By Messenger, Shweproperty.com
Updated at 5 November 2015
၂၀၁၅-၁၆ ဘဏ္ဍာနှစ် အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တန်ဖိုးနည်း အိမ်ရာစီမံကိန်း (၁၉)ခုမှအခန်းပေါင်း(၁၁၁၆၀)ခန်း တည်ဆောက်ကာ ပြည်သူများအား ရောင်းချပေး သွားမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
''ဒီအခန်းတွေပြီးရင် အိမ်ရာမဲ့ ပြည်သူတွေနဲ့ ဝန်ထမ်းတွေကို ဦးရာ လူစနစ်နဲ့ ရောင်းချဖို့ စီစဉ်ထားတယ်'' ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမူး ဒေါ်အေးအေးမြင့်က ပြောသည်။
အဆိုပါ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများမှ အခန်းများကို ငွေကျပ်သိန်း (၁၀၀) ဝန်းကျင်ဖြင့် ရောင်းချရန် စီစဉ်ထားပြီး၊ စီမံကိန်းများမှ ၂၀၁၇ ခုနှစ်တွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ယင်းအိမ်ရာ စီမံကိန်းများကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ် တို့တွင် စတင် တည်ဆောက်နေလျက်ရှိပြီး၊ အဆိုပါ အိမ်ရာစီမံကိန်းမှ အခန်းများဝယ်ယူရာတွင် အရစ်ကျ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
''အခု လျှောက်နေတာကြာပြီ။ သူများတွေသာ အခန်းရသွားတယ်။ ဒီနေ့ထိ မရသေးဘူး။ လျှောက်တဲ့ သူကလည်း များတော့ အခန်းရဖို့က သိပ်မလွယ်ဘူး ဖြစ်နေတယ်'' ဟု ရွှေလင် ပန်းအိမ်ရာ စီမံကိန်းတွင် အခန်းလျှောက်ထားသူ ပုဂ္ဂိုလ်က ကုမ္ပဏီဝန်ထမ်း မဆွေဆွေလတ်က ပြောသည်။
တန်ဖိုးနည်းအိမ်ရာစီမံကိန်း ဖော်ဆောင်ရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဦးဆောင်မှုဖြင့် ပုဂ္ဂလိက ကုမ္ပဏီများထံ တင်ဒါခေါ်ယူ ဆောင်ရွက်နေခြင်း ဖြစ်ပြီး၊ ယင်းစီမံကိန်းများကို ရန်ကုန်တိုင်း ဒေသကြီးတွင် အများဆုံး တည်ဆောက်နေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ ဆောင်ရွက်နေရုံ သာမက တန်ဖိုးသင့် အိမ်ရာ (၆၈၂၉) ခန်း၊ တန်ဖိုးမြင့် အိမ်ရာ (၄၃၈၂) ခန်း၊ ပြည်သူ အငှားအိမ်ရာမှ (၅၁၅၆) ခန်း စသည် တို့ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Ref : Messenger
Photo Credit : Sky Scraper
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ