By Nwe, Shweproperty.com
Updated at 25 September 2019
လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ တရုတ်- မြန်မာကုန်သွယ်မှု အမေရိကန်ဒေါ်လာ တစ်ထရီလီယံနဲ့ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅၀ဘီလီယံ ရည်မှန်းချက်တိုင်းပြည့်မီအောင် နှစ်ဆပိုပြီးကြိုးစားရမယ်လို့ နိုင်ငံတော်ရဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေကပြောကြားခဲ့ပါတယ်။
ဒီအကြောင်းအရာကိုတော့ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၁ ရက်နေ့က တရုတ်နိုင်ငံ နန်းနင်းအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာကျင်းပပြုလုပ်တဲ့ ၁၆ ကြိမ်မြောက် တရုတ်-အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှပ်နှံမှုထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခန်းအနားမှာပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်တဲ့တရုတ်နိုင်ငံဟာဆိုရင် ရင်းနှီးမြှပ်နှံမှုမှာလည်း ဒုတိယအများဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။
လက်ရှိနှစ်နိုင်ငံ ကုန်သွယ်မှုကတော့ အပြုသဘောဆောင်တဲ့အခြေအနေရှိပြီး နောင်လာမယ့်နှစ်တွေမှာလည်း ဒီနှစ်အတိုင်းရည်မှန်းချက်တွေပြည့်မီအောင်ဆက်လက်ကြိုးပမ်းသွားမယ်လို့ နိုုင်ငံတော့ရဲ့ ဒုတိယသမ္မတကပြောကြားခဲ့တာဘဲဖြစ်ပါတယ်။
Written By : Nwe (ShweProperty.com)
Photo Credit : Foreignbrief
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ