By Myanmar Builders Guide, Shweproperty.com
Updated at 2 September 2019
မြန်မာနိုင်ငံတွင် တရုတ်က သီးသန့်စက်မှုဇုန်တစ်ခုထူထောင်လို၍ ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ကုန်သည်/စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။
တရုတ်စီးပွားရေးအဖွဲ့အချို့က အသင်းချုပ်ထံလာရောက် မြန်မာ-တရုတ် ပူးပေါင်းထားသော သီးသန့်စက်မှုဇုန်တစ်ခု ထူထောင်ရန် ဆွေးနွေးကြောင်း ၎င်းကရှင်းပြသည်။
မြန်မာနိုင်ငံ ထုတ်ကုန်လုပ်ငန်းကဏ္ဍတွင် လက်ရှိ လှိုင်သာယာစက်မှုဇုန်၌ တရုတ်စီးပွားရေး လုပ်ငန်းရှင်များက စက်ရုံများငှားရမ်းပြီး ထုတ်ကုန်လုပ်ငန်းများ လုပ်ဆောင်နေလျှက်ရှိပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်များက သီးသန့်စက်မှုဇုန်ထူထောင်ရန် စီစဉ်ခြင်း ဖြစ်သည်။
စက်မှုဇုန် ထူထောင်လိုသည့် တရုတ်စီးပွားရေးလုပ်ငန်းများအနေနှင့် တာဝန်ယူမှုတာဝန်ခံမှုရှိပါက ရင်းနှီးမြှုပ်နှံမှုကိုလက်ခံသင့်ကြောင်း ၎င်းကပြောသည်။
တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေး အမေရိကန်၊ ဂျပန်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက စီစဉ်နေသည်။
လက်ရှိတွင် ကိုရီးယား-မြန်မာ ပူးပေါင်းပြီး ညောင်နှစ်ပင် စက်မှုဇုန်ထူထောင်ရန် စီစဉ်နေသည်။
Ref : Myanmar Builders Guide
Photo Credit : Elevenmyanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ