By Su Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 23 March 2018
ဆောက်လုပ်ရေးလုပ်ငန်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု ၊ လူထုစီးပွားရေး ၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အိမ်ခြံမြေဈေးကွက် တို့အတွက် အဓိကကျသော အခန်းကဏ္ဍမှ ရပ်တည်လျက်ရှိသည်။
ရန်ကုန်မြို့တွင် တိုက်တာ အဆောက်အအုံ များပြားစွာ ပေါ်ထွက်လာခြင်းသည် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်သလို လူနေမှုအဆင့်အတန်းကိုလည်း မြင့်မားစေသည်။
မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်း ပရောဂျက်ပေါင်း (၆၀) ကျော်ကို အစိုးရက တရားဝင်အသိအမှတ် ပြုချထားပေးရာ လု ပ်ငန်းပေါင်း(၅၆) ခု လုပ်ကိုင်လျက်ရှိကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ဖေဖော်ဝါရီလထုတ် မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှု စာရင်းတွင်ဖော်ပြထားသည်။
ဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက်လာလျှင် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက်လည်း အဆင်ပြေမည်ဖြစ်သည်။ ဆောက်လုပ်ရေးကဏ္ဍတွင် မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှပ်နှံမှုသည် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ခန့်ရှိသည်။
လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းသည် မြန်မာ့စီးပွားရေးလုပ်ငန်းအားလုံး၏ ၅ ဒသမ ၆၉ ရာခိုင်နှုန်း လုပ်ကိုင်လျက်ရှိပြီး အဆင့်( ၆)နေရာမှာ ရပ်တည်လျက်ရှိကြောင်း DICA ၏စာရင်းတွင် ဖော်ပြထားသည်။
အဆိုပါ စာရင်းဇယားတွင် အိမ်ခြံမြေ ကဏ္ဍသည် နိုင်ငံသား ရင်းနှီးမြှပ်နှံမှု အများဆုံးဖြစ်ပြီး ရင်းနှီးမြှပ်နှံမှု အားလုံး၏ အဆင့် ၁ နေရာတွင်ရှိသည်။
Written By : Su Myat May Zaw (ShweProperty.com) Photo Credit : Globalnewlightofmyanmar Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ