By 7daydaily, Shweproperty.com
Updated at 8 January 2015
ရန်ကုန်စည်ပင်သာယာ ရေးကော်မတီက ပထမဆုံးအကြိမ် ရွေးချယ်ပေးအပ်သည့်အသန့် ရှင်းဆုံးမြို့နယ်ဆုကို မရမ်းကုန်း မြို့နယ်က ရရှိခဲ့ကြောင်းသတင်း ရရှိသည်။ အသန့်ရှင်းဆုံးမြို့နယ်ဆုအ တွက် မြို့နယ်၊ ခရိုင်ကော်မတီ များမှ တင်ပြလာသည့် မြို့နယ် လေးခုကို ဗဟိုကော်မတီကကွင်း ဆင်းစစ်ဆေး၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ဒဂုံ၊ ရန်ကင်းနှင့် ဒဂုံဆိပ်ကမ်းတို့က သန့်ရှင်းရေးစွမ်းဆောင်ရည်ဂုဏ်ပြုဆုများ ရရှိခဲ့သည်။ အသန့်ရှင်းဆုံးမြို့နယ်ဆုကိုရန်ကုန်မြို့ရှိ ခရိုင်လေးခု၊ မြို့နယ်၃၃ ခုမှ သန့်ရှင်းရေးလုပ်ငန်းများလုပ်ဆောင်နေမှုကို အမှတ်ပေးစနစ်ဖြင့် နိုဝင်ဘာမှ ဒီဇင်ဘာအထိအချိန်သတ်မှတ်၍ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အသန့်ရှင်းဆုံးမြို့နယ်ဆုအ တွက် အချက်တစ်ခုလျှင် ၁၀မှတ် နှင့် အချက်၃၀သတ်မှတ်ထားပြီ အမှိုက်အစို၊ အခြောက်ခွဲခြားစွန့်ပစ်မှုရာခိုင်နှုန်းနှင့် ပြည်သူများကို အသိ ပေးနှိုးဆော်မှု၊ အမှိုက်သိမ်းယာဉ်များ၊ အမှိုက်ပုံးများ၊ အမှိုက်ကန်များ၊ အမှိုက်လှည်းများသန့်ရှင်းရေးကောင်းမွန်မှုနှင့် စနစ်တကျထားရှိမှု၊ ခေါင်းလောင်းတီးဝန် ဆောင်မှုစသည့်အချက်များပေါ် မူတည်၍ ရွေးချယ်ခဲ့ခြင်းဖြစ်ရာ ဆုရရှိခဲ့သည့်မြို့နယ်လေးခုမှာ အမှတ်ကွာခြားခြင်းမရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက် ဌာနမှူးဦးခင်ဝင်းကပြောသည်။ ‘‘တစ်နေ့အမှိုက် တစ်နေ့ သိမ်းဆည်းနိုင်တာကို မူတည်ပြီး ပေးအပ်ခဲ့တာဖြစ်တယ်။ဒီဆုပေး ခြင်းအားဖြင့် လုပ်ငန်းတွေရဲ့ စွမ်း ဆောင်မှုက ပိုမြင့်တက်လာမယ်။ ရပြီးသားမြို့နယ်အနေနဲ့လည်းသူ့ မြို့နယ်ရဲ့ ရှိပြီးသားအဆင့်ကို ထိန်းသိမ်းရမယ်ဆိုတဲ့အသိ လည်းရှိသွားမယ်’’ဟု ၎င်းကပြောသည်။ အသန့်ရှင်းဆုံးမြို့နယ်ဆုရ ရှိခဲ့သည့် မရမ်းကုန်းမြို့နယ်ကို ဆုငွေကျပ်၂၅သိန်းနှင့် သန့်ရှင်းရေးစွမ်းဆောင်ရည်ဂုဏ်ပြုဆုများအတွက် ကျပ်ငါးသိန်းပေးအပ်ခဲ့ပြီး ဝန်ထမ်းများအား ပြန်လည်ခွဲဝေပေးမည်ဖြစ်သည်။ ‘‘ကော်မတီက ချမှတ်ထား တဲ့အချက် ၃၀အပေါ် မူတည်ပြီး တော့ ကြိုတင်ပြင်ဆင်ခဲ့၊ ဆောင် ရွက်ခဲ့တယ်။ ယခင်ထက် အား ထည့်ပြီးတော့ ဆောင်ရွက်ခဲ့တာ။မြို့နယ်သန့်ရှင်းရေးကောင်းမွန်ဖို့ က ကိုယ့်တာဝန်ပဲ’’ဟု မရမ်းကုန်း မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယ ကြီးကြပ်ရေးမှူးဦးတင်မျိုးထွေး ကပြောသည်။ အသန့်ရှင်းဆုံးမြို့နယ်ဆုကို အမှိုက်သိမ်းဆည်းခြင်းနှင့် သိမ်း ဆည်းအမှိုက်များ နောက်ဆုံး စွန့်ပစ်အမှိုက်ပုံသို့ စွန့်ပစ်ခြင်းလုပ်ငန်းများအား ပုဂ္ဂလိကသို့မလွှဲမီစပ်ကြားအထိ သုံးလတစ်ကြိမ်ရွေးချယ်မည်ဟု သိရသည်။
Ref : 7daydaily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ