By 7daydaily, Shweproperty.com
Updated at 3 December 2015
ပုံစံ (၇) နှင့် ပုံစံ (၁၀၅) ကျ ပြီးသား ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိ မြို့စွန်များမှ မြေကွက်အများစု ယခုရက်ပိုင်းအတွင်း အရောင်းအ ဝယ်ပြန်ဖြစ်နေကြောင်း မြေယာ အကျိုးဆောင်များထံမှ သတင်းရ ရှိသည်။
ထန်းတပင်၊ ရွှေပြည်သာစသည့် မြို့နယ်များ၏ မြို့သစ်စီမံကိန်းဧရိယာတွင် ပါဝင်လာဖွယ်ရှိသည်ဆိုသည့် နေရာများ၌ အဓိက အရောင်းအဝယ်ဖြစ်နေကြောင်း အကျိုးဆောင်အချို့က ပြောသည်။ပေ၂၀×၆၀ မြေတစ်ကွက်လျှင် ကျပ်သိန်း ၂၀ မှ ၂၅ သိန်းအထိ ပေါက်ဈေးရှိပြီး လယ် ယာမြေများကို အသွင်ပြောင်းအကွက်ချကာ လူနေထိုင်နိုင်သည့် ပုံစံ (၇) နှင့် ပုံစံ (၁၀၅) ပေါက်ပြီးသား မြေကွက်များ အဓိကအရောင်းအဝယ်ဖြစ်နေကြောင်း ထန်းတပင်မှ မြေကွက်အချို့ကို ပြန်လည်ရောင်းချနေသူ ကိုတင်ထက် ကျော်က ပြောသည်။
လူနေထိုင်ရန်ထက် ဈေး တက်လာမည်ကို စောင့်ဆိုင်းမျှော်လင့်ပြီး ဝယ်ယူသူများသာဖြစ်ကာ မြေကွက်စုဆောင်းသူအများအ ပြားရှိကြောင်း ယူနီယံအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးဇော်မင်းထိုက်က ပြောသည်။
‘‘ဒီမြေကွက်တွေက တကယ် စိတ်ချရလား၊ မရလားဆိုတာ နေ ရာပေါ်ကြည့်ပြီး ပြောမှ ရမယ်။ ဝယ်တဲ့သူတွေကလည်း ဝယ်ရဲကြ တယ်။ တချို့က ရွာမြေတွေမှာ တိုးချဲ့တွေဆိုပြီး ရောင်းတာတွေလည်း ရှိတယ်။ စာရွက်စာတမ်းတွေ မှန် မှန်ကန်ကန်ရှိဖို့တော့ လိုမယ်။ ဘာအထောက်အထားမှ မရှိဘဲ ဝယ် နေ၊ ရောင်းနေတာတွေကတော့ စိတ်မချရဘူး’’ဟု ၎င်းက ဆိုသည်။ယင်းမြေကွက်များသည် မြေ တိုင်းမှ အသိအမှတ်ပြုထုတ်ပေးသည့် ပုံစံ (၇) နှင့် ပုံစံ (၁၀၅) မှာ လူနေထိုင်ခွင့်ဖြစ်သောကြောင့် အရှုပ်အရှင်းမရှိဘဲ စိတ်ချရကြောင်း အဆိုပါမြေကွက်များကို အရောင်းအဝယ်ပြုလုပ်နေသူများက ဆိုသည်။ပြီးခဲ့သည့်နှစ်က အဆိုပါမြေ ကွက်များမှာ မည်သည့်အထောက် အထားမှ မရရှိသဖြင့် ကျပ်ငါးသိန်းမှ ဆယ်သိန်းခန့်သာရှိခဲ့ပြီး ယခုနှစ်တွင်မူ ကျပ်သိန်း ၂၀ မှ ၂၅ သိန်း အထိ ဈေးမြင့်တက်နေကာ အရောင်းအဝယ်မှာ နေ့စဉ်အလုပ် ဖြစ်ကြောင်း ထန်းတပင်မြို့နယ်မှ မြေယာ အကျိုးဆောင်များက ပြောကြား သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ