By Sint Sint, Shweproperty.com
Updated at 7 October 2020
အိမ်ခြံမြေ ချစ်မိတ်ဆွေများ ရံဖန်ရံခါ ကြုံရတတ်တာကတော့ လှေဦးတိုက် လှည်းဦးတိုက် လမ်းဦးတိုက် မြေနေရာကို ဝယ်ဖို့ တွေဝေမယ်၊ ဝယ်ပေးဖို့ စဉ်းစားပေးရမယ့် အခြေအနေလေးတွေဖြစ်တတ်ပါတယ်။
စီးပွားရေး အမြင်အရဆို အကျိုးအမြတ်တွေရနိူင်တယ်၊ ဈေးရောင်းကောင်း ၊ လမ်းသာနေရာကောင်းပေါ့။ အိမ်က လူကြီးတွေကျ မဝယ်နဲ့ ခိုက်တတ်သတဲ့။ ကဲ .....ဘာလုပ်မလဲ?
နှစ်ပေါင်းထောင်ချီတဲ့ ပညာရပ်ဖြစ်ပြီး တစ်ကမ္ဘာလုံးက ယုံကြည်လက်ခံကြတဲ့ နက်နဲ လှတဲ့ ဖုန်းရွှေ(ပညာရပ်အရ လွယ်ကူလှတဲ့ အစီအရင်လေးတွေ လုပ်မယ်ဆိုရင်တော့ ခေါင်းမကိုက်ရတော့ပါဘူးဗျာ။
အဆိုပါ ပညာရပ်ရဲ့ ကနဦး အဆိုအရ လှေဦးတိုက်၊ လှည်းဦးတိုက်၊ လမ်းဦးတိုက်မှာ နေမယ်ဆို နေထိုင်သူများဟာ ကံဆိုးရတတ်တယ်၊ ချောင်ပိတ်ခံရကာ ထွက်ပေါက်မရှိ ကယ်သူမဲ့ တိုက်အခိုက် များရတတ်သတဲ့။
မကြောက်ပါနဲ့ နည်းလမ်းရှိပါရဲ့
1 အိမ်ရှေ့မှာ ခြံစည်းရိုး ခိုင်ခိုင်မာမာ၊ ခပ်မြင့်မြင့် ဆောက်လိုက်ပြီး၊ အဲ့ဒီ ပေါ်မှာ ပြတင်းပေါက် ပုံ ရေးဆွဲပေးပါ။ ထွက်ပေါက် အတု လုပ်ခြင်းလို့ ခေါ်ပါတယ်။ ဆိုင်တော့ မပိတ်စေနဲ့ပေါ့ ။
2 ထို့နောက် အဆိုပါ ခြံစည်းရိုး နောက်မှာ အပင်ကြီးကြီး များ စိမ်းစိမ်း လမ်းလမ်း စိုက်ပျိုးထားပါတဲ့ဗျ။ အဲ အပင်များနဲ့ အိမ် ကြားနေရာမှာတော့ ရေကန် သို့မဟုတ် ရေပန်း တစ်ခုခုကို အဆင်ပြေသလို တည်ဆောက်ပေးမယ်ဆိုရင်တော့ မကောင်းမှု ဒဏ်၊ ဘေးအန္တရာယ်များမှ သက်သာ ကင်းဝေး လာပါလိမ့်မယ်တဲ့ဗျာ။
3 လမ်းဦးတိုက် အိမ်များအတွက်ကတော့ လွယ်ပါတယ်။ မိမိ အိမ်မြေနေရာက လမ်းထက် မြင့်ရင် အဆင်ပြေပါပြီ။ တက်နိူင်ရင်တော့ ၄/၅ ပေလောက် မြှင့်ပေါ့ဗျာ။
ဒီအချက်တွေက ဖုန်းရွှေ နည်းအရ မဟုတ်ဘဲ သိပ္ပံ နည်းအရ ကြည့်မယ်ဆိုရင်တောင် အိမ်ထဲ အရှိန်နဲ့ တိုးဝင်လာမယ့် ယာဉ်အန္တရာယ်၊ ဘေးအန္တရယ်တွေမှ ကာကွယ်ပေးမှာမို့ လုပ်သင့်ပါတယ်ဗျ။
အိမ်က လူကြီးတွေလဲ ဘာမှမပူနဲ့ ဖုန်းရွှေ (ပညာနဲ့ စီရင်ထားတယ် ဘာမှမဖြစ်နိူင်ဘူး) လို့ ပြောနိူင်ပြီး ကိုယ်လုပ်ချင်တဲ့ လုပ်ငန်း၊ ဖွင့်ချင်တဲ့ ဆိုင်လေးတွေ စိတ်ချ လက်ချ ဖွင့်နိုင်ပြီပေါ့ရှင်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
သင့်အိမ်ဟာ မည်သည့်ဘက်ကို မျက်နှာမူနေပါစေ အသက်ရှည် အနာမဲ့စေဖို့ ဒီအချက်တွေ အတိုင်း အိပ်စက်ပါ
မိသားစုအတွက်ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်မယ့် အိမ်အလှဆင်နည်း(၇)မျိုး
လှေဦးတိုက် လှည်းဦးတိုက် အိမ်တွေမှာ အညံ့ကင်းအောင်လုပ်နည်းနှင့် အိမ်ထောင်ဦးစီးနေ့နံအလိုက် မလှည့်အပ်သော အိမ်တို့အရပ်
အိမ်ဆောက်သင့်တဲ့ မြေကွက်အနေအထား
Credit : Social Media
Photo Credit : mdynews
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ