By Ra Wai, Shweproperty.com
Updated at 17 June 2022
ကော်ဖီသောက်တဲ့အခါ အနည်ထိုင်ကျန်ခဲ့တဲ့ ကော်ဖီအနည်တွေကို လွင့်ပစ်မိနေတယ်ဆိုရင်တော့ အခုပဲရပ်တန့်လိုက်ပါ။ ကော်ဖီအနည်တွေကို အိမ်အတွက် အကျိုးရှိရှိပြန်လည်အသုံးကျလို့ရပါတယ်။ အောက်မှာဖော်ပြထားတဲ့ ကော်ဖီအနည်ရဲ့အသုံးဝင်ပုံလေးတွေကို ဖတ်ကြည့်လိုက်ပါ။ (၁) အိုးခွက်များတိုက်ချွတ်ဆေးကြောနိုင်ခြင်း ကော်ဖီအနည်၏ အာနိသင်သည် တိုက်ချွတ်ရခက်သော အိုးခွက်များကို ပြောင်လက်သွားအောင် ဆေးကြော သန့်စင် ပေးနိုင်ပါတယ်။ မီးဖိုချောင်သုံးပစ္စည်း ဇွန်း စသည်တို့ တိုက်ချွတ်ဆေးကြောရာတွင်လည်း ကောင်းကောင်းကြီး အသုံးပြုနိုင်ပါတယ်။ (၂) ပန်းများ ကြာရှည်ခံအောင် ပြုလုပ်နိုင်တယ် ပန်းများ ကြာရှည်ခံ လန်းဆန်းစေချင်လျှင် ကော်ဖီနှင့်ရေ ရောဖျော်ပြီး ပန်းများအပေါ် လောင်းချလိုက်ပါ။ နှပ်ကော်ဖီထဲတွင် နိုက်ထရိုဂျင်၊ မဂ္ဂနင်စီယံ နှင့် ပိုတက်စီယံ ဓာတ်တွေပါသောကြောင့် အပင်များလန်းဆန်းဖို့ စွမ်းအင်မြှင့်ပေးပါလိမ့်မယ်။ အပြင်းစား ကော်ဖီ ကိုတော့ အပင်ပေါ် လောင်းမချလိုက်ပါနဲ့ အက်ဆစ်ဓာတ် အလွန်များပါတယ်။ (၃) အင်းဆက်ပိုးမွှားများအန္တရာယ်မှကာကွယ်ပေးခြင်း ကော်ဖီတွင် အင်းစက်ပိုးမွှားများကိုသေစေနိုင်သော ကဖင်းဓာတ်နှင့် Diterpens ဓာတ်တွေပါဝင်ပါသောကြောင့် ခြင်၊ ယင်၊ ပိုးကောင်မာနှင့် အခြားပိုးမွှား ရန်မှကာကွယ် နိုင်ရန် ထိုင်နေသည့်အနီးအနားပတ်ဝန်းကျင် တွင် ကော်ဖီ အနည်များ ဖြန်းထားခြင်းဖြင့် ရိုးရှင်းစွာအသုံးပြုနိုင်ပါတယ်။ အပင်များကို အပင်စားပိုးမွှားများဖြစ်သော ခရု၊ ပက်ကျိ ကဲ့သို့ အင်းစက်ပိုးများရန်မှ ကာကွယ်ရန် ပင်စည် (သို့) ရိုးတံ ပတ်လည်တွင် ကော်ဖီအနည်များ ဖြန်းထားနိုင်ပါတယ်။ (၄) အသားများနူးအောင်နှပ်ရာတွင်အသုံးပြုနိုင်ခြင်း ကော်ဖီတွင်ပါသော အက်ဆစ်ဓာတ်သည် အနံ့အရသာထက် အသားများ နူးညံ့နေအောင် နှပ်ခြင်းတွင် ပိုမို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ကော်ဖီအနည်များကို မချက်ပြုတ်မှီ အသားများပေါ်တွင် (၂) နာရီကြာ ခြောက်သွေ့အောင် သုတ်လိမ်းထားပြီး ချက်လိုက်မယ်ဆိုရင် ဖုံးကွယ်ထားသော ကြွတ်ရွလတ်ဆတ်သည့် အရသာကို ရရှိပါလိမ့်မယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ မိုးရွာချိန်တွင်သတိထားရမည့် အန္တရာယ် ၅ မျိုး ဖန်ခွက်နဲ့ ရေရှိရုံဖြင့် အိမ်ထဲမှာ အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ ပန်းပင်၊ စားပင် (၅) မျိုး မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေကို လျော့ချပေးနိုင်တဲ့ အိမ်မှုကိစ္စများ မိုးတွင်းမှာ အဝတ်အထည်တွေကို အနံ့ဆိုးကင်းစင်စေတဲ့ နည်းလမ်းများ Credit By : Kwee Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ