By The Kumudra, Shweproperty.com
Updated at 6 January 2015
လယ်ယာမြေနှင့် အခြားမြေယာပိုင်ဆိုင်မှု အထောက်အထားပြ မြေခွန်ပြေစာအတုကို ကျပ် ၂၀၀,၀၀၀ နဲ့ဝယ်ယူပြီး လိမ်လည်လုပ်စားမှုတွေရှိနေတယ်လို့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က သိရပါတယ်။
"အောက်ခြေ လူလိမ်အချို့က မြေခွန်ပြေစာအတုတွေကို ကျပ် ၂၀၀,၀၀၀ ပေးဝယ်ယူပြီး လုပ်စားတာတွေရှိတာ တွေ့ရတယ်၊ မြေခွန်ပြေစာ အတုထုတ်ပေးတဲ့ သက်ဆိုင်ရာ ဌာနတွေကို စစ်ဆေးအရေးယူမှုတွေ လုပ်ဖို့လိုတယ်"လို့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။
လက်ရှိမှာ လယ်ယာမြေနှင့်အခြားမြေ သိမ်းဆည်းခံရမှုတွေအတွက် နစ်နာသူတွေ လျော်ကြေးပြန်ရဖို့၊ နစ်နာကြေးပြန်ရဖို့နဲ့ မြေယာပြန်ရဖို့ လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က ခေါ်ယူတွေ့ဆုံပြီး မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့အထောက်အထား စာရွက်စာတမ်းတွေ ပြခိုင်းတယ်။ ဒါပေမယ့် မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အစိုးရက ထုတ်ပေးထားတဲ့ တစ်စုံတစ်ရာ အထောက်အထားစာရွက်စာတမ်းတွေ မရှိကြ၊ မပြနိုင်ကြဘူး လို့ဆိုတယ်။ အထောက်အထားတစ်ခုကတော့ သူတို့တွေ လယ်ယာလုပ်ငန်းလုပ်ကိုင်ချိန်က သီးနှံခွန်ဆောင်ထားတဲ့ မြေခွန်ပြေစာ စာရွက်လေးတွေပဲ ပြနိုင်ကြတယ်။ သူတို့လယ်လုပ်နေချိန် ကာလမှာ သက်ဆိုင်ရာအစိုးရကို အခွန်ပေးသွင်းထားတဲ့ ပြေစာစာရွက်လေးတွေ ဖြစ်တယ်လို့ဆိုပါတယ်။
မြေခွန်ပြေစာစာရွက်လေးထဲမှာပါတဲ့ အကြောင်းအရာတွေက ကျေးရွာအမည်၊ ကွင်းအမှတ်၊ ဦးပိုင်ပြေစာ၊ လယ်လုပ်ကိုင်သူ အမည်နဲ့ အခွန်ပေးသွင်းတဲ့ ကျပ်ဂဏန်းတွေ ပါတယ်။ ဒါ့အပြင် လယ်ယာမြေအမျိုးအစားကိုလည်း ခွဲခြားပေးထားတယ်လို့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုစုံစမ်းရေး ကော်မရှင်က သိရတယ်။ သိမ်းဆည်းခံရသူတွေအတွက် မြေခွန်ပြေစာစာရွက်လေးတွေကသာ အဓိကကျတဲ့ ပိုင်ဆိုင်မှု သက်သေအထောက်အထားလေးတွေ ဖြစ်နေတယ်။ အချို့မြေခွန်ပြေစာစာရွတ်တွေက ၁၉၈၀ ခုနှစ်လောက်အထိ အစောဆုံးတွေ့ရပြီး ၁၉၈၉၊၁၉၉၀ ခုနှစ်ကျော်အထိ အခွန်ပေးသွင်းတာမျိုးတွေ တွေ့ရတယ်လို့ ဆိုတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က "ဒီမြေခွန်ပြေစာစာရွက်လေးတွေကို ကြည့်ပြီး သူတို့တွေဟာ ဒီမြေပေါ်မှာ လယ်ယာလုပ်ပြီးတော့မှ လယ်ယာမြေကထွက်တဲ့ သီးနှံစပါးတွေကို သီးနှံအခွန်ဆောင်ခဲ့တယ်၊ ဘယ်နှဧက ဆောင်တယ်ဆိုတာမျိုးနဲ့ မြေစာရင်းဌာနမှာ အမည်ပေါက်တာဖြစ်တယ်"လိုု့ ပြောပါတယ်။
Ref : The Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ