By 7daydaily, Shweproperty.com
Updated at 8 June 2017
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာဝယ်ယူရန် စုဆောင်းငွေစာရင်း ဖွင့်လှစ်ထား သူ ၁၆,၀၀၀ အထိ ရှိလာကြောင်း အဆိုပါဘဏ်မှ သတင်းရရှိသည်။
ငွေစာရင်းဖွင့်လှစ်ခြင်းကို ပြီး ခဲ့သည့် ၂၀၁၆ ဩဂုတ်က စတင်ခဲ့ ရာ စိတ်ဝင်စားသူများပြားပြီး စုဆောင်းသူ လစဉ်တိုးပွားလာသည်။
အိမ်ရာဝယ်ယူခွင့် ငွေစုစာ အုပ်အစီအစဉ် စတင်ခဲ့သည့် ၁၁လအတွင်း ပုံမှန်ဝင်ငွေရှိသူကုမ္ပဏီ ဝန်ထမ်းနှင့် အစိုးရဝန်ထမ်းအများ စုက ငွေစာရင်း ဖွင့်လှစ်ခြင်းဖြစ် သည်။
အထူးသဖြင့် ဆောက်လုပ် ရေးဝန်ကြီးဌာနက ရောင်းချသည့် ကျပ် သိန်း ၁၀၀ ခန့် တန်ဖိုးနည်း အိမ်ရာများကို ဝယ်ယူလိုသူ အ များစုက လာရောက်စုဆောင်းခြင်း ဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ဆောက်လုပ်ရေးဘဏ်တို့ ပူးပေါင်းကာ အရစ်ကျစနစ်ဖြင့် ရောင်းချနေသည့် ယုဇနဥယျာဉ် မြို့တော်အနီးနှင့် လှိုင်သာယာမြို့ နယ်တို့တွင် ဆောက်လုပ်ခဲ့သည့် ကျပ်သိန်း ၁၀၀ ခန့် တန်ဖိုးနည်း တိုက်ခန်းများ ဝယ်ယူခွင့်နှင့် သန် လျင်မြို့နယ်တွင် ဆက်လက်ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ် ရာများ ဝယ်ယူခွင့်အတွက် အဆိုပါအိမ်ရာစုဆောင်းငွေစာရင်း လာရောက်ဖွင့်လှစ်ခြင်းဖြစ်သည်။
ဆောက်လုပ်ရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့် လှစ်ပါက ငွေကျပ်တစ်သောင်းဖြင့် စတင်ဖွင့်လှစ်နိုင်ပြီး တန်ဖိုးနည်း တိုက်ခန်းဝယ်ယူခွင့်ရရန် စု ဆောင်းငွေသည် အိမ်တန်ဖိုး၏ ၃၀ရာခိုင်နှုန်းပြည့်မီရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တန်ဖိုးနည်းတိုက်ခန်း များ ရောင်းချရန် အစီအစဉ်ရှိလာပါက ငွေစာရင်းဖွင့်လှစ်ထားသူ များထဲမှ တိုက်ခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်း စုဆောင်းထားပြီးသူများကို စီနီယာအစဉ်လိုက် ရောင်းချနေ ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ ဈေးကွက်ဌာန လက်ထောက်မန်နေဂျာ ဦးဟိန်းဝေနောင်က ရှင်းပြသည်။
လက်ရှိအချိန်အထိစုဆောင်းသူ ၁၆,၀၀၀ မှ ဦးရေ ၆၀၀ ကို အိမ်ရာဝယ်ယူရန် ချေးငွေထုတ်ချေး ထားပြီးဖြစ်ကြောင်း ၎င်းကဆက် လက်ပြောကြားသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်သည် လက်ရှိတွင် ဝန်ကြီးဌာနက တည်ဆောက်နေ သည့် အိမ်ရာစီမံကိန်းများကို နှစ် ရှည်အစီအစဉ်ဖြင့် ချေးငွေထုတ် ချေးလျက်ရှိသည်။
မကြာမီ ပြင်ပတွင် ပုဂ္ဂလိက က ရောင်းချနေသည့် လူနေတိုက် ခန်း လုံးချင်းအိမ်အားလုံးကို ဘဏ်ချေးငွေဖြင့် ဝယ်ယူရန် ကူညီပေးမည့်အစီအစဉ် ဖော်ဆောင်ရန် ရည်ရွယ်ထားသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်သည် ချေးငွေ ကဏ္ဍစုံမှ ကျပ် ၁၃၀ ဘီလီယံ ကျော် ထုတ်ချေးထားကြောင်း သတင်းထုတ်ပြန်ထားသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါအ ဝင် ဆောက်လုပ်ရေးလုပ်ငန်းရှင် များ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် များ စုစည်း၍ ၂၀၁၄ က စတင် တည်ထောင်ခဲ့သည်။
Ref : 7daydaily
Photo Credit : EMG
Posted By : Moe Thae
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ