By Pyae Phyo Myint Mon, Shweproperty.com
Updated at 11 September 2015
အိမ်ခြံမြေဈေးကွက် အတွင်းကန်ထရိုက်တိုက် ငှားရမ်းမှုတွေမှာ နှစ်ချုပ်စပေါ်ပေးထက် တစ်လချင်းပေးငှား နေတာတွေသာ များပြားနေတယ်လို့ အခန်းပိုင်ရှင် တချို့ဆီက သိရပါသည်။
"လချင်းပေးနဲ့ ငှားရတာက အခန်းကျဉ်းဒါဘာ အခန်းတွေများတယ်၊ ဒီလိုအခန်းတွေမှာကျတော့ လူနည်းနည်းနဲ့ လူူငယ်ပိုင်းလောက်ပဲနေတော့ လချုပ်ထက် တစ်လချင်းပေးပဲ တတ်နိုင်ကြတယ်"လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ အခန်းငှားထားတဲ့ အိမ်ရှင်မသီတာက ပြောပါတယ်။
သည်လိုအခန်းတွေရဲ့ ငှားရမ်းခက အနည်းဆုံး ကျပ် (၈၀,၀၀၀) လောက်ကနေ အများဆုံးကျပ် တစ်သိန်းခွဲလောက်အထိ ရှိနေပါတယ်။ အခန်းအကျယ်အဝန်းတွေကတော့ ၁၂ ပေခွဲ × ပေ ၃၀ အခန်းတွေများတယ်။ အပေါ်ဆုံးထပ် ဒါဘာက လေးထပ်ခွဲနဲ့ သုံးထပ်ခွဲ အခန်းတွေ ဖြစ်ပါတယ်။
အရင်ကသည်လိုဈေးကွက်က အိမ်ငှားခမြင့်မားတဲ့ ကျပ်သိန်းဆယ်ဂဏန်း တိုက်တွေမှာသာ အဖြစ်များပေမယ့် အခုနောက်ပိုင်းမှာတော့ ကန်ထရိုက်တိုက်တွေနဲ့ အတွင်းဘက်ကျတဲ့ တိုက်ခန်းကျဉ်းတွေမှာ အဝင်များတယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ်အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ်ပိုင်း ကျဆင်းလာတာနဲ့ အမျှ အငှားပိုင်းမှာလဲ စီးပွားရေးလုပ်ကိုင်နိုင်တဲ့နေရာနဲ့ လူကြိုက်များတဲ့နေရာတွေမှာ အငှားဖြစ်တယ်။
မြို့တွင်းနဲ့ဆက်စပ်မြို့နယ်တွေရဲ့ ကျပ်တစ်သိန်းဝင်းကျင် တိုက်ခန်းတွေကို မိသားစုတစ်စုချင်း ငှားရမ်းတာတွေ ရှိတယ်။ ကျပ်နှစ်သိန်းနဲ့အထက် တိုက်ခန်းတွေကိုတော့ အိမ်ငှားချင်းစုပြီးတော့ မိသားစုနှစ်စုလောက် စပ်နေထိုင်တာ တွေရှိပါတယ်။ ကန်ထရိုက်တိုက်ခန်းတွေရဲ့ ဈေးကွက်ဟာ ပုံမှန်ဆင်ခြေဖုံးမြို့နယ်က လုံးချင်းအိမ်ဈေးတွေထက် သက်သာတာကြောင့် မိသားစုနည်းသူတွေ အဓိက ငှားရမ်းကြတယ်လို့ သိရပါတယ်။
"ကို့အခန်းကို မိသားစုအများကြီး ငှားတာထက် မိသားစုနည်းနည်းနဲ့ ပုံမှန်ဝင်ငွေရတာကို ပိုကြိုက်တယ်၊ တချို့ကျတော့ ဈေးကိုပုံမှန်ထက်ပိုပြီး လူပိုတင်တော့ အခန်းပျက်ဆီးတယ်"လို့ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ အခန်းပိုင်ရှင် မဝင်းမာက ပြောပါတယ်။
ဒါဘာအခန်းအငှားဈေးကွက် များပြားတဲ့ မြို့နယ်တွေကတော့ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ ဒေါပုံ၊ သုဝဏ္ဏ၊ သာကေတစတဲ့ မြို့နယ်တွေပဲ ဖြစ်ပါတယ်။
Ref : Pyae Phyo Myint Mon (Shweproeprty.com)
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ