By 7daydaily, Shweproperty.com
Updated at 15 October 2015
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က လတ်တလော အိမ်ဝယ်လိုသူ၊ အိမ်ရာ တည်ဆောက်လိုသူများအားချေး ငွေများ ထုတ်ပေးနေသော်လည်းအဆိုပါချေးငွေပြန်လည် မရရှိမည်ကို စိုးရိမ်ရသည့် အခြေအနေဖြစ်နေကြောင်း အဆိုပါဘဏ် ဒါရိုက်တာဦးဝင်းဇော်က ပြောသည်။
‘‘ချေးတယ်ဆိုတဲ့ သဘော ကိုကပြန်ရဖို့ အခက်အခဲရှိတယ်။ အိမ်ဝယ်ဖို့ ချေးတဲ့သူတွေဟာ လည်း ကိုယ့်ရထားတဲ့ အိမ်ကို လ စဉ်သွင်းနေရတာရယ်၊ ဘဏ်ကို ပြန်ဆပ်နိုင်ဖို့ရယ် တာဝန်နှစ်ရပ် ထမ်းနေရတာ အဲဒီအတွက် ချေး ငွေတွေ ပြန်မရမှာ အစိုးရိမ်ရဆုံး ပဲ’’ဟု ဦးဝင်းဇော်က ဆိုသည်။
လက်ရှိတွင် အဆိုပါ ဘဏ်က ဆောက်လုပ်နေစဉ် ငွေကြေးမလည်ပတ်တော့သည့် ကုမ္ပဏီများအား အဓိကငွေချေးပေးပြီး ထပ်မံ၍ နိုင်ငံတကာတွင် ချေးယူရန်စီစဉ်ထားသည့် ငွေများရောက်ရှိလာပါက ပို၍တိုးမြှင့်ချေးပေးနိုင်ဖွယ်ရှိကြောင်း ဦးဝင်းဇော် က ပြောသည်။
လက်ရှိ ငွေချေးရာတွင် အ ခန်းပေး အခန်းယူစနစ်ဖြင့် တည် ဆောက်သည့် လုပ်ငန်းရှင်များ ကို ငွေမချေးဘဲ တိုက်ရိုက်ကိုယ် ပိုင်မြေတွင် တည်ဆောက်သည့် ကုမ္ပဏီများကိုသာ ငွေချေးပေးပြီး လုပ်ငန်းမလည်ပတ်နိုင်သဖြင့် တစ်ဝက်တစ်ပျက်နှင့် ရပ်နားထား ရသည့် ကန်ထရိုက်တိုက်အလုံး ၄၀ အား ငွေချေးထားပြီးဖြစ် ကြောင်း အဆိုပါ ဘဏ်ကထုတ် ပြန်ထားသည်။
ငွေချေးလိုသူသည် ကိုယ် ပိုင်မြေတွင် တည်ဆောက်ရမည် ဖြစ်ပြီး အဆောက်အအုံ၏ ၂၀ ရာခိုင်နှုန်းပြီးစီးမှသာ ဘဏ်က အတိုး နှုန်း ၁၂ ရာခိုင်နှုန်းသာယူ၍ ငွေချေးပေးကြောင်း သိရသည်။
‘‘ဘဏ်ချေးငွေက လောက် လောက်လားလားတော့ မရပါ ဘူး။ ကိုယ့်လုပ်ငန်းရှင် အချင်း ချင်း ငွေလှည့်ပတ်နေကြရတာများ တယ်’’ဟု ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးက ဆိုသည်။
လက်ရှိ ဆောက်လုပ်ရေး လောက အကျပ်ရိုက်နေချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး များ၌ ဘီလီယံနှင့် ချီပြီး အကြွေး တင်နေမှုများပင်ရှိကြောင်း တော် ဝင်ဆောက်လုပ်ရေးကုမ္ပဏီအ ကြီးအကဲ ဦးကိုကိုထွေးက ပြော သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါအ ဝင် ဆောက်လုပ်ရေးလုပ်ငန်းရှင် များ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် များစုစည်း၍ ပြီးခဲ့သည့်နှစ်က တည်ထောင်ခြင်း ဖြစ်သည်။ ၂၀၁၃ ဇူလိုင်တွင် ဗဟိုဘဏ်မှ ဘဏ်လိုင်စင်ရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး အိမ်ရာတည်ဆောက် ခြင်း အိမ်ဝယ်လိုသူများကို ငွေချေးခွင့် လိုင်စင်ရှိထားသည့် ဘဏ်လည်း ဖြစ်သည်။
Ref : 7daydaily
Photo Credit : Kmijo2
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ