By Aye Sandar, Shweproperty.com
Updated at 3 February 2021
စာရေးဆရာနှင့် ဇီဝဗေဒဆိုင်ရာ ဂုဏ်ထူးဘွဲ့ရရှိထားသူ Linda Crampton ရေးသားပြုစုထားသည်များမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။သူမသည် အပင်တွေအကြောင်းစိတ်ဝင်စားပြီး သဘာဝတရားနဲ့ သက်ရှိဖြစ်စဉ်များလေ့လာရတာကို ကြိုက်နှစ်သက်သူတစ်ဦးလည်း ဖြစ်သည်။ အိမ်တွင်းအလှစိုက်အပင်များသည် အိမ်တစ်အိမ်ရဲ့ အလှကိုတိုးစေရုံသာမက အခန်းတွင်းအပူချိန်ကိုပါ လျှော့ချပေးနိုင်ပါလို့ အေးမြတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါသည်မှာ အမှန်ပင်။ ဉယျာဉ်ခြံစိုက်ပျိုးသူများ၊ အိမ်တွင်းအပင်စိုက် အလှဆင်သူများအနေနဲ့ သိသင့်သိထိုက်သည်များကို လေ့လာသိရှိစေရန် မျှဝေပေးခြင်းဖြစ်ပါသည်။ Pothos ( Devil’s lvy) ရွှေလာငွေလာပင် သိပ္ပံနာမည် ( Eqipremnum) ဖြစ်ပြီး မြန်မာလို ရွှေလာငွေလာပင်သည် အိမ်တွင်းစိုက်အပင်အဖြစ် တော်တော်လေးနာမည်ကြီးပါသည်။ စိုက်ပျိုးရလည်းလွယ် အရွက်လည်းလှတော့ အိမ်တွင်းအလှဆင်ဖို့ရာလည်း သင့်လျော်သည့် အဆိုပါအပင်ကို ရုံးခန်းများ၊ ဈေးဝယ်စင်တာများတွင်ပါ ချိတ်ဆွဲအလှဆင်ကြလေသည်။ အစိမ်းရောင်အပင်များတွင် ပါရှိတတ်သော ကယ်လ်ဆီယမ်အောက်ဆိုဒ် crystal သည် နာကျင်ယားယံခြင်း၊ ကျိန်းစပ်စပ်ဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် အိမ်မွေးတိရစ္ဆာန်များနှင့် ကလေးငယ်များတွင် ပိုသက်ရောက်စေပါသည်။ ထို့ကြောင့် အဆိုပါအပင်အိုးများ အိမ်တွင်းစိုက်ပျိုးသည့်အခါ အထူးသတိပြုရန်လိုပေမည်။ Peace Lily (ရှင်သီဝလိဂမုန်းပင်) Araceae အမျိုးအနွယ်ဝင်အပင်ဖြစ်သည့် ရှင်သီဝလိဂမုန်းပင် (Peace Lily) အရွက်မှ အရည်သည် အရေပြားနှင့် ထိတွေ့မိပါက ဓာတ်မတည့်ခြင်းဖြစ်စေကာ တခြားသော အရေပြားလက္ခဏာများကို ဖြစ်စေနိုင်သည်ကို တွေ့ရှိရသည်။ Calla Lily (လက်ထပ်ပန်း) အထက်က ဖော်ပြခဲ့တဲ့ အပင်တွေကဲ့သို့ပင် Calla Lily တွင် ကလေးငယ်များနဲ့ အိမ်မွေးတိရစ္ဆာန်များကို ဆိုးကျိုးအနည်းငယ်ဖြစ်စေနိုင်လို့ ကလေးများအလွယ်တကူ မမှီနိုင်တဲ့ နေရာများတွင် စိုက်ပျိုးအလှဆင်ထားသင့်ပါသည်။ အပွင့်အားဖြင့်လည်းလှပသည့်အတွက် အိမ်တွင်းအလှ အစိုက်များသော အပင်တစ်ပင်လည်းဖြစ်ပါသည်။ အိမ်မွှေးတိရစ္ဆာန်များ အထူးသဖြင့် ကြောင်များတွင် Lily အပင်ကြောင့် ဖြစ်စေနိုင်တဲ့ ဓာတ်မတည့်မှု ဆိုးကျိုးများမှာ - အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အစားစာချင်စိတ်ပျောက်ဆုံးခြင်း၊ စိတ်ကျရောဂါနဲ့ ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာမျိုးတွေ အဖြစ်များသည်ဟု လေ့လာသိရှိရသည်။ အဆိုပါရောဂါအခြေအနေများ ဖြစ်လာပါက နီးစပ်ရာ တိထူးကုဆေးခန်းသို့ သွားရောက်ပြသင့်သည်ဟုလည်း ဆိုထားသည်။ အိမ်တွင်း အပင်များစွာထည့်ပြီး အလှဆင်ခြင်း အထူးသဖြင့် အိပ်ခန်းလိုနေရာမျိုးတွင် အပင်အိုးများ ပြည့်နှက်နေခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ အကြောင်းမှာ အပင်တော်တော်များသည် ညအချိန်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လုပ်ပေးနိုင်သောကြောင့် အိပ်ခန်းတွင် အပင်များဖြင့် ပြည့်နှက်နေခြင်းကိုတော့ အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ပေသည်။ ချွင်းချက် - ညအချိန်ခါများတွင်ပါ အောက်ဆီဂျင်ဓာတ်အပြည့်အဝ ထုတ်လွှတ်ပေးနိုင်သော အပင်များလည်းရှိပါသည်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ နေအိမ်များတွင်မစိုက်သင့်သော အဆိပ်ရှိသောဂမုန်းပင် အိမ်မှာအပင်စိုက်ဝါသနာပါတဲ့သူတွေ သိထားသင့်တဲ့ အပင်နိမိတ် အပင်စိုက်ခြင်းကြောင့် ရရှိနိုင်မည့် ကောင်းကျိုးအဖြာဖြာ Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ