By The Kumudra, Shweproperty.com
Updated at 30 July 2015
တန်ဖိုးနည်း အိမ်ရာအခန်းဝယ်ယူခွင့် မဲပေါက်ပြီး မဝယ်ယူနိုင်သူတွေ ရှိသလို ဝယ်ယူထားသူတွေကလည်း ပြန်လည် ငှားရမ်းတာတွေရှိပါတယ်။
အိမ်ရာအခက်အခဲ ရှိသူတွေအတွက် ရောင်းချတဲ့ အိမ်ရာတွေထက် အငှားအိမ်ရာ ဖြည့်ဆည်းပေးမှသာ အဆင်ပြေနိုင်မယ်လို. ဆိုပါတယ်။
‘ရွှေလင်ပန်းအိမ်ရာ အပိုင်း(၁)မှာ ဆိုရင် အခန်းပေါင်း ၅၇၀ကျော် ရောင်းချထားတယ်၊ မဲပေါက်ပြီး လာရောက်မဆက်သွယ်တဲ့ လူက ၈၀လောက်ကျန်သေူတယ်၊ မဲပေါက်ပြီး လာရောက်မဆက်သွယ်တဲ့ လူက ၈၀လောက် ကျန်သေးတယ်၊ မဲပေါက်ပြီး ဝယ်ထားတဲ့ သူတွေကလဲ ဝေးတော့ လာမနေဘဲ ပြန်ငှားထားကြတယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် အမှန်တကယ် အိမ်ရာလိုအပ်နေတဲ့ သူတွေကလဲ ဈေများတော့ အခန်းမဝယ်နိုင်ကြဘူး၊ ဒါကြောင့် နောက်ထပ်ဆောက်နေတဲ့ အိမ်ရာစီမံကိန်းတွေကို ရောင်းမယ့်အစား အငှားအိမ်ရာ လုပ်မယ်ဆိုရင် အဆင်ပြေနိုင်တယ်လို. မြို.မြအိမ်ရာဖွံ.ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြို.ပြနှင့် အိမ်ရာဖွံ.ဖြိုးရေး ဦးစီးဌာနက ရောင်းချခဲ့တဲ့ ရွှေလင်ပန်းအိမ်ရာအပိုင်း(၁)မှာ အခန်းပေါင်း ၇၆၈ခန်းရှိပြီး မဲပေါက်သူဦးရေ ၄၀၀ရှိတယ်။ ၎င်းမဲပေါက်သူတွေကို မတ်လ ၅ရက်နေ.ကစတင်ပြီး အိမ်ခန်းတွေမှာ တက်ရောက်နေထိုင်ခွင့် ပြုခဲ့ပါတယ်။ သတ်မှတ်ချိန်အတွင်း မဲပေါက်ပြီး လာရောက် မဆက်သွယ်တဲ့ လူတွေကိုလည်း ဝယ်ယူရန် စိတ်ဝင်စားမှုမရှိဟု ယူဆပြီး ဝယ်ယူခွင့် ပယ်ဖျက်မယ့်အကြောင်း ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ.ကနေ နိုင်ငံပိုင် သတင်းစာကနေ ကြော်ငြာခဲ့ပါတယ်။
ယခုအချိန်မှာတော့ မဲပေါက်ပြီး လာရောက်ဆက်သွယ်ခြင်းမရှိတဲ့ အခန်း ၈၀ခန်.ရှိပြီး မဲပေါက်တဲ့သူတွေကလည်း မြေညီထပ်ကို တစ်လတစ်သိန်း၊ ပထမထပ်ကို တစ်လ ခုနစ်သောင်း၊ ဒုတိယထပ်ကို တစ်လ ခြောက်သောင်းနဲ. ခြောက်လစာကြိုယူပြီး ငှားရမ်းနေကြတယ်လို. သိရပါတယ်။
ခုလက်ရှိမှာ တန်ဖိုးနည်းနဲ. တန်ဖိုး မျှတအိမ်ရာတွေ ရောင်းချပေးနေပေမဲ့ တကယ်မနေဘဲ ငှားတဲ့လူတွေရှိသလို ဈေးနှုန်းတွေကလည်း အဆမတန် မြင့်နေပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ