By Kumudra, Shweproperty.com
Updated at 26 September 2017
ရန်ကုန်မြို့ ရဲ့ တစ်ဖက်ကမ်း မှာ အကောင်အ ထည် ဖော်မယ့် ရန်ကုန်မြို့သစ်စီမံ ကိန်းမှာ တရုတ်ပြည်က ကုန်သည် လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြောင်း သိရပါ တယ်။
တရုတ်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးမြင့်ဆွေက “တရုတ်ကုန်သည်တွေက မြို့သစ်စီမံကိန်းကို စိတ်ဝင်စားနေတယ်၊ အထူးသဖြင့် တရုတ်ပြည်က အကြီးဆုံးကုန်သည်ကြီးအသင်းက ကန်ဒေါ်လာ သန်း ၅၀ဝ၀ လောက်အထိကို စိတ် ဝင်စားတယ်လို့ ပြောထားပါတယ်”လို့ ပြောပါတယ်။
ကွန်ဒိုမီနီယံဥပဒေက တိတိကျကျထွက်မလာဘူး။ တရုတ်တွေက သည်မှာ လာဝယ်ချင်တယ်။ ဥပဒေက ကောင်းကောင်း ပြဋ္ဌာန်းမထားတော့ နှောင့်နှေးနေ တယ်။ ဥပဒေတွေကို သေချာ ပြဋ္ဌာန်းပေးနိုင်ရင် တရုတ်ကုန်သည်ကြီးတွေက နှောင့်နှေးမှုမရှိ တော့ဘဲ လျင်လျင်မြန်မြန် ဝင် ရောက်လာနိုင်မယ်လို့ ၎င်းက ပြောပါတယ်။
အသစ်ထွက်ရှိထားတဲ့ ကွန်ဒိုမီနီယံဥပဒေမှာ မြန်မာနိုင်ငံကခွင့်မပြုခဲ့ဖူးတဲ့ နိုင်ငံခြားသားတွေကိုလည်း အိမ်ရာပိုင်ဆိုင်ခွင့်ပေးလိုက်ပေမဲ့ နောက်ဆက်တွဲဖြစ်တဲ့ နည်းဥပဒေမထွက်သေးတာကြောင့် အခက်အခဲရှိနေပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းဟာ ပြီးခဲ့တဲ့ အစိုးရက ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းခဲ့ရပေမဲ့ အခုအစိုး ရက အဲသည်စီမံကိန်းကို ဆက်လက်ဆောင်ရွက်ဖို့ အတည်ပြု ထားကြောင်း သိရပါတယ်။ ရန်ကုန်တစ်ဖက်ကမ်း ဆိပ်ကြီး ခ နောင်တိုမှာ အကောင်အထည် ဖော်မယ့် စီမံကိန်းဟာ ဧက ၃၀,ဝဝဝ ကျော် ကျယ်ဝန်းမှာဖြစ် ပြီး အိမ်ရာစီမံကိန်း၊ မြစ်ကူးတံတားတွေ၊ စီးပွားရေးဇုန်တွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ အ ခုလ ၁၅ ရက်ကနေ ၁၈ ရက်အထိ ကမ္ဘာ့တရုတ်ကုန်သည်များ ညီ လာခံကို နိုင်ငံပေါင်း ၁၅နိုင်ငံက တရုတ်ကုန်သည် ၂၀ဝဝကျော် တက်ရောက်မှာဖြစ်ပြီး တရုတ်ပြည်မကြီးက ကုန်သည် ၈၀ဝ ကျော်နဲ့ အခြားနိုင်ငံတွေက တရုတ်ကုန်သည် ၈၀ဝ ကျော်၊ မြန် မာနိုင်ငံက တရုတ်ကုန်သည်တွေနဲ့ အသင်းအဖွဲ့ဝင်ပေါင်း ၄၀ဝ ကျော်တက်ရောက်မှာဖြစ်ပြီး မြို့ သစ်စီမံကိန်းသာမက တခြားကမ္ဘာနိုင်ငံတွေအတွက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စတွေကိုပါ ဆွေးနွေးကြမှာပါ။
အဲသည်ညီလာခံကတစ်ဆင့် နိုင်ငံအတွင်းကို ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာနိုင်ကြောင်း ညီလာခံကျင်းပရေး ကော်မတီက သိရပါတယ်။
“တရုတ်ပြည်က မြန်မာမှာ ရင်းနှီးမြှုပ်နှံရင် စီမံကိန်းတွေများတယ်၊ မြစ်ဆုံလို စီမံကိန်းတွေ၊ စက္ကူလုပ်ငန်းတွေ၊ သတ္ထုလုပ်ငန်းတွေကို တရုတ်ပြည်က နိုင်ငံပိုင် လုပ်ငန်းတွေကပဲ ရင်းနှီးမြှုပ်နှံတာ များတယ်၊ အခုလုံးဝပြောင်းလဲ သွားပါပြီ၊တရုတ်ပြည်ရဲ့ နိုင်ငံပိုင် လုပ်ငန်းတွေက သိပ်မလုပ်ကြ တော့ဘူး ၊ များသောအားဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ပိုပြီးလှုပ်ရှားတယ်၊ နဂိုက ကူးသန်း ရောင်းဝယ်ရေးလောက်ပဲ လုပ်တဲ့ လုပ်ငန်းရှင်တွေကလဲ အခုကာလ ရှည် ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေမှာ ပိုပြီးဝင်လုပ်လာကြတယ်”လို့ မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်း အမြဲတမ်းဒုဥက္ကဋ္ဌဖြစ်သူ ဦးနီးက ပြောပါတယ်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပိုမိုရှင်းလင်းလာတာကြောင့်လည်း တရုတ်လုပ်ငန်းရှင်တွေ ပိုပြီး စိတ်ဝင်စားလာကြောင်း သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ