By Aye Sandar, Shweproperty.com
Updated at 25 January 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဦးစီးဌာနမှ တည်ဆောက်သော နိုင်ငံ့ဝန်ထမ်းအိမ်ရာကို ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်ပြီးစီးပြီဖြစ်ရာ ယခုလ ၂၈ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ထားပြီး ရန်ကုန်မြို့နယ်တွင်းရှိ နိုင်ငံ့ဝန်ထမ်းများ အိမ်ငှားနေထိုင်မှုကြောင့် ဝင်ငွေဆုံးရှုံးမှုကို လျှော့ချစေရန် အဓိကရည်ရွယ်ထားကြောင်းသိရသည်။ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတွင် အရာထမ်းဖြစ်ပါက လစာ၏ ၅ ရာခိုင်နှုန်း၊ ဝန်ထမ်းဖြစ်ပါက ၃ ရာခိုင်နှုန်းဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ အခြေခံလစာပေါ်မူတည်၍ စျေးနှုန်းသက်သာစွာဖြင့် နေထိုင်နိုင်ရန် စီစဉ်ထားကြောင်းကိုလည်း သိရှိရသည်။ဆက်လက်ပြီး မြို့ပြနှင့် အိမ်ရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်ကလည်း ယခုလိုပြောကြားသွားလေသည်။ “ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အိမ်ခန်းနေရာချထားရေး ကော်မတီကို ဖွဲ့ပြီးသည် နှင့်တပြိုင်နက် တိုင်းဒေသကြီးတွင်း တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ဌာနတွေနဲ့ ညှိနှိုင်းပြီး ရွေးချယ် နေရာချသွားပေးမှာပါ။ အဆိုပါအိမ်ရာတွင် တိုက်ခန်းပေါင်း ၁၄ လုံးနဲ့ အိပ်ခန်း ၄၇၆ ခန်း ပါဝင်မည်ဖြစ်ပြီး ရန်ကုန်မြို့ပြကဲ့သို့ အိမ်ငှားခ ကြီးမြင့်သည်နေရာမျိုးတွင် အငှားအိမ်ရာ စီစဉ်ထားပေးနိုင်ခြင်းဟာ ဝန်ထမ်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို များစွာအကျိုးပြုတဲ့အပြင် တိုင်းပြည်ထူထောင်ရေးမှာလည်း နှစ်ဦးနှစ်ဖက် အကျိုးရှိသည့်အတွက်ကြောင့် ယခုလိုစီမံကိန်းမျိုးကို ကျေနပ်အားရမှုရှိသည်” ဟု ပြောကြားထားသည်။ နိုင်ငံတော်ရဲ့ မူဝါဒများကို လက်တွေ့မြေပြင်တွင် ဖော်ဆောင်ပေးနေသော အစိုးရဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးကြီးပြီး သူတို့ရဲ့ သက်သာချောင်ချိရေးအတွက် အငှားအိမ်ရာများ ဖော်ဆောင်ပေးခြင်းဖြစ်လည်း စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို ဖြစ်စေသည်ဟု ဆိုပါသည်။ ၄င်းနိုင်ငံ့ဝန်ထမ်းအိမ်ရာကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဖွင့်လှစ်၍ ဝန်ထမ်းများနေထိုင်နိုင်ရန် ဆောင်ရွက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင် ၄ ခုရှိ၍ ဝန်ထမ်းများ နေထိုင်မှုနှင့် လုပ်ငန်းခွင် သွားလာမှု အဆင်ပြေစေရန် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း နှင့် မြောက်ပိုင်းခရိုင်တို့တွင် ဝန်ထမ်းအငှားအိမ်ရာများ တည်ဆောက်ခြင်းဖြင့် အဆင်ပြေစေမည်ဖြစ်ပါသည်။ ဒါ့အပြင် ဒလမြို့နယ်တွင်လည်း ဝန်ထမ်းအိမ်ရာများတည်ဆောက်ခဲ့ပါက ရန်ကုန် - ဒလတံတားကြီးပေါ်မှ ရန်ကုန်မြို့တွင်း လုပ်ငန်းခွင်သို့ ယခုထက်ပိုမို အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ပါသည်။ နောက်ဆုံးရ သတင်းများ မြန်မာပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁ သိန်းခန့် ဖန်တီးပေးနိုင်မည့် ကိုရီးယား -မြန်မာ စက်မှုဇုန် အဆင့်မြင့် ဈေးဝယ်စင်တာများ၊ ဟိုတယ်နှင့် RESORT များအပြင် တန်ဖိုးသင့်အိမ်ရာများပါ ပါဝင်မည့် ပုသိမ်စက်မှုမြို့တော် စီမံကိန်း COVID 19 ရိုက်ခတ်မှုအပြီး မြန်မာ့အိမ်ခြံမြေစျေးကွက်သည် DIGITAL MARKETING ဖြင့် ရောင်းဝယ်မှုပုံစံဘက်သို့ ပိုမိုဦးတည်နိုင်ဖွယ်ရှိ STAR CITY အိမ်ရာဝင်းအတွင်းရှိ ဒုတိယမြောက် CITY LOFT အိမ်ရာ ရောင်းချရာတွင် ပထမအကြိမ်ကထက် ရောင်းအားတက်လျက်ရှိ Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ