By Ra Wai, Shweproperty.com
Updated at 4 July 2022
အိမ်ခန်း၊ ရုံးခန်းတွေ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်းနဲ့ ဆွဲဆောင်မှု ရှိနေစေဖို့ နံရံဆေးသုတ်ခြင်းလောက် မြန်ဆန်ပြီး ဈေးသက်သာစွာ ပြောင်းလဲပေးနိုင်တဲ့အရာ မရှိပါဘူး။ 'အရောင်တွေဟာ ဒီဇိုင်း၏ ကျောရိုးဖြစ်သည်' ဆိုတဲ့ ဆိုရိုးစကားအတိုင်း အရောင်တွေ ကစားပြီး သင့်အိမ်ခန်းကို အလှဆုံး ပြင်ဆင်နိုင်ဖို့ ဒီဆောင်းပါးလေးကို ပြီးဆုံးအောင်ဖတ်လိုက်ပါ။ နံရံဆေးခြယ်ရာမှာ ကိုယ့်အခန်းကို ဘယ်ရည်ရွယ်ချက်အတွက် အသုံးပြုမလဲဆိုတာ သိထားဖို့ လိုပါတယ်။ အရောင်တွေမှာ စိတ်ခံစားချက်တွေကိုလည်း ပြောင်းလဲနိုင်စွမ်းရှိကြောင့် သင်ရဲ့ စိတ်ခံစားချက်အလိုက် အရောင်တွေကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် အခန်း အသုံးပြုပုံအလိုက် အရောင်တွေကို ရှင်းရှင်းလင်းလင်း ရွေးချယ်ဖို့လည်း လိုအပ်တာမို့ အသုံးအများဆုံး နံရံဆေးရောင်လေးတွေကို ဖော်ပြလိုက်ပါတယ်။ ၁။ ဧည့်ခန်းအတွက် အဝါရောင် အရောင်တောက်တောက်လေးတွေဟာ ဧည့်ခန်းအတွက် အထူးသင့်လျော်ပါတယ်။ မိတ်ဆွေ၊ အပေါင်းအသင်းတွေဖြစ်စေ၊ မိမိကိုယ်တိုင်ဖြစ်စေ အပြင်က ပြန်ရောက်တဲ့အခါ အေးချမ်းပြီး စိတ်အပန်းပြေစေတဲ့ ခံစားချက်ရရှိစေဖို့ အဝါနုနု ကို အသုံးပြုနိုင်ပါတယ်။ ၂။ ရေချိုးခန်းအတွက် အပြာရောင် ပင်လယ်နဲ့ တိမ်ကင်းစင်တဲ့ ကောင်းကင်လို အပြာရောင်ဟာ လွတ်လပ်ခြင်း၊ ကြည်လင်ခြင်း၊ အေးချမ်းခြင်းကို ကိုယ်စားပြုပါတယ်။ နွမ်းသမျှတွေ အကုန်ပျောက်ပြီး စိတ်ပေါ့ပါး သွားစေမယ့် ရေချိုးခန်းဖြစ်ဖို့အတွက် အပြာရောင်ဟာ အသင့်တော်ဆုံးပါပဲ။ ၃။ ထမင်းစားခန်းအတွက် အညိုရောင် သစ်သားအရောင်လို အညိုရောင်တွေက သင့်ထမင်းစားခန်းအတွက် အကောင်းဆုံး ဖြစ်စေမှာပါ။ အညိုရောင်ဟာ စိတ်လုံခြုံမှုနဲ့ အိမ်အတွက် ကောင်းမွန်သော ခံစားချက်ကို ထုတ်လွှတ်ပေးနိုင်ပါတယ်။ အရောင်တောက်တောက်တွေကတော့ အစားစားချင်စိတ်ကိုပါ ပျောက်စေတာကြောင့် မသုံးသင့်ပါဘူး။ ၄။ ရုံးခန်းအတွက် တိတ်ဆိတ်သော အဖြူရောင် ရုံးခန်းအတွက် အာရုံစူးစိုက်မှု ကောင်းမွန်စေဖို့ idea အသစ်တွေ မွေးထုတ်နိုင်ဖို့ အဖြူရောင်ကို ရွေးချယ်နိုင်ပါတယ်။ သန့်ရှင်းခြင်း၊ ဖြူစင်ခြင်း၊ တည်ငြိမ်ခြင်း၊ ကြည်လင်ခြင်း ဆိုတာဟာ အဖြူရောင်ရဲ့ ဂုဏ်ပုဒ်တွေပါပဲ။ ၅။ အိပ်ခန်းအတွက် ခရမ်းရောင် ခရမ်းရောင်ဟာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဇိမ်ခံခံစားမှုကို ကိုယ်စားပြုပါတယ်။အိပ်ခန်းအတွက် ခမ်းနားထည်ဝါမှုကို ပေးဆောင်နိုင်ပြီး မနက်ခင်းမှာ လန်းဆန်းတက်ကြွခြင်း ညနေခင်းမှာ တည်ငြိမ်ခြင်းကို ပေးစွမ်းနိုင်ပါတယ်။ ဒါဆိုရင်တော့ အိမ်နံရံ ဆေးရောင်ခြယ်ဖို့ အမြင်တစ်ခု ရသွားမယ်လို့ ယုံကြည်ပါတယ်နော်။ ကဲ...ဆေးရောင်တွေ ရွေးချယ်ဖို့ ရယ်ဒီပဲလား? ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ မိမိတို့၏ နေအိမ်အလှကို ဖျက်ဆီးနေသောအရာဝတ္ထု(၉)ခု သင့်အိမ်က အခန်းတွေကို ပိုတောက်ပသွားစေမယ့် အရောင် (၈)မျိုး ငွေနည်းနည်းနဲ့ အိမ်တွင်းအလှဆင်နိုင်မယ့် နည်းလမ်းတွေ ဖုန်းရွှေနည်းအရကွန်ဒိုများကို အလှဆင်ခြင်း Written By: Lily (ShweProperty.com) Posted By : Ra Wai (ShweProeprty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ