By Shwe Kyaw, Shweproperty.com
Updated at 22 April 2020
ကိုဗစ်-၁၉ ကာလအတွင်း အခြေအနေအရ အိမ်ရာချေးငွေရယူထားသော customer များ အဆင်ပြေစေရန်အတွက် အိမ်ရာချေးငွေ ပေးသွင်းရမည့် သတ်မှတ်ရက်မှ ထပ်တိုး (၁၅) ရက်သို့ CHID ဘဏ်က ရွှေ့ဆိုင်း လိုက်ကြောင်း ဧပြီလ (၂၀) ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။ အဆိုပါ ထပ်တိုးရက်သည် မတ်လ နှင့် ဧပြီလများအတွက်ဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် ယခင်က သတ်မှတ်ရက်အတွင်း ပေးဆောင်ရန်ပျက်ကွက်ပါက အရင်းငွေ ပမာဏပေါ်တွင် နောက်ကျကြေး (Late Fee) အဖြစ် တစ်ရက်လျှင် (၀ ဒသမ ၁) ရာခိုင်နှုန်းကောက်ခံလျက်ရှိသော်လည်း ထပ်တိုးရက်အတွက် နောက်ကျကြေး (Late Fee) ကောက်ခံမည်မဟုတ်ကြောင်းကိုလည်း ဆောက်လုပ်ရေး ၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး (CHID) ဘဏ်က ထုတ်ပြန်ကြေငြာခဲ့သည်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ