By The Modern, Shweproperty.com
Updated at 7 August 2015
မြို.ပြင်ဧရိယာတွေမှာ နေထိုင်သူလူဦးရေ ပိုမိုတိုးတက်လာပြီး အိမ်ခြံမြေ ဈေးမြင့်တက်နေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက မြို.တွင်းနဲ.ဝေးတဲ့နေရာတွေကို ပိုမိုရွေးချယ် လုပ်ကိုင် လာကြပါတယ်။
မြို.ပြင် တည်ဆောက်ရေးစီမံကိန်းတွေဟာ ဆင်ခြေဖုံးဒေသတွေမှာ ပိုမိုများပြားလာပြီး အိမ်ခြံမြေဈေးတွေ မြင့်တက်လာဖို. မျှော်မှန်းထားတာကြောင့်လည်း ဖြစ်ပါတယ်။
တချို.နေရာတွေမှာ မြေတွေကို အပိုင်းပိုင်း ခွဲခြမ်းစိတ်ဖြာပြီး ရောင်းချကြတဲ့အတွက် မြေကွက်ငယ် အများအပြားတို.ကို ရင်းနှီးမြုပ်နှံသူများက ဝယ်ယူလာနိုင်သဖြင့် ရင်းနှီးမြှုပ်နှံမှု ပမာဏဆတိုးနှုန်းကို မြင့်တက်လာစေပါတယ်။
မန္တလေးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ကိုရွှေမောင်က ‘မန္တလေးရဲ. အိမ်ခြံမြေဈေးနှုန်းတွေက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး သိသိသာသာ တက်လာတာပါ။ အထူးသဖြင့် ဆောက်လုပ်ရေး စီမံကိန်းဝန်းကျင်က အိမ်ခြံမြေဈေးနှုန်းတက်လာတာပါ။ ဥပမာ - မြို.သာစီမံကိန်းဘက်က မြေကွက်တွေဆိုရင် တစ်ဧကကို သိန်း ၅၀၊ ၁၀၀လောက် ပေါက်ခဲ့တဲ့ မြေကွက်တွေက အခုဆိုရင် တစ်ဧကကို သိန်း၂၀၀၊ ၃၀၀လောက်အထိ ဖြစ်နေတယ်’ လို. ပြောပါတယ်။
ထို.အတူ မြရည်နန္ဒာအိမ်ရာစီမံကိန်းနားက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သိန်း ၆၀၀လောက် တန်ခဲ့တဲ့ မြေကွက်တွေဆိုရင် အခုသိန်း ၂၀၀၀လောက်ဖြစ်နေပြီ။ သိန်း၈၅၀ လောက်ပေါက်ခဲ့တဲ့ မြေကွက်တွေက အခုဆိုရင် ကျပ်သိန်း ၂၈၀၀ ကနေ ကျပ်သိန်း ၃၀၀၀ လောက်အထိ ဖြစ်နေပြီလို. သိရပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ