By 7daydaily, Shweproperty.com
Updated at 3 September 2020
တရုတ်နိုင်ငံ၏ စီးပွား ရေးကျဆင်းမှုအကျိုးဆက်ကို မြန် မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှာ နောက်ပိုင်းမှသာ ထိခိုက်မှုကြုံတွေ့နိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင်အကြီးအကဲ မစ္စတာ Sudhir Shetty က ပြောသည်။
တရုတ်စီးပွားရေးကျဆင်းမှု သည် အာဆီယံဒေသတွင်း နိုင်ငံ များအတွက် စိုးရိမ်နေရသည့်အ ခြေအနေများရှိနေသော်လည်း မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံ ကဲ့သို့ တရုတ်နိုင်ငံနှင့် စီးပွားရေး အနည်းငယ်သာလုပ်ကိုင်သော နိုင်ငံများအတွက် ဦးစွာထိခိုက်မှု မရှိနိုင်ကြောင်း ၎င်းကပြောသည်။
တရုတ်နိုင်ငံ၏ စီးပွားရေး သည် လာမည့် ၂၀၁၆-၁၇ တွင် တဖြည်းဖြည်းကျဆင်းလာမည်ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေးတိုးတက်မှု အပြောင်းအလဲအစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်က ထောက်ပြမှုသည် အစိုးရ၏ ကြွေးမြီပြဿနာ၊ ဘဏ်စနစ်ပြင်ပငွေစုခြင်းကန့်သတ်သည့် စည်းမျဉ်းများနှင့် အစိုးရက ဘဏ္ဍာရေးစနစ်တို့တွင် ပါဝင်စွက်ဖက်နေမှုတို့ကြောင့် ဖြစ်ရခြင်းဟု ထောက်ပြထားသည်။
မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအများစုမှာ သဘာဝသ ယံဇာတအပေါ်အခြေခံသည့် လုပ် ငန်းများသာ အများဆုံး ဖြစ်နေ သည်။ အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ၌ တရုတ်စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု သိသာ စွာလျော့နည်းသည်ကို တွေ့နေရ ပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ တွင် အများဆုံးရင်းနှီးမြှုပ်နှံထား သည့် နိုင်ငံဖြစ်သော်လည်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် သြဂုတ် လကုန်ထိ တရုတ်နိုင်ငံ၏ တိုးတက်လာသော ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော်သာ ရှိ သည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဧပြီ လတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ် နှံမှုသည် အမေရိကန်ဒေါ်လာ ၁၄ဒသမ၁၈ ဘီလီယံရှိပြီး ၂၀၁၅-၁၆ဘဏ္ဍာနှစ်သြဂုတ်တွင် အမေရိ ကန်ဒေါ်လာ ၁၄ဒသမ၆၄ ဘီလီယံသို့ မြင့်တက်လာသည်။
တရုတ်-မြန်မာနှစ်နိုင်ငံကုန် သွယ်ရေးတွင် ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်၌ မြန်မာနိုင်ငံမှ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံကျော်ရှိပြီး တရုတ်နိုင်ငံမှ သွင်းကုန်သည် ၄၆ ဘီလီယံကျော်ရှိနေကာ နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံဘက်မှ ပို့ကုန်ပမာဏလျော့နည်းနေသည်။
‘‘တရုတ်စီးပွားရေးကျဆင်း မှုက ကုန်သွယ်ရေးကို လတ်တ လောမှာမထိနိုင်သေးဘူး။ ဘာ ဖြစ်လို့လဲ ဆိုတော့ နယ်စပ်က သွားတာတွေကို မြန်မာဘက်က တရားဝင်ပေမယ့် သူ့ဘက်က တရားမဝင်သွင်းတာဆိုတော့ သိ သာမှာမဟုတ်ဘူး’’ဟု မူဆယ်မြို့ မှ ဆန်ကုန်သည်တစ်ဦးက ပြော သည်။
တရုတ်နိုင်ငံအပေါ် မြန်မာ နိုင်ငံ၏ လက်ရှိ စီးပွားရေးမှီခိုမှု လျော့နည်းလာခြင်း၊ စင်ကာပူကဲ့ သို့ နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ လာခြင်းစသည်တို့ကြောင့် မြန်မာ နိုင်ငံသည် တရုတ်စီးပွားရေးကျ ဆင်းမှု၏ အကျိုးဆက်ကို များစွာ မကြုံတွေ့နိုင်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။
Ref : 7daydaily
Photo Credit : 7themes.com
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ