ ကျသင့်ငွေကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကို မှန်မှန်ပေးသွင်းရမှာ ဖြစ်ပါတယ်။
*တိုက်ခန်းဝယ်ယူသူဟာ ဘဏ်ချေးငွေ အကျေပေးသွင်းပြီးကြောင်း ဘဏ်မှ အကြောင်းကြားစာ ရရှိပါက ဦးစီးဌာနမှ တိုက်ခန်းပိုင်ဆိုင်မှု အထောက်အထားတွေကို တိုက်ခန်းဝယ်ယူသူကို ထုတ်ပေးမှာ ဖြစ်ပါတယ်။
လေးရစ်ပေးချေစနစ်နဲ့ ဝယ်ယူမယ့်သူတွေကတော့ အရစ်ကျပေးချေရမယ့် တိုက်ခန်းတန်ဖိုးငွေကို လေးကြိမ်လေးလ တစ်ဆက်တည်း ပေးသွင်းရမှာပါ။ ဝယ်ယူသူတွေဟာ တိုက်ခန်းတန်ဖိုးငွေ အကျေပေးသွင်း ပြီးပါက ယာယီနေထိုင်ခွင့် အကြောင်းကြားစာသော့ကို တိုက်ခန်းဝယ်ယူခွင့်ရှိသူကို ပေးအပ်ပြီး ပိုင်ဆိုင်ခွင့် Owner Book ကိုဦးစီးဌာနမှ ထုတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Shweproperty.com
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ