By 7daydaily, Shweproperty.com
Updated at 14 October 2016
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အိမ်ရာ ဝယ်ယူလိုသူများနှင့် ဆောက်လုပ် ရေးလုပ်ငန်းရှင်များအား သုံးနှစ် အတွင်း ချေးငွေကျပ် ၉၇ ဘီလီယံ ထုတ်ချေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။
အရစ်ကျစနစ်ဖြင့် အိမ်ရာ ဝယ်ယူလိုသူ ၅၀၀ ကျော်အတွက် ခုနစ်ဘီလီယံ ထုတ်ချေးခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင် ၂၀၀ ကျော်အား ဘီလီယံ ၉၀ ထုတ်ချေးထားကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းအောင် အေးက ပြောသည်။
အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ နည်းတူ ချေးပေးနေသည့် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်သည် အိမ်ဝယ်လိုသူများအ တွက် အစိုးရက လက်ရှိ တည် ဆောက်နေသော အိမ်ရာများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် ငွေထုတ်ချေးနေသည်။
‘‘လွန်ခဲ့တဲ့ နှစ်တွေက အိမ် ဝယ်ဖို့ လေးနှစ်နဲ့ ချေးပေးတော့ လူတွေဘက်က ငွေဆပ်နိုင်ဖို့ အ ခက်အခဲတွေရှိတော့ အခု ရှစ်နှစ် ဆိုပြီး တိုးပေးလိုက်တယ်။ ချေးငွေသက်တမ်းကို ဒီထက်မက နှစ် ရှည်ချေးနိုင်အောင် လုပ်ပေးချင် တယ်။ ဒါပေမဲ့ အခက်အခဲတချို့ ရှိနေသေးလို့ပါ’’ဟု အဆိုပါဘဏ် မှ ဒါရိုက်တာ ဦးဝင်းဇော်က ဆို သည်။ တစ်ဆက်တည်းမှာပင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အား ငွေချေးရာ၌ ကန်ထရိုက်တာ များကို တိုက်ရိုက်ချေးခြင်းမဟုတ် ဘဲ မြေပိုင်တွင် ကိုယ်တိုင်တည် ဆောက်သည့်လုပ်ငန်းရှင်များကို သာ အဓိကငွေချေးခြင်း ဖြစ်သည်ဟုဆိုသည်။
ရန်ကုန်ရှိ လူဦးရေအပေါ် စစ်တမ်းကောက်ယူထားမှုများအ ရ အိမ်ထောင်စုတစ်စုလျှင် ဝင်ငွေ ကျပ် နှစ်သိန်းခန့်ရှိ၍ အဆိုပါ ဝင် ငွေနှင့် ကိုက်ညီသည့် ဘဏ်ချေးငွေကို ထုတ်ချေးနိုင်ရန် ရည်ရွယ် သည်ဟုဆိုသည်။
အိမ်တစ်ခန်း၏ တန်ဖိုးမှာ ကျပ်သိန်း ၁၀၀ က စတင်မည်ဖြစ် ရာ ကနဦးပေးချေငွေ ၃၀ ရာခိုင် နှုန်းပေးပြီးပါက တစ်လလျှင် တစ် သိန်းခွဲမှ နှစ် သိန်းခွဲကြားပေးသွင်း ရမည့် အနေအထား ရှိကြောင်း CHDB ဘဏ်က ခန့်မှန်းထား သည်။
ယခုနှစ်အတွင်း ရန်ကုန်တွင် တည်ဆောက်ပြီးစီးသည့် ရွှေလင် ဗန်းအပိုင်း ၂၊ ယုဇနတန်ဖိုးနည်း အိမ်ရာ စီမံကိန်းတို့မှ အခန်းပေါင်း ၂,၀၀၀ ကျော်ကို ရောင်းချပေးရန် စီစဉ်နေပြီး ရှစ်နှစ်အရစ်ကျဘဏ် ချေးငွေဖြင့် ရောင်းချမည် ဖြစ် သည်။
ဆောက်လုပ်ရေး လုပ်ငန်း များ အားနည်းနေချိန်တွင် ငွေ ကြေး အရင်းအနှီး နည်းပါးနေ သော ဆောက်လုပ်ရေးလောက သားများအား ယင်းဘဏ်က ကူညီနိုင်မှုနည်းပါးနေသေးကြောင်း ဓန မြေဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးဝင်းလှိုင်က ပြောသည်။
ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါအ ဝင် ဆောက်လုပ်ရေးလုပ်ငန်းရှင် များ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် များစုပေါင်း၍ ၂၀၁၄ တွင် စတင် တည်ထောင်ခဲ့သည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ