By The Modern, Shweproperty.com
Updated at 3 June 2016
ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို ရည်ရွယ်ဆောက်လုပ်တဲ့ တန်ဖိုးနည်းအိမ်ရာ ၁၂လုံးကို ယခုလ ၂၅ ရက်နေ့က စတင်ဆောက် လုပ်နေပြီဖြစ် တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
"‘UN-Habitat ကဌာနက ပုံစံတင်ထားတာတော့ကြာပြီ ၊ ဆောက်လုပ်ခွင့်လာထုတ်တဲ့နေရာမှာ ကြန့်ကြာနေလို့ အခုရက်ပိုင်းမှ စတင် အကောင် အထည်ဖော်ဖြစ်တာ" လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ(အဆောက်အအုံ) ကတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် မြေဧက ၂.၇၀ ပေါ်မှာ ငါးထပ်တိုက် ၁၂ လုံးတည်ဆောက်ပေးသွားမှာဖြစ်ပြီး တိုက်ခန်းအကျယ် အဝန်းကတော့ စတုရန်းပေ ၄၀၀ မှ ၅၀၀ အထိ ကျယ်ဝန်းမယ်လို့ သိရတယ်။
လက်ရှိမှာတော့ တိုက်ငါးလုံးကို စတင်ဆောက်လုပ်ပေးသွားမှာဖြစ်ပြီး ဝင်ရောက်နေထိုင်တဲ့ ကျူးကျော်တွေကို ဖြေရှင်းပြီးရင်တော့ ကျန်တဲ့တိုက်အားလုံးကို ဆောက်လုပ်အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။
စီမံကိန်းကို ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဆောက်လုပ်အကောင်အထည်ဖော်နေပြီး ကုန်ကျစရိတ်ကို ဂျပန်အစိုးရ ရန်ပုံငွေနဲ့ UN-Habitat ကဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အဆိုပါ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းမှာတော့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းပေါင်း ၂၀,၀၀၀ နီးပါးရှီပြီး နှစ်အလိုက် စီမံကိန်းအပိုင်းလိုက် ပုဂ္ဂလိက ကုမ္ပဏီတွေက ဆောက်လုပ်အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
Ref : The Modern
Photo Credit : social
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ